ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၀၉
  • ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁– နှစ်ခြင်းရဲ့ အဓိပ္ပာယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁– နှစ်ခြင်းရဲ့ အဓိပ္ပာယ်
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းဆိုတာ ဘာလဲ
  • ဆက်ကပ်အပ်နှံခြင်းဆိုတာ ဘာလဲ
  • နှစ်ခြင်းက ဘာကြောင့် အရေးကြီးသလဲ
  • လူငယ်တို့၊ နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၀၉
ယေဟောဝါသက်သေတွေရဲ့ ခရိုင်အစည်းအဝေးတစ်ခုမှာ လူငယ်တစ်ယောက် နှစ်ခြင်းခံနေစဉ်။

လူငယ်များအမေး

ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁– နှစ်ခြင်းရဲ့ အဓိပ္ပာယ်

ယေဟောဝါသက်သေ မိသားစုမှာ ကြီးပြင်းလာတဲ့ လူငယ်များစွာဟာ နှစ်စဉ် နှစ်ခြင်းခံနေကြတယ်။ သင်ကော နှစ်ခြင်းခံဖို့ စဉ်းစားနေသလား။ စဉ်းစားနေတယ်ဆိုရင် အရင်ဆုံး ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ အဓိပ္ပာယ်ကို သိဖို့ လိုတယ်။

  • နှစ်ခြင်းဆိုတာ ဘာလဲ

  • ဆက်ကပ်အပ်နှံခြင်းဆိုတာ ဘာလဲ

  • နှစ်ခြင်းက ဘာကြောင့် အရေးကြီးသလဲ

  • ရွယ်တူချင်းတွေ အဆို

  • လူအများ လက်ခံထားရာနဲ့ အဖြစ်မှန်

နှစ်ခြင်းဆိုတာ ဘာလဲ

ကျမ်းစာမှာ ဖော်ပြထားတဲ့ နှစ်ခြင်းဆိုတာ ရေထဲကို စုံးစုံး နှစ်မြှုပ်တာကို ဆိုလိုတယ်။ ရေနဲ့ ဖျန်းရုံပဲ မဟုတ်ဘူး။ နှစ်ခြင်းက အရေးကြီးတဲ့ အချက်တစ်ချက်ကို ပုံဆောင်တယ်။

  • နှစ်ခြင်းခံတဲ့အခါ ရေထဲ နစ်မြုပ်သွားတာက သင်ဟာ သင့်အကြိုက်အတိုင်း အသက်မရှင်တော့ဘူးလို့ လူတွေရှေ့မှာ ပြသလိုက်တာ ဖြစ်တယ်။

  • ရေထဲကနေ ပြန်ပေါ်လာတာက ဘုရား နှစ်သက်တာကိုပဲ လုပ်တော့မယ်ဆိုတဲ့ ဘဝပုံစံသစ်နဲ့ အသက်ရှင်နေထိုင်တော့မယ်လို့ ပြသလိုက်တာ ဖြစ်တယ်။

နှစ်ခြင်းခံတာက ယေဟောဝါမှာ အမှားအမှန်စံနှုန်း ချမှတ်ပိုင်ခွင့် ရှိတယ်ဆိုတာ အသိအမှတ်ပြုကြောင်း၊ ဘုရား လုပ်စေချင်တာကိုပဲ အမြဲ လုပ်တော့မယ်ဆိုတာ ကတိပြုကြောင်း အများသိအောင် ဖော်ပြလိုက်တာ ဖြစ်တယ်။

စဉ်းစားကြည့်ပါ။ ယေဟောဝါကို နာခံတဲ့ အသက်တာမျိုးနဲ့ပဲ အသက်ရှင်တော့မယ်လို့ ဘာကြောင့် လူအများ သိအောင် ဖော်ပြသင့်သလဲ။ ၁ ယောဟန် ၄:၁၉ နဲ့ ဗျာဒိတ် ၄:၁၁ ကို ဖတ်ပါ။

ဆက်ကပ်အပ်နှံခြင်းဆိုတာ ဘာလဲ

နှစ်ခြင်းမခံခင်မှာ သင့်ကိုသင် ယေဟောဝါဆီ သီးသန့် ဆက်ကပ်အပ်နှံ သင့်တယ်။ ဘယ်လိုနည်းနဲ့လဲ။

ဘယ်လို အခြေအနေမျိုးပဲ ပေါ်လာပါစေ၊ တခြားသူတွေ ဘာပဲ လုပ်ပါစေ သင်ကတော့ ဘုရားကို ထာဝစဉ် ဝတ်ပြုမယ်၊ ဘုရား လုပ်စေချင်တာကိုပဲ လုပ်မယ်လို့ ကိုယ်ပိုင်ဆုတောင်းချက်မှာ ယေဟောဝါကို ပြောပြတယ်။

နှစ်ခြင်းခံတာက ကိုယ့်ရဲ့ သီးသန့် ဆက်ကပ်အပ်နှံမှုကို လူအများ သိအောင် ဖော်ပြတာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘူး၊ ယေဟောဝါ ပိုင်သွားပြီလို့ တခြားသူတွေကို ပြောပြတာဖြစ်တယ်။—မဿဲ ၁၆:၂၄။

စဉ်းစားကြည့်ပါ။ သင့်ကို ယေဟောဝါ ပိုင်သွားတဲ့အခါ သင့်ဘဝ ဘယ်လို ပို တိုးတက် ကောင်းမွန်လာသလဲ။ ဟေရှာယ ၄၈:၁၇၊ ၁၈ နဲ့ ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။

နှစ်ခြင်းက ဘာကြောင့် အရေးကြီးသလဲ

မိမိရဲ့ တပည့်ဖြစ်ဖို့ နှစ်ခြင်းခံရမယ်လို့ ယေရှု သတ်မှတ်ခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ဒါကြောင့် ခရစ်ယာန်တွေဟာ နှစ်ခြင်းခံဖို့ လိုတယ်။ ကယ်တင်ခံရဖို့ နှစ်ခြင်းခံရမယ်လို့ ကျမ်းစာက ဆိုတယ်။—၁ ပေတရု ၃:၂၁။

ဒါပေမဲ့ နှစ်ခြင်းခံဖို့ သင့်ကို လှုံ့ဆော်ပေးတဲ့အရာက ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့်၊ ဘုရားနဲ့ သင့်ရဲ့ ဆက်ဆံရေးကို တန်ဖိုးထားတဲ့အတွက်ကြောင့် ဖြစ်သင့်တယ်။ သင့်ရဲ့ သဘောထားက ဆာလံဆရာရဲ့ သဘောထားနဲ့ တူသင့်တယ်။ သူ ဒီလို ရေးခဲ့တယ်– “ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက် ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ။ . . . ယေဟောဝါရဲ့ နာမည်ကို ခေါ်ပြီး ဆုတောင်းမယ်။ ယေဟောဝါကို သစ္စာကတိပြုထားတဲ့အတိုင်း . . . လုပ်ဆောင်မယ်။”—ဆာလံ ၁၁၆:၁၂-၁၄။

စဉ်းစားကြည့်ပါ။ သင့်အတွက် ယေဟောဝါ ဘာကောင်းမှုတွေ လုပ်ပေးထားသလဲ။ ဘယ်လို ကျေးဇူးဆပ်မလဲ။ တရားဟောရာ ၁၀:၁၂၊ ၁၃ နဲ့ ရောမ ၁၂:၁ ကို ဖတ်ပါ။

ရွယ်တူတွေ အဆို

မီရင်။

“ဆက်ကပ်အပ်နှံခြင်းမှာ ယေဟောဝါကို သင် ပေးတဲ့ ကတိ ပါဝင်တယ်။ အဲဒါက အရေးကြီးတယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားသူတွေရဲ့ ဘဝမှာ ကောင်းချီးတွေ အပြည့်ပဲ။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တာထက် ဘုရားက ပိုစောင့်ရှောက်ပေးနိုင်တယ်။”—မီရင်။

အမ်ဘာ။

“သင့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ ဖော်ပြပြီးပြီ။ နှစ်ခြင်းခံလိုက်ခြင်းအားဖြင့် ဘုရားကို သင် တကယ်ချစ်မှန်း ဖော်ပြနိုင်တယ်။ နှစ်ခြင်းခံတယ်ဆိုတာ အခွင့်ထူးကြီးလည်း ဖြစ်၊ ကောင်းချီးလည်း ဖြစ်တယ်။”—အမ်ဘာ။

ဂျူလီယန်။

“ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတာက အရေးကြီးဆုံး ဆုံးဖြတ်ချက်ပဲ။ အဲဒီလိုလုပ်ဖို့ မစိုးရိမ်သင့်ဘူး။ နှစ်ခြင်းခံဖို့ အသင့်ရှိတယ်၊ ရည်ရွယ်ချက် မှန်တယ်ဆိုရင် အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။”—ဂျူလီယန်။

လူအများ လက်ခံထားရာနဲ့ အဖြစ်မှန်

လူအများ လက်ခံထားရာ— လူကြီးတွေပဲ နှစ်ခြင်းခံနိုင်လောက်တဲ့အထိ ရင့်ကျက်တယ်။

အဖြစ်မှန်— ရင့်ကျက်မှုဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူး။ ယေဟောဝါကို ချစ်တဲ့စိတ်၊ ဘုရားစကား နားထောင်ချင်တဲ့စိတ် ရှိဖို့ပဲ လိုတယ်။ ယောသပ်၊ ရှမွေလ၊ ယောရှိတို့ဟာ အသက်ငယ်ပေမဲ့ ရင့်ကျက်သူတွေ ဖြစ်တယ်။ အခုခေတ်လူငယ် အတော်များများလည်း ရင့်ကျက်ကြတယ်။

ကျမ်းစာအဆို။ “ကလေးတစ်ယောက်ကိုတောင် အမူအကျင့်တွေ ဖြူစင်မှု၊ မှန်ကန်မှု ရှိမရှိ သူ့လုပ်ရပ်ကို ကြည့်ပြီး သိနိုင်တယ်။”—ပညာအလိမ္မာ ၂၀:၁၁။

လူအများ လက်ခံထားရာ— သူငယ်ချင်းတွေ နှစ်ခြင်းခံလို့ သင်လည်း နှစ်ခြင်းခံသင့်တယ်။

အဖြစ်မှန်— ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာဟာ တစ်ယောက်ချင်းစီနဲ့ပဲ ဆိုင်တယ်။ ကိုယ် တကယ် စိတ်ပါလို့ပဲ ဖြစ်သင့်တယ်။ အရွယ်ရောက်လာလို့ လုပ်သင့်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ တခြားသူတွေ လုပ်လို့ ကိုယ်က လိုက်လုပ်တာမျိုး၊ တခြားသူတွေ လုပ်စေချင်လို့ လုပ်လိုက်တာမျိုး မဖြစ်သင့်ဘူး။

ကျမ်းစာအဆို။ “[ဘုရားသခင့်] လူတွေဟာ စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ကြလိမ့်မယ်။”—ဆာလံ ၁၁၀:၃။

လူအများ လက်ခံထားရာ— နှစ်ခြင်း မခံရသေးရင် စာရင်းရှင်းစရာ မလိုဘူး။

အဖြစ်မှန်— နှစ်ခြင်းခံမှပဲ ယေဟောဝါနဲ့ စာရင်းရှင်းရမှာ မဟုတ်ဘူး။ အမှားအမှန်ကို ခွဲခြားသိပြီဆိုရင် စာရင်းရှင်းရမှာပဲ။

ကျမ်းစာအဆို။ “မှန်တာကို ဘယ်လို လုပ်ရမယ်မှန်း သိလျက်နဲ့ မလုပ်တဲ့သူဟာ အပြစ်ရှိတယ်။”—ယာကုပ် ၄:၁၇။

အကြံပြုချက်– ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ ဝန်လေးနေတယ်ဆိုရင် ဘာကြောင့် အဲဒီလို ခံစားရသလဲဆိုတာ ဆန်းစစ်ကြည့်ပါ။ လူငယ်များအမေး—တာသွားသည့် အဖြေ၊ အတွဲ ၂ မှာပါတဲ့ အခန်း ၃၇ ကို ဖတ်ပြီး ဆန်းစစ်ပါ။

ပြန်လည်သုံးသပ်ခြင်း– နှစ်ခြင်းခံဖို့ ဘာကြောင့် အရေးကြီးသလဲ။

  • မိမိရဲ့ တပည့်တွေ နှစ်ခြင်းခံရမယ်လို့ ယေရှု ပြောတယ်။

  • ကယ်တင်ခြင်းရဖို့ နှစ်ခြင်းခံရမယ်။

  • ဆက်ကပ်အပ်နှံ နှစ်ခြင်းခံထားတဲ့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ယေဟောဝါကို အမှုဆောင်ရတာက အခွင့်ထူးကြီး ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ