ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၁၁
  • သင့် ဆယ်ကျော်သက်ကလေးကို ယုံကြည်စိတ်ချလို့ မရတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့် ဆယ်ကျော်သက်ကလေးကို ယုံကြည်စိတ်ချလို့ မရတဲ့အခါ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငါ့ရဲ့ ဆယ်ကျော်သက်ကလေးက ပုန်ကန်သူလား
  • ငါ့ရဲ့ ဆယ်ကျော်သက်ကလေးက လှည့်စားနေတာလား
  • ဘယ်သူ့ကို အပြစ်တင်ရမလဲ
  • ငါ့ရဲ့ ယုံကြည်မှုကို ပြန်ရဖို့ ငါ့ရဲ့ ဆယ်ကျော်သက်ကလေးကို ဘယ်လို ကူညီပေးနိုင်သလဲ
  • ဆယ်ကျော်သက်တွေအတွက် စည်းကမ်းသတ်မှတ်နိုင်ပုံ
    နိုးလော့!—၂၀၁၃
  • သင့်ရဲ့ဆယ်ကျော်သက်ကလေးနဲ့ အငြင်းမပွားဘဲ စကားပြောပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သင့်ဆယ်ကျော်သက်ကလေးနဲ့ ပြောဆိုဆက်သွယ်နိုင်ပုံ
    နိုးလော့!—၂၀၁၃
  • ဆယ်ကျော်သက် ကလေးကို ဆုံးမပဲ့ပြင်နိုင်ပုံ
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၁၁
ဆယ်ကျော်သက်သားကို စိတ်ပျက်နေတဲ့ ဖခင်နဲ့ မိခင်။

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

သင့် ဆယ်ကျော်သက်ကလေးကို ယုံကြည်စိတ်ချလို့ မရတဲ့အခါ

တချို့ကလေးတွေဟာ သတ်မှတ်ထားတဲ့ အိမ်ပြန်ချိန်အတိုင်း အိမ်မပြန်ကြဘူး။ တချို့က မိဘတွေကို လိမ်ညာတယ်။ အိမ်ကနေ တိတ်တိတ်လေး ခိုးထွက်ပြီး သူငယ်ချင်းတွေဆီ သွားကြတယ်။ သင့်ကလေးတွေကို ယုံကြည်စိတ်ချလို့မရတဲ့အခါ ဘာလုပ်နိုင်သလဲ။

  • ငါ့ရဲ့ ဆယ်ကျော်သက်ကလေးက ပုန်ကန်သူလား

  • ငါ့ရဲ့ ဆယ်ကျော်သက်ကလေးက လှည့်စားနေတာလား

  • ဘယ်သူ့ကို အပြစ်တင်ရမလဲ

  • ငါ့ရဲ့ ယုံကြည်မှုကို ပြန်ရဖို့ ငါ့ရဲ့ ဆယ်ကျော်သက်ကလေးကို ဘယ်လို ကူညီပေးနိုင်သလဲ

  • မိဘတွေ အဆို

ငါ့ရဲ့ ဆယ်ကျော်သက်ကလေးက ပုန်ကန်သူလား

မဟုတ်ပါဘူး။ “ကလေးရဲ့စိတ်ထဲမှာ မိုက်မဲမှုဟာ အမြစ်တွယ်နေတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ အဲဒီအဆို မှန်တယ်ဆိုတာကို ဆယ်ကျော်သက်ကလေးတွေ ဖော်ပြလေ့ရှိတယ်။ (ပညာအလိမ္မာ ၂၂:၁၅) “ကြီးကောင်ဝင်လာတဲ့ ကလေးတွေဟာ မိုက်မဲတဲ့ဆုံးဖြတ်ချက်တချို့ကို အလျင်စလို ချတတ်ကြတယ်။ အမှားတချို့ကို မျှော်လင့်ထားပါ” လို့ ဒေါက်တာ လောရန့်စ် စတင်းဘတ်ဂ် ပြောတယ်။a

ငါ့ရဲ့ ဆယ်ကျော်သက်ကလေးက လှည့်စားနေတာလား

သင့်ကလေးက သင့်စကားကို နားမထောင်ဖို့ တမင်ကြံရွယ်ထားတယ်လို့ မယူဆပါနဲ့။ ဆယ်ကျော်သက်ကလေးတွေဟာ တစ်မျိုးတစ်မည် ပြုမူနေတာမှန်ပေမဲ့ မိဘတွေ သူတို့အပေါ် ဘယ်လို သဘောထားသလဲဆိုတာကို တကယ်အလေးထားတယ်လို့ ပညာရှင်တွေ ပြောတယ်။ ဆယ်ကျော်သက်ကလေးတွေဟာ အဲဒါကို မဖော်ပြပေမဲ့ သူတို့ လုပ်မိတဲ့အရာအတွက်၊ မိဘတွေကို စိတ်ပျက်မိစေတဲ့အတွက် စိတ်မကောင်း ဖြစ်နေနိုင်တယ်။

ရုပ်ပုံများ– ၁။ ခြေထောက်ရိုး ကျိုးနေတဲ့ ဓာတ်မှန်ပုံ။ ၂။ ကျောက်ပတ်တီးစည်းထားတဲ့ ခြေထောက်။ ၃။ ပြန်ကောင်းသွားတဲ့ ခြေထောက်နဲ့ လမ်းလျှောက်နေစဉ်။

ကျိုးသွားတဲ့ အရိုးတစ်ချောင်း ပြန်ကောင်းသွားရင် နဂိုလိုပဲ သန်မာတယ်။ ယုံကြည်စိတ်ချမှု ချိုးဖောက်ခံရရင်လည်း အဲဒီလိုပါပဲ

ဘယ်သူ့ကို အပြစ်တင်ရမလဲ

  • ပတ်ဝန်းကျင်ကိုလား။ “မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့အကျင့်ကို ပျက်စီးစေတတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ ကောရိန္သု ၁၅:၃၃) သူငယ်ချင်းတွေက ဆယ်ကျော်သက်တွေအပေါ် တကယ် ဩဇာလွှမ်းမိုးနိုင်တာ မှန်ပါတယ်။ အဲဒီအပြင် လူမှုမီဒီယာနဲ့ ကြော်ငြာတွေကလည်း ရှိသေးတယ်။ အဲဒါတွေ ထပ်ဆင့်လိုက်တဲ့အခါ ဘဝအတွေ့အကြုံ မရှိတဲ့ ဆယ်ကျော်သက်တွေ ဘာကြောင့် ပညာမဲ့တဲ့ ဆုံးဖြတ်ချက်တွေ ချသလဲဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို လက်ခံတတ်ဖို့ သင်ယူရမှာဖြစ်တယ်။ ဒါမှ သူတို့ ရင့်ကျက်လာပြီး ယုံကြည်စိတ်ချထိုက်တဲ့ လူကြီးတွေ ဖြစ်လာမယ်။

  • ငါ့အပြစ်လား။ သင်က စည်းကမ်းတင်းကျပ်လိုက်လို့ သင့်ဆယ်ကျော်သက်ကလေးက ဆိုးသွားရင်ကော။ ဒါမှမဟုတ် အလိုလိုက်ထားလို့ သိပ်လွတ်လပ်နေရင်ကောလို့ တွေးမိနိုင်တယ်။ သင့်ဘက်က မှားသွားမှာကိုပဲ စိုးရိမ်နေမယ့်အစား သင် ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားပါ။

ငါ့ရဲ့ ယုံကြည်မှုကို ပြန်ရဖို့ ငါ့ရဲ့ ဆယ်ကျော်သက်ကလေးကို ဘယ်လို ကူညီပေးနိုင်သလဲ

  • သင့်ရဲ့ တုံ့ပြန်ပုံကို ထိန်းချုပ်ပါ။ သင် ဒေါသထွက်မယ်လို့ သင့်ဆယ်ကျော်သက်ကလေး မျှော်လင့်နေနိုင်တယ်။ ဒေါသကို ထိန်းချုပ်ပါ။ စိတ်အေးအေးထားပြီး ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းကို သင့်ကလေးနဲ့ ဆွေးနွေးပါ။ သိချင်လို့လား။ ငြီးငွေ့လာလို့လား။ အထီးကျန်လို့လား။ သူငယ်ချင်းတွေကို ကြောက်လို့လား။ အဲဒါတွေက မှန်ကန်တဲ့အကြောင်းပြချက်တွေ မဟုတ်ပေမဲ့ ဘာကြောင့် ပြဿနာ ဖြစ်သလဲဆိုတာ နားလည်စေတယ်။

    ကျမ်းစာမူ– “နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး။”—ယာကုပ် ၁:၁၉။

  • ဖြစ်ပျက်ခဲ့တာတွေကို ဆင်ခြင်သုံးသပ်တတ်ဖို့ သင့်ကလေးကို ကူညီပေးပါ။ ဒီကနေ ဘာ သင်ခန်းစာ ရလိုက်သလဲ။ နောက်တစ်ခါ ဒီလိုကြုံရရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတွေ ကလေးကို မေးပါ။ ဒီမေးခွန်းတွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချတတ်အောင် သင့်ကလေးကိူ ကူညီပေးနိုင်တယ်။

    ကျမ်းစာမူ– “အစွမ်းကုန် စိတ်ရှည်ပြီး၊ သွန်သင်ခြင်းနည်းပညာ သုံးပြီး ပဲ့ပြင်ပေးပါ၊ ပြစ်တင်ဆုံးမပါ၊ တိုက်တွန်းနှိုးဆော်ပါ။”—၂ တိမောသေ ၄:၂။

  • အကျိုးဆက်တွေ ရှိတယ်ဆိုတာ သိအောင် ကူညီပေးပါ။ မိဘတွေထုတ်ထားတဲ့ စည်းကမ်းကို ပြန်ပြောပြပါ။ အဲဒါက ကိုယ့်အမှားကို သိအောင် ဆယ်ကျော်သက်ကလေးကို ကူညီပေးတယ်။ ဥပမာ၊ သင့်ဆယ်ကျော်သက်ကလေးက သူငယ်ချင်းတွေနဲ့ ကျောင်းပြေးတယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိ သူငယ်ချင်းတွေနဲ့ မတွေ့ဖို့ ကန့်သတ်နိုင်တယ်။

    ကျမ်းစာမူ– “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။”—ဂလာတိ ၆:၇။

  • ယုံကြည်စိတ်ချမှု ပြန်ရအောင် ဘယ်လိုလုပ်မလဲဆိုတာ အာရုံစိုက်ပါ။ အချိန်ယူဖို့တော့ လိုတယ်။ ဒါပေမဲ့ အချိန်ယူရင် ယုံကြည်စိတ်ချမှု ပြန်ရအောင် လုပ်နိုင်တယ်ဆိုတာ သင့်ဆယ်ကျော်သက်ကလေး သိထားသင့်တယ်။ သင့်ရဲ့ ယုံကြည်စိတ်ချမှုကို ပြန်ရနိုင်တယ်ဆိုတာ ကလေးသိထားမှန်း သေချာစေပါ။ သင့်ရဲ့ ယုံကြည်စိတ်ချမှုကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလို့ ကလေး ထင်နေရင် သူ ကြိုးစားတော့မှာ မဟုတ်ဘူး။

    ကျမ်းစာမူ– “သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။ အဲဒီလိုလုပ်ရင် သူတို့ စိတ်ပျက်သွားလိမ့်မယ်။”—ကောလောသဲ ၃:၂၁။

မီးလုံး။

အကြံပြုချက်– သင် အမှားလုပ်မိတဲ့အခါ၊ ဆုံးဖြတ်ချက် မှားသွားတဲ့အခါ သင့်ဆယ်ကျော်သက်ကလေးကို တောင်းပန်ခြင်းအားဖြင့် စံနမူနာကောင်း ပြပါ။

မိဘတွေ အဆို

ဂျိုးဇက်နဲ့ လီဆာ။

“မိဘတွေဟာ ယုံကြည်စိတ်ချမှုအကြောင်း ပြောပြီး ကိုယ်တိုင်က ယုံကြည်စိတ်ချလို့ မရသူဖြစ်မယ်ဆိုရင် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ မိဘတွေက ယုံကြည်စိတ်ချမှုနဲ့ပတ်သက်ပြီး ပုံသက်သေကောင်းပြရင် ကလေးတွေလည်း ယုံကြည်စိတ်ချထိုက်သူ ဖြစ်ချင်လာမယ်။ အဲဒီလိုဖြစ်တာကို ဂုဏ်ယူမယ်။”—ဂျိုးဇက်နဲ့ ဇနီး လီဆာ။

ကာရင်နဲ့ ဒန်နီရယ်။

“ကလေးတွေ ငယ်ငယ်လေးထဲက သူတို့နဲ့ ဆက်ဆံရေးကောင်း ရှိတယ်ဆိုရင် ကိုင်တွယ်ရခက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဆယ်ကျော်သက်ကလေးတွေကို လွတ်လပ်မှု တဖြည်းဖြည်း၊ တစ်ဆင့်ပြီးတစ်ဆင့် ပေးပြီး သူတို့မှာ ဘာလုပ်ခွင့် ရှိတယ်၊ ဘာလုပ်ခွင့် မရှိဘူးလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြထားရမယ်။ မိဘတွေက မိမိတို့ကို နားလည်တယ်၊ လွတ်လပ်မှု ပိုပေးနေတယ်ဆိုတာ ဆယ်ကျော်သက်ကလေးတွေ သိလာတဲ့အခါ မိဘတွေရဲ့ ယုံကြည်စိတ်ချမှုကို ချိုးဖျက်ဖို့ နည်းလာတယ်။”—ကာရင်နဲ့ ခင်ပွန်း ဒန်နီရယ်။

ပြန်လည်သုံးသပ်ချက်– သင့် ဆယ်ကျော်သက်ကလေးကို ယုံကြည်စိတ်ချလို့ မရတဲ့အခါ

  • သင့်ရဲ့ တုံ့ပြန်ပုံကို ထိန်းချုပ်ပါ။ စိတ်အေးအေးထားပြီး ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းကို သင့်ကလေးနဲ့ ဆွေးနွေးပါ။

  • ဖြစ်ပျက်ခဲ့တာတွေကို ဆင်ခြင်သုံးသပ်တတ်ဖို့ သင့်ကလေးကို ကူညီပေးပါ။ ဒီကနေ ဘာ သင်ခန်းစာ ရလိုက်သလဲ။ နောက်တစ်ခါ ဒီလိုကြုံရရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းတွေ မေးပါ။

  • အကျိုးဆက်တွေ ရှိတယ်ဆိုတာ သိအောင် ကူညီပေးပါ။ မိဘတွေထုတ်ထားတဲ့ စည်းကမ်းကို ပြန်ပြောပြပါ။ အဲဒါက ကိုယ့်အမှားကို သိအောင် ဆယ်ကျော်သက်ကလေးကို ကူညီပေးတယ်။

  • ယုံကြည်စိတ်ချမှု ပြန်ရအောင် ဘယ်လိုလုပ်မလဲဆိုတာ အာရုံစိုက်ပါ။ သင့်ရဲ့ ယုံကြည်စိတ်ချမှုကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလို့ ကလေး ထင်နေရင် သူ ကြိုးစားတော့မှာ မဟုတ်ဘူး။

a You and Your Adolescent စာအုပ်မှ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ