ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၈/၁၅ စာ. ၃၂
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောလ မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ဣသရေလနိုင်ငံရဲ့ နောက်ဆုံးမင်းကောင်းအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၈/၁၅ စာ. ၃၂
ဘုရင်ယောရှိက သူ့ရဲ့ဝတ်လုံကို ဆုတ်ဖြဲနေ

သင် သိပါသလား

ရှေးတုန်းကလူတွေ ဘာကြောင့် တစ်ခါတလေ သူတို့ရဲ့အဝတ်ကို ဆုတ်ဖြဲကြတာလဲ။

လူတွေ သူတို့ဝတ်ထားတဲ့အဝတ်ကို အကြောင်းအမျိုးမျိုးကြောင့် ဆုတ်ဖြဲကြတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီတုန်းကလူတွေဟာ သူတို့ဝတ်ထားတဲ့အဝတ်ကို တမင်တကာ ဆုတ်ဖြဲတယ်လို့ အခုခေတ်လူတွေ ကျမ်းစာထဲမှာဖတ်ရတဲ့အခါ ထူးဆန်းတယ်လို့ ထင်ကြမှာပဲ။ ဒါပေမဲ့ ဒါက ရှေးခေတ်ဂျူးတွေ လုပ်နေကျဖြစ်တယ်။ သူတို့တွေက အရှက်ရတာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာစတဲ့ ပြင်းထန်တဲ့စိတ်ခံစားချက်တွေကို ဖော်ပြဖို့ သူတို့ဝတ်ထားတဲ့ အဝတ်တွေကို ဆုတ်ဖြဲကြတယ်။

ဥပမာ၊ ရုဗင်က သူ့ ညီအစ်ကိုတွေ ယောသပ်ကို ကျွန်အဖြစ်ရောင်းလိုက်တယ်ဆိုတာ သိသွားတဲ့အခါ ထိတ်လန့်သွားပြီး “မိမိအဝတ်ကို ဆွဲဆုတ်” ခဲ့တယ်။ သူတို့ရဲ့အဖေယာကုပ်လည်း သူ့သားယောသပ်ကို သားရဲတိရိစ္ဆာန်တစ်ကောင် ကိုက်သတ်လိုက်ပြီလို့ ကြားတဲ့အခါ “မိမိအဝတ်ကို ဆွဲဆုတ်” ခဲ့တယ်။ (က. ၃၇:၁၈-၃၅) ယောဘဟာ သူ့သားသမီးတွေအားလုံး သေကုန်ပြီလို့ ကြားတဲ့အခါ “မိမိဝတ်လုံကို ဆုတ်” ဖြဲခဲ့တယ်။ (ယောဘ ၁:၁၈-၂၀) အစ္စရေးတွေ စစ်ရှုံးသွားပြီ၊ ဧလိသားနှစ်ယောက် အသတ်ခံရပြီး ပဋိညာဉ်သေတ္တာ ရန်သူတွေလက်ထဲပါသွားပြီဆိုတဲ့အကြောင်း ယဇ်ပုရောဟိတ်မင်းကြီး ဧလိဆီကို သတင်းဆိုး လာပြောတဲ့စေတမန်ဟာ သူ့ရဲ့ဝတ်လုံကို ဆုတ်ဖြဲခဲ့တယ်။ (၁ ရာ. ၄:၁၂-၁၇) စာရေးက ယောရှိကို ပညတ်ကျမ်းဖတ်ပြတဲ့အခါ အစ္စရေးလူတွေ ယေဟောဝါကို ပြစ်မှားပြီဆိုတာသိလို့ ယောရှိက “မိမိအဝတ်ကို ဆုတ်” ခဲ့တယ်။—၄ ရာ. ၂၂:၈-၁၃။

ယေရှုကို စစ်ဆေးမေးမြန်းချိန်မှာ ယဇ်ပုရောဟိတ်မင်း ကယာဖက ယေရှုဟာ ဘုရားသခင်ကို စော်ကားတယ်လို့ စွပ်စွဲပြီး “မိမိအဝတ်များကို ဆွဲဆုတ်” ခဲ့တယ်။ (မ. ၂၆:၅၉-၆၆) ဘုရားသခင့်နာမည်ကို သုံးတာက ဘုရားသခင်ကိုစော်ကားတာလို့ ဂျူးဘာသာရေးခေါင်းဆောင်တွေ သင်ပေးခဲ့တယ်။ ဒါကြောင့် တစ်ယောက်ယောက်က ဘုရားသခင့်နာမည်ကို အသံထွက်ခေါ်တာကို ကြားတယ်ဆိုရင် ကိုယ်ဝတ်ထားတဲ့အဝတ်တွေကို ဆွဲဆုတ်ရမယ်လို့ အမိန့်ထုတ်ထားတယ်။ ဒါပေမဲ့ ဂျေရုဆလင်ဗိမာန်တော် ပျက်စီးပြီးနောက်ပိုင်းမှာ အဲဒီလိုလုပ်ဖို့ မလိုတော့ဘူးလို့ တချို့ဘာသာရေးခေါင်းဆောင်တွေက ယူဆခဲ့ကြတယ်။ တစ်ယောက်ယောက်က ဘုရားသခင်ရဲ့နာမည် အသံထွက်ခေါ်တာကို ကြားရတဲ့အခါတိုင်းသာ ကိုယ့်ရဲ့အဝတ်ကို ဆွဲဆုတ်ရမယ်ဆိုရင် အဝတ်တွေအားလုံး ပျက်စီးကုန်မယ်လို့ သူတို့ သုံးသပ်ခဲ့ကြတယ်။

ဂျူးများစွာက ထုံးစံကြောင့် ဒါမှမဟုတ် သူတို့ကိုယ်သူတို့ ဖြောင့်မတ်တယ်လို့ ဖော်ပြချင်တာကြောင့် သူတို့ရဲ့အဝတ်ကို ဆွဲဆုတ်ခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ လူတစ်ယောက် ဘယ်လိုခံစားရသလဲ၊ တကယ်နောင်တရသလားဆိုတဲ့ စိတ်ခံစားချက်ကိုပဲ အဓိကထားတယ်။ ဒါကြောင့် ယေဟောဝါက သူ့ရဲ့လူတွေကို “အဝတ်ကိုမဆုတ်ဘဲ နှလုံးကိုဆုတ်လျက်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့” လို့ ပြောခဲ့တယ်။—ယောလ ၂:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ