ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၃၄
  • အကြမ်းဖက်မှုတွေ အဆုံးတိုင်မှာလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြမ်းဖက်မှုတွေ အဆုံးတိုင်မှာလား
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြမ်းဖက်မှုတွေကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ
  • အကြမ်းဖက်မှု ဖြစ်ရတဲ့ အကြောင်းရင်း
  • အကြမ်းဖက်မှု အဆုံးတိုင်မယ်
  • မြေကြီးပေါ် အေးချမ်းငြိမ်သက်ပေတော့မည်
    နိုးလော့!—၂၀၀၆
  • သွေးစွန်းခဲ့သည့် လူ့သမိုင်း
    နိုးလော့!—၂၀၀၆
  • နမူနာတင်ဆက်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ‘မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၃၄
အဆောက်အအုံပျက်တွေကြားကနေ လွတ်မြောက်လာသူတွေကို ကူညီပေးနေတဲ့ မီးသတ်သမား။

အကြမ်းဖက်မှုတွေ အဆုံးတိုင်မှာလား

အကြမ်းဖက် တိုက်ခိုက်မှု ကြုံရချိန်မှာ ဒီလိုမေးမိနိုင်တယ်- ‘ဘုရားသခင် ကြည့်ရက်သလား။ ဒါတွေ ဘာလို့ ဖြစ်နေရတာလဲ။ အကြမ်းဖက်မှုတွေa အဆုံးတိုင်မှာလား။ ကြောက်ကြောက်နဲ့ ငါ ဘယ်လို အသက်ရှင်နိုင်မှာလဲ။’ အဲဒီမေးခွန်းတွေအတွက် ကျမ်းစာမှာ အဖြေ ရှိပါတယ်။

အကြမ်းဖက်မှုတွေကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ

အကြမ်းဖက်မှုတွေကို ဘုရား ရွံ့မုန်းတယ်။ (ဆာလံ ၁၁:၅။ ပညာအလိမ္မာ ၆:၁၆၊ ၁၇) ဘုရားရဲ့ ကိုယ်စားလှယ် ယေရှုကလည်း ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့တဲ့ တပည့်တွေကို ဆုံးမခဲ့တယ်။ (မဿဲ ၂၆:၅၀-၅၂) တချို့က ဘုရားနာမည် သုံးပြီး အကြမ်းဖက် တိုက်ခိုက်နေကြပေမဲ့ သူတို့ကို အဲဒီလိုလုပ်ခွင့် ဘုရား မပေးထားဘူး။ သူတို့ရဲ့ ဆုတောင်းသံတွေကိုလည်း နားမထောင်ဘူး။—ဟေရှာယ ၁:၁၅။

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေရသူတွေ၊ ဝေဒနာ ခံစားနေရသူတွေ အားလုံးကို ဘုရား ဂရုစိုက်တယ်။ (ဆာလံ ၃၁:၇။ ၁ ပေတရု ၅:၇) အကြမ်းဖက်မှုတွေ ပပျောက်သွားအောင် ဘုရား အရေးယူပေးမယ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေရှာယ ၆၀:၁၈။

အကြမ်းဖက်မှု ဖြစ်ရတဲ့ အကြောင်းရင်း

အကြမ်းဖက်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို ကျမ်းစာမှာ ဒီလိုဆိုထားတယ်- “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။” (ဒေသနာ ၈:၉) သမိုင်းတစ်လျှောက်မှာ အာဏာရှင်တွေက လူတွေကို ဖိနှိပ်ဖို့ အကြမ်းဖက်နည်းတွေကို သုံးခဲ့ကြတယ်။ ဖိနှိပ်ခံရတဲ့သူတွေကလည်း ပြန်ပြီး အကြမ်းဖက်တိုက်ခိုက် တော်လှန်ကြတယ်။—ဒေသနာ ၇:၇။

အကြမ်းဖက်မှု အဆုံးတိုင်မယ်

ကြောက်စရာကောင်းတဲ့ အကြမ်းဖက်မှုတွေကို ကျူပင်ခုတ် ကျူငုတ်ပါမကျန် အမြစ်ဖြတ်ပြီး ကမ္ဘာမြေကို အေးချမ်းသာယာအောင် လုပ်ပေးတော့မယ်လို့ ဘုရား ကတိပေးထားတယ်။ (ဟေရှာယ ၃၂:၁၈။ မိက္ခာ ၄:၃၊ ၄) ဘုရားရဲ့ ကတိတွေက-

  • အကြမ်းဖက်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို ဖယ်ရှားပေးမယ်။ လူ့အစိုးရတွေကို ဖယ်ရှားပြီး ဘုရားသခင့် အစိုးရကို တည်ထောင်မယ်။ ဘုရားသခင့် အစိုးရရဲ့ အုပ်စိုးရှင် ယေရှုခရစ်က လူတိုင်းကို မျှမျှတတ ဆက်ဆံပြီး ဖိနှိပ်မှုနဲ့ အကြမ်းဖက်တွေကို ဖယ်ရှားပေးလိမ့်မယ်။ (ဆာလံ ၇၂:၂၊ ၁၄) အဲဒီအချိန်မှာ ဘယ်သူ့မှ အကြမ်းဖက်တော့မှာ မဟုတ်ဘူး။ “များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁။

  • အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရာအားလုံးကို ပယ်ဖျက်ပေးမယ်။ ဘုရားက အကြမ်းဖက်မှုတွေကြောင့် ကိုယ်ရောစိတ်ပါ ဒဏ်ရာရနေတဲ့သူတွေကို ကုစားပေးလိမ့်မယ်။ (ဟေရှာယ ၆၅:၁၇။ ဗျာဒိတ် ၂၁:၃၊ ၄) သေဆုံးသွားသူတွေကိုတောင် အေးချမ်းလုံခြုံတဲ့ ကမ္ဘာမြေမှာ အသက်ပြန်ရှင်အောင် လုပ်ပေးမယ်လို့ ကတိပေးထားတယ်။—ယောဟန် ၅:၂၈၊ ၂၉။

မကြာခင်၊ အကြမ်းဖက်မှုတွေကို ဘုရား အရေးယူတော့မယ်ဆိုတာ ယုံကြည်နိုင်တဲ့ အကြောင်းရင်းတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ ဒီမေးခွန်းကို သင် သိချင်မှာပဲ- ‘အကြမ်းဖက်မှုတွေ ပပျောက်အောင် ဘုရား ဘာကြောင့် မလုပ်သေးတာလဲ။’ အဖြေ သိချင်ရင် ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားသလဲ ဗီဒီယိုကို ကြည့်ပါ။

a “အကြမ်းဖက်မှု” ဆိုတာ ကြမ်းတမ်းရိုင်းစိုင်းစွာ ပြုမူလုပ်ဆောင်တာ ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေး၊ ဘာသာရေး၊ လူမူရေး အပြောင်းအလဲတွေကြောင့် ပြည်သူတွေ ကြောက်စိတ် ဝင်အောင် ကြမ်းတမ်းရိုင်းစိုင်းစွာ ပြုမူတာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာကို အကြမ်းဖက်မှုဆိုပြီး ယူမှတ်လို့ ရမရ သဘောထား ကွဲလွဲနေကြတယ်။

ကျမ်းစာအကူအညီနဲ့ ခံရပ်နိုင်

အကြံပြုချက် ၂ ချက်ကို ကျမ်းစာမှာ ဖော်ပြထားတယ်။

  • ဘုရားသခင်ကို ဆုတောင်းပါ။—ဖိလိပ္ပိ ၄:၆၊ ၇။

  • ကျမ်းစာမျှော်လင့်ချက်ကို အာရုံစိုက်ပါ။—ဟီဘရူး ၆:၁၉။

ကျမ်းစာအခြေပြု အကြံပြုချက်တွေကို ထပ်သိချင်ရင် “စိုးရိမ်ပူပန်မှု ပြေလျော့နည်း” ဆောင်းပါးကို ဖတ်ပါ။

အကြမ်းဖက်ခံခဲ့ရတဲ့ ယေဟောဝါသက်သေတွေကို ယုံကြည်သူချင်းတွေ ကူညီပေးကြတယ်။ ဥပမာ နှစ်ခုကို ကြည့်ရအောင်။

  • ရုရှားနိုင်ငံ၊ ဘီစလန်မြို့ ကျောင်းအပြင်မှာချထားတဲ့ လွမ်းသူ့ပန်းခွေများ။

    ရုရှားနိုင်ငံ၊ ဘီစလန်မြို့က ကျောင်းတစ်ကျောင်းမှာ နာတာရာနဲ့ ကိုးနှစ်အရွယ် သားလေး အာစလန် ရှိနေချိန် လက်နက်ကိုင် အကြမ်းဖက်သမားတွေ ဝင်စီးပြီး လူ ၁,၀၀၀ ကျော်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးသွားတယ်။ ရာနဲ့ချီ သေဆုံးတဲ့သူတွေထဲမှာ အများစုက ကလေးတွေ ဖြစ်တယ်။ နာတာရာနဲ့ အာစလန် မသေဘဲ လွတ်မြောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အမြဲတမ်း ကြောက်ရွံ့ထိတ်လန့်နေကြတယ်။ ဘယ်ကနေ အကူအညီ ရခဲ့သလဲဆိုတာ ကြည့်ပါ။

  • ပါဘလိုနဲ့ဆိုဖီ။

    နယူးယောက်မြို့၊ အမြွှာမျှော်စင် အကြမ်းဖက် တိုက်ခိုက်ခံရချိန်မှာ ပါဘလိုနဲ့ ဆိုဖီတို့ရဲ့ သားလေး သေဆုံးသွားတယ်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စိတ်ထိခိုက်ခဲ့တဲ့ သူတို့နဲ့ တခြားသူတွေ ဘယ်ကနေ အကူအညီ ရခဲ့သလဲဆိုတာ ဗီဒီယိုမှာ ကြည့်ပါ။

ကျမ်းစာကြောင့် လူတွေ ပြောင်းလဲလာ

ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ မတရားမှုနဲ့ ဖိနှိပ်မှုတွေကြောင့် လူအတော်များများ ခံပြင်းလာကြတယ်။ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ တုံ့ပြန်မှသာ အဲဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သူတို့ ယူမှတ်လာတယ်။ ဒါပေမဲ့ အဲဒီလိုစိတ်ဓာတ်ရှိတဲ့သူတွေ ပြောင်းလဲလာနိုင်သလား။ ပြောင်းလဲလာနိုင်ပါတယ်။ ကျမ်းစာအမှန်တရားကြောင့် လူတချို့ ပြောင်းလဲလာပုံကို သိချင်ရင် “အကြမ်းဖက်မှု မရှိတဲ့ ကမ္ဘာ ဖြစ်နိုင်ပါ့မလား” ဆောင်းပါးကို ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ