ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၀၁
  • အိမ်သင် ပညာရေးစနစ်ကနေ အကျိုးရအောင် ဘာလုပ်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်သင် ပညာရေးစနစ်ကနေ အကျိုးရအောင် ဘာလုပ်နိုင်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျိုးကျေးဇူးရနိုင်တဲ့ နည်းငါးနည်း
  • အာရုံစိုက်နိုင်အောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ
    လူငယ်များအမေး
  • အချိန်ကို ပညာရှိရှိ ငါဘယ်လိုအသုံးပြုနိုင်မလဲ
    နိုးလော့!—၂၀၀၉
  • အချိန်ကို ဘယ်လိုအကျိုးရှိရှိသုံးရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၀၁
ဆယ်ကျော်သက်တစ်ဦး အိမ်ပြတင်းပေါက်နားက စားပွဲမှာ လေ့လာသင်ယူနေစဉ်။

လူငယ်များအမေး

အိမ်သင် ပညာရေးစနစ်ကနေ အကျိုးရအောင် ဘာလုပ်နိုင်သလဲ

အခု ကျောင်းသူကျောင်းသား အတော်များများဟာ ကျောင်း “စာသင်ခန်း” ကို မသွားတော့ဘဲ ကိုယ့်နေအိမ်မှာ နေပြီး ပညာဆည်းပူးနေကြပါပြီ။ သင်လည်း သူတို့ထဲကတစ်ယောက် ဖြစ်မယ်ဆိုရင် ဘယ်လို အကောင်းဆုံး လုပ်နိုင်မလဲ။ အောက်ပါ အကြံပြုချက်တွေကို စမ်းကြည့်ပါ။a

  • အကျိုးကျေးဇူးရနိုင်တဲ့ နည်းငါးနည်း

  • ရွယ်တူတွေ အဆို

အကျိုးကျေးဇူးရနိုင်တဲ့ နည်းငါးနည်း

  • အချိန်ဇယားထားပါ။ ကျောင်းတက်နေရသလိုမျိုး အချိန်ဇယားအတိုင်း လိုက်ဖို့ ကြိုးစားပါ။ ကျောင်းစာ၊ အိမ်အလုပ်နဲ့ တခြားကိစ္စတွေအတွက် အချိန်သတ်မှတ်ထားပါ။ အချိန်ဇယားကို လိုအပ်သလို ပြောင်းနိုင်တယ်။

    ကျမ်းစာမူ။ “အရာရာကို . . . စည်းစနစ်တကျ လုပ်ဆောင်ကြပါ။”—၁ ကောရိန္သု ၁၄:၄၀။

    “ကျောင်းစာသင်ခန်းထဲ ရောက်နေတယ်လို့ သဘောထားပါ။ အချိန်မီအောင် လုပ်ပါ။”—ကေတီ။

    စဉ်းစားကြည့်ပါ– ဇယားကွက် ဆွဲပြီး မြင်သာတဲ့နေရာမှာ ထားတာ ဘာကြောင့် ကောင်းသလဲ။

  • ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပါ။ စိတ်မပါတဲ့အခါမျိုးမှာတောင် လုပ်စရာရှိတာကို ပြီးအောင် လုပ်ပါ။ အချိန်မဆွဲပါနဲ့။

    ကျမ်းစာမူ။ “လုံ့လဝီရိယရှိပါ။ အလုပ်မှာ ခိုကပ်ပြီး အချိန်ဖြုန်းမနေပါနဲ့။”—ရောမ ၁၂:၁၁၊ အောက်ခြေမှတ်ချက်။

    “ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့ အခက်ဆုံးပဲ။ ‘ခဏနေမှ လုပ်မယ်’ လို့ ပြောတာ လွယ်တယ်။ ခဏနေတော့လည်း မလုပ်ဖြစ်ဘူး။ အလုပ်ပုံလာတာပဲ ရှိတယ်။” —အလက်ဇန္ဒြာ။

    စဉ်းစားကြည့်ပါ–သတ်သတ်မှတ်မှတ် အချိန်နဲ့ နေရာမှာ ကျောင်းစာလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကြပ်မတ်နိုင်သလဲ။

  • စာလေ့လာနိုင်မယ့် ဝန်းကျင်တစ်ခု ဖန်တီးပါ။ လိုအပ်တဲ့ပစ္စည်းတွေ ကြိုတင် နေရာချထားပါ။ သက်သောင့်သက်သာ ရှိတဲ့ နေရာဖြစ်ပါစေ။ ဒါပေမဲ့ ဇိမ်ကျလွန်းတဲ့နေရာမျိုး မဖြစ်ပါစေနဲ့။ မှိန်းဖို့ မဟုတ်ဘဲ စာသင်ယူမှာ ဖြစ်လို့ပါ။ သီးသန့်နေရာတစ်ခု မရနိုင်ဘူးဆိုရင် မီးဖိုချောင်၊ ဒါမှမဟုတ် အိပ်ခန်းထဲမှာ နေရာတစ်ခု ပြင်ဆင်ပါ။

    ကျမ်းစာမူ။ “ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅။

    “ဘတ်စကက်ဘော၊ ဗီဒီယိုဂိမ်း၊ ဂစ်တာ စတာတွေကို ခပ်ဝေးဝေးမှာ ထားပါ၊ ဖုန်းပိတ်ထားပါ။ အာရုံပျံ့စရာတွေ မရှိတဲ့နေရာမျိုး ဖြစ်ရမယ်။”—အဲလိဇဘက်။

    စဉ်းစားကြည့်ပါ– စာလေ့လာမယ့်နေရာ သီးသန့်ဖြစ်အောင် ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုမလဲ။

  • အာရုံစိုက်တတ်အောင် လေ့ကျင့်ပါ။ သင်ယူနေတဲ့ အကြောင်းအရာကိုပဲ အာရုံစိုက်ပါ။ တခြားဟာတွေ လုပ်ရင်း သင်ယူမယ်ဆိုရင်တော့ အမှားလုပ်မိမယ်။ တော်တော်နဲ့ အလုပ်ပြီးမှာ မဟုတ်ဘူး။

    ကျမ်းစာမူ။ “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ဧဖက် ၅:၁၆။

    “ဖုန်းနားမှာနေရင် အာရုံစိုက်ဖို့ မလွယ်ဘူး။ အရည်မရ အဖတ်မရတွေနဲ့ အချိန်အလဟဿ ကုန်သွားတယ်။”—အော်လီဗီယာ။

    စဉ်းစားကြည့်ပါ– အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်နိုင်တဲ့အချိန်ကို တဖြည်းဖြည်း တိုးကြည့်နိုင်မလား။

  • ခဏတစ်ဖြုတ် နားပါ။ လမ်းထလျှောက်ပါ။ စက်ဘီးစီးပါ။ လေ့ကျင့်ခန်း လုပ်ပါ။ ကိုယ်ဝါသနာပါတာ လုပ်လိုက်တာက စိတ်တက်ကြွလန်းဆန်းစေနိုင်တယ်။ “ဒါပေမဲ့ အလုပ်ပြီးအောင် အရင် လုပ်ပါ။ အလုပ်ပြီးမှ အနားယူတာက စိတ်ပေါ့ပါးလန်းဆန်းစေတယ်” လို့ ကျောင်းရဲ့အစွမ်းဆိုတဲ့ စာအုပ်မှာ ဖော်ပြထားတယ်။

    ကျမ်းစာမူ။ “လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။”—ဒေသနာ ၄:၆။

    “ကျောင်းမှာဆိုရင် ဂီတတူရိယာ တီးခတ်နည်း ဒါမှမဟုတ် လက်မှုအနုပညာတစ်မျိုးမျိုး သင်ယူနိုင်တယ်။ အဲဒါတွေ မသင်ရတော့တဲ့အခါကျမှ တမ်းတနေမိတယ်။ စာသင်ယူရင်း ကိုယ်ဝါသနာပါတဲ့ အနုပညာတစ်မျိုးမျိုးကိုပါ သင်ထားတာ ကောင်းတယ်။”—တေလာ။

    စဉ်းစားကြည့်ပါ– ခဏတစ်ဖြုတ် နားချိန်လေးမှာ ဘာတွေလုပ်ရင် ကျောင်းစာ ပြန်လုပ်တဲ့အခါ စိတ်ကြည်လင်နေတတ်သလဲ။

a အိမ်ကနေ လေ့လာသင်ယူတဲ့နည်း အမျိုးမျိုး ရှိတယ်။ ကိုယ့်အခြေအနေနဲ့ သင့်တော်မယ့်နည်းကို သုံးပါ။

ရွယ်တူတွေ အဆို

ဂျေကပ်

“မကြာမကြာ ခဏတစ်ဖြုတ် နားပေးပါ။ အကြာကြီး ထိုင်ဖို့ မလွယ်ဘူး။ မကြာမကြာ ထပြီး ခဏတစ်ဖြုတ် နားတာက အာရုံစူးစိုက်အား ကောင်းစေတယ်။”—ဂျေကပ်။

ဂျူလီယာနာ

“ကိုယ့်ကိုယ်ကိုယ် မကြပ်မတ်ရင်တော့ ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒီနေ့ ဘာကို ပြီးအောင်လုပ်မယ်ဆိုတာ ပန်းတိုင်ထားပါ။ ဒါဆိုရင် မှန်းထားတဲ့အတိုင်း အပြီးလုပ်နိုင်ပါလိမ့်မယ်။”—ဂျူလီယာနာ။

ပြန်လည်သုံးသပ်ခြင်း- အိမ်သင် ပညာရေးစနစ်ကနေ အကျိုးခံစားနိုင်ပုံ

  • အချိန်ဇယား ထားပါ။ ဇယား မရှိသေးရင် ဇယားကွက် ဆွဲပြီး လိုက်နာပါ။

  • ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပါ။ စိတ်မပါတဲ့အခါမျိုးမှာတောင် လုပ်စရာရှိတာကို အချိန်မီ ပြီးအောင် လုပ်ပါ။

  • စာလေ့လာနိုင်မယ့် ဝန်းကျင်တစ်ခု ဖန်တီးပါ။ သက်သောင့်သက်သာ ရှိတဲ့ နေရာမှာ သင်ယူလေ့လာပါ။ ဒါပေမဲ့ ဇိမ်ကျလွန်းတဲ့နေရာမျိုး မဖြစ်ပါစေနဲ့။ အာရုံပျံ့လွင့်စေမယ့် ပစ္စည်းတွေကို ခပ်ဝေးဝေးမှာ ထားပါ။

  • အာရုံစိုက်တတ်အောင် လေ့ကျင့်ပါ။ သင်ယူနေတဲ့ အကြောင်းအရာကိုပဲ အာရုံစိုက်ပါ။ သင်ယူနေချိန်မှာ တခြားအလုပ် မလုပ်ပါနဲ့။

  • ခဏတစ်ဖြုတ် နားပါ။ ကိုယ်လက်လှုပ်ရှားမှု၊ ဝါသနာပါတာ တစ်ခုခု လုပ်လိုက်တာက လန်းဆန်းစေနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ