ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၁၇
  • ရေကြီးမှုကြောင့် သတင်းကောင်း ပျံ့နှံ့သွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရေကြီးမှုကြောင့် သတင်းကောင်း ပျံ့နှံ့သွား
  • တွေ့ကြုံမှုများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်းတစ်ကျွန်းမှာ သင်္ဘောပျက်ခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • မည်သည့်မုန်တိုင်းကမျှ မဖျက်ဆီးနိုင်သောအရာ
    နိုးလော့!—၂၀၀၄
  • တပည့်ဖြစ်စေခြင်းလုပ်ငန်းကို နှစ်သက်ရသည့်အကြောင်းရင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • “နိုင်ငံတော်မျှော်လင့်ချက်က အိပ်မက်မဟုတ်ဘူး”
    ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၁၇
ရေဘေးသင့် ရွာသားတစ်ဦးကို “သဘာဝဘေး ကျရောက်တဲ့အခါ အသက်ချမ်းသာရာ ရနိုင်တဲ့ နည်းများ” ဆိုတဲ့ ‘နိုးလော့!’ မဂ္ဂဇင်း ပေးနေစဉ်။

ရေကြီးမှုကြောင့် သတင်းကောင်း ပျံ့နှံ့သွား

၂၀၁၇ ခုနှစ်မှာ သက်သေခံ ၁၂ ယောက်ဟာ နီကာရာဂွါနိုင်ငံ၊ မော်စကီတို (မစ္စကီတို) ကမ်းရိုးတန်းဒေသကနေ စက်လှေနဲ့ ခရီးထွက်လာကြတယ်။ သူတို့ရဲ့ စက်လှေနာမည်က စတူရီ ယမ်နီ ပါ။ “ရပ်ဝေး အုပ်စုငယ်လေးကို သွားအားပေးမလို့ပါ။ သူတို့ရပ်ကွက်က ကျယ်တော့ သတင်းကောင်း ကူဟောပေးမလို့ သွားကြတာ” လို့ အဖွဲ့ထဲက စတီဗင် ပြောတယ်။

သက်သေခံ ၁၂ ယောက် အုပ်စုဟာ ပုလဲကမ်းခြေကနေ ရီရို ဂရန်ဒေဒီ မတာဂဲလ်ပါ မြစ်ညာဆီ ၁၂၅ မိုင် (ကီလိုမီတာ ၂၀၀) ခရီးနှင်ခဲ့ကြတယ်။ စက်လှေနာမည်က မစ္စကီတိုဘာသာစကားနဲ့ “သတင်းကောင်း” လို့ အဓိပ္ပာယ် ရတယ်။ ဒီနာမည်ဟာ မြစ်ကြောင်းတစ်လျှောက်မှာ နေထိုင်သူတွေအတွက် အထူးအဓိပ္ပာယ် ရှိလာမယ်ဆိုတာ သက်သေခံတွေ မသိခဲ့ကြဘူး။ ညအိပ်ရပ်နားချိန် မပါဘဲ ၁၂ နာရီလောက် ခရီးနှင်ပြီးနောက် ခရီးဆုံး လာခရူဇ် ဒါရီရို ဂရန်ဒေကို ရောက်လာကြတယ်။ နယ်ခံသက်သေခံ ခြောက်ယောက်က ညီအစ်ကို/မတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။

ညရောက်တော့ မုန်တိုင်းကြောင့် ရီရို ဂရန်ဒေဒီ မတာဂဲလ်ပါ မြစ်ဖျားပိုင်းမှာ အကြီးအကျယ် မိုးရွာတယ်။ နာရီပိုင်းအတွင်းမှာပဲ မြစ်ရေတက်လာတယ်၊ နှစ်ရက်ဆက်တိုက် ရေကြီးတယ်။ လာခရူဇ်က ဝတ်ပြုရာခန်းမရော၊ အိမ်တွေပါ ရေမြုပ်ကုန်တယ်။ နယ်ခံတွေ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းတာကို ဧည့်သည်ညီအစ်ကိုတွေ ဝိုင်းကူကြတယ်။ အများစုက သက်သေခံတစ်ယောက်ရဲ့ နှစ်ထပ်အိမ်မှာ နှစ်ည တည်းခိုကြတယ်။

လာခရူဇ်က ဝတ်ပြုရာခန်းမ။ အဆောက်အအုံတစ်ပိုင်း ရေမြုပ်နေ။ ခန်းမခြံစည်းရိုး ရေမြုပ်ခါနီးဖြစ်နေ။

လာခရူဇ်က ရေမြုပ်နေတဲ့ ဝတ်ပြုရာခန်းမ

တတိယညမှာ လာခရူဇ် မြို့တော်ဝန်က ဧည့်သည် သက်သေခံတွေဆီ အကူအညီ လာတောင်းတယ်။ စတူရီ ယမ်နီ စက်လှေဟာ ရေကြီးနေတဲ့ မြစ်ကြောင်းတစ်လျှောက် မောင်းနှင်ဖို့ အသင့်တော်ဆုံး ဖြစ်နေလို့ ကယ်ဆယ်ရေးအဖွဲ့ကို မြစ်အောက်ပိုင်း ရေဘေးသင့်နေရာတွေဆီ ခေါ်သွားပေးစေချင်နေတာ။ သက်သေခံတွေလည်း ဝမ်းသာအားရ ကူညီပေးကြတယ်။

နောက်နေ့မနက်မှာ သက်သေခံ သုံးယောက်က ကယ်ဆယ်ရေးအဖွဲ့နဲ့ ထွက်လာကြတယ်။ “မြစ်ရေ တော်တော်ထန်နေတာ။ ဝဲကတော့ကြီးတွေ ဖြစ်ပေါ်နေပြီး အမြစ်ကျွတ်ထွက်လာတဲ့ သစ်ပင်ကြီးတွေ မျောနေတယ်။ ၁ နာရီကို ၁၁ မိုင်နှုန်း ရေစီးနေတယ်” လို့ စတီဗင် ပြန်ပြောပြတယ်။ ဒီလိုအခက်အခဲတွေ ကြားကနေ စက်လှေက ရေဘေးသင့် ရွာ ၃ ရွာကို ခရီးပေါက်နိုင်ခဲ့တယ်။

သက်သေခံ သုံးယောက်လည်း ရွာသားတွေ သိပ်လိုအပ်နေတဲ့ နှစ်သိမ့်မှုကို ပေးခွင့်ရခဲ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ “သဘာဝဘေး ကျရောက်တဲ့အခါ အသက်ချမ်းသာရာ ရနိုင်တဲ့ နည်းများ” ဆိုတဲ့ ၂၀၁၇ ခုနှစ်ထုတ် နိုးလော့! စာစောင်တွေကို ဝေငှဖြစ်ကြတယ်။

သက်သေခံတွေက ကျမ်းစာကနေ နှစ်သိမ့်ပေးရုံမက လက်တွေ့ကျကျ ကူညီပေးတဲ့အတွက် မြစ်ကြောင်းတစ်လျှောက် နေထိုင်သူတွေ သိပ်ကျေးဇူးတင်ကြတယ်။ “ဒုက္ခရောက်နေချိန်မှာ စိတ်ရင်းနဲ့ ကူညီပေးကြတာ” လို့ ရွာသားတစ်ယောက် ပြောတယ်။ “လူလူချင်းကို တကယ်ချစ်တဲ့သူတွေပဲ” လို့ မှတ်ချက်ပြုသူတွေလည်း ရှိတယ်။ ဝတ်ပြုသူချင်းကိုရော တခြားသူတွေကိုပါ သက်သေခံတွေ ကူညီပေးတာကို ကြည့်ပြီး ရွာသူရွာသားများစွာ နှစ်သိမ့်မှုပေးတဲ့ ကျမ်းစာသတင်းစကားကို နားထောင်ချင်စိတ် ရှိလာကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ