ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၃၈
  • ဘာသာရေးက နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာရေးက နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်သလား
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံရေးမှာ ယေရှု ပါဝင်ပတ်သက်ခဲ့သလား
  • ပထမရာစု ခရစ်ယာန်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့သလား
  • ယနေ့ခေတ် ခရစ်ယာန်တွေ ကြားနေကြ
  • ပထမရာစုအချိန်က ခရစ်ယာန်တွေ နိုင်ငံရေးမှာ ပါဝင်ခဲ့ကြသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • လူ့အုပ်ချုပ်ရေးတွင် ယေရှု အဘယ်ကြောင့် မပါဝင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • နိုင်ငံရေးကို ယေရှု ဘယ်လို ရှုမြင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဓမ္မဆရာများ နိုင်ငံရေးတရား ဟောသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၃၈
နိုင်ငံရေးသမားနဲ့ ဘာသာရေးခေါင်းဆောင် ဖက်ထားပြီး လူအုပ်ကို လက်ဝှေ့ယမ်းပြနေ

ဘာသာရေးက နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်သလား

ကမ္ဘာတစ်ဝန်းမှာ ကိုယ့်ကိုယ်ကိုယ် ယေရှုခရစ်ရဲ့ နောက်လိုက်လို့ ပြောသူများစွာဟာ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြတယ်။ တချို့က မိမိတို့ရဲ့ ဘာသာရေးနဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို မြင့်မားအောင် ကြိုးစားတဲ့အနေနဲ့ အမတ်လောင်းတွေ၊ နိုင်ငံရေး ပါတီတွေကို ထောက်ခံကြတယ်။ တစ်ခါ၊ နိုင်ငံရေးသမားတွေကလည်း ဘာသာရေးသမားတွေရဲ့ ထောက်ခံမှု ရဖို့ ကိုယ်ကျင့်တရား၊ လူမှုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို အသုံးချတတ်ကြတယ်။ ဘာသာရေး ခေါင်းဆောင်တွေ နိုင်ငံရေး ရာထူး ရယူဖို့ ကြိုးစားနေကြတာ မဆန်းပါဘူး။ နိုင်ငံတချို့မှာ အမည်ခံ ခရစ်ယာန်ဘာသာကို နိုင်ငံတော် ဘာသာလို့တောင် သတ်မှတ်ကြတယ်။

ဘယ်လို ထင်ပါသလဲ။ ယေရှုခရစ်ရဲ့ နောက်လိုက်တွေက နိုင်ငံရေးမှာ ဝင်ပါသင့်သလား။ ယေရှုရဲ့ စံနမူနာကို လေ့လာရင် အဖြေသိနိုင်တယ်။ “ဒါဟာ ခင်ဗျားတို့အတွက် ကျွန်တော် ပြတဲ့ စံနမူနာပဲ။ ကျွန်တော် လုပ်သလို ခင်ဗျားတို့ လိုက်လုပ်ကြပါ” လို့ ယေရှု ပြောတယ်။ (ယောဟန် ၁၃:၁၅) နိုင်ငံရေးနဲ့ပတ်သက်ရင် ယေရှု ဘာစံနမူနာ ချမှတ်ခဲ့သလဲ။

နိုင်ငံရေးမှာ ယေရှု ပါဝင်ပတ်သက်ခဲ့သလား

မပါခဲ့ဘူး။ ယေရှုက ဒီလောကရဲ့ နိုင်ငံရေးမှာ မပါဝင်ခဲ့ဘူး။

နိုင်ငံရေးအာဏာ ရဖို့ ယေရှု မကြိုးစားခဲ့ဘူး။ “လောက တိုင်းနိုင်ငံတွေနဲ့ ဘုန်းစည်းစိမ် အားလုံးကို” ပေးမယ်လို့ စာတန် မာရ်နတ် ကမ်းလှမ်းတဲ့အခါ လူ့အစိုးရ အာဏာကို လက်ခံဖို့ ယေရှု ငြင်းပယ်ခဲ့တယ်။ (မဿဲ ၄:၈-၁၀)a တစ်ခါက လူတွေဟာ ယေရှုရဲ့ ဦးဆောင်နိုင်စွမ်းကို သဘောကျလို့ နိုင်ငံရေးမှာ ဝင်ပါလာအောင် တွန်းအားပေးကြတယ်။ “သူတို့ ရောက်လာပြီး အတင်းအကျပ် ဘုရင် လုပ်ခိုင်းတော့မယ်ဆိုတာ သိနေတဲ့အတွက် ယေရှုက တောင်ပေါ်ကို တစ်ကိုယ်တည်း ရှောင်ထွက်သွားပြန်တယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ယောဟန် ၆:၁၅) ယေရှုက လူတွေ ကြိုးဆွဲရာ မကခဲ့ဘူး။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ ငြင်းဆန်ခဲ့တယ်။

နိုင်ငံရေး ကိစ္စတွေမှာ ယေရှု ဘက်မလိုက်ခဲ့ဘူး။ ဥပမာ၊ ယေရှုခေတ်က ဂျူးတွေဟာ ရောမ အစိုးရဆီ အခွန်ပေးရတာကို မတရားဘူးလို့ ယူဆပြီး မပေးချင်ကြဘူး။ ဒီကိစ္စမှာ တစ်ဘက်ဘက်ကနေ ရပ်တည်ခိုင်းတဲ့အခါ ယေရှုက အခွန်ပေးသင့် မပေးသင့်ဆိုတဲ့ နိုင်ငံရေး အငြင်းပွားမှုမှာ ဝင်မပါဘူး။ “ဆီဇာနဲ့ ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ ဆိုင်တာ ဘုရားသခင်ကို ပေးပါ” လို့ပဲ ဖြေတယ်။ (မာကု ၁၂:၁၃-၁၇) နိုင်ငံရေး ကိစ္စမှာ ကြားနေပေမဲ့ ဆီဇာကို ကိုယ်စားပြုတဲ့ ရောမ မြို့အာဏာပိုင်တွေ ကောက်ခံတဲ့ အခွန်တွေကို ပေးသင့်တယ်လို့ ပြောတယ်။ တစ်ချိန်တည်းမှာ လောက အာဏာပိုင်တွေကို နာခံတာဟာ အကန့်အသတ် ရှိကြောင်း ယေရှု ဖော်ပြတယ်။ ဆည်းကပ်ဝတ်ပြုခြင်းတို့လို ဘုရားကိုပဲ ပေးရမယ့်အရာတွေကိုတော့ နိုင်ငံ့အစိုးရကို မပေးရဘူး။—မဿဲ ၄:၁၀။ ၂၂:၃၇၊ ၃၈။

ယေရှုက ကောင်းကင်အစိုးရ ဘုရားနိုင်ငံတော်ကို ထောက်ခံသွန်သင်ခဲ့တယ်။ (လုကာ ၄:၄၃) လူ့အုပ်ချုပ်မှု မဟုတ်ဘဲ ဘုရားနိုင်ငံတော်ကသာ ကမ္ဘာမြေအတွက် ဘုရားအလိုရှိရာကို လုပ်ဆောင်ပေးမယ်ဆိုတာ သိလို့ နိုင်ငံရေးမှာ ယေရှု မပါဝင်ဘူး။ (မဿဲ ၆:၁၀) ဘုရားသခင့်နိုင်ငံတော်က လူ့အစိုးရတွေကို သုံးမှာ မဟုတ်ဘဲ ဖယ်ရှားတော့မယ်ဆိုတာ သူ သိထားတယ်။—ဒံယေလ ၂:၄၄။

ပထမရာစု ခရစ်ယာန်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့သလား

မပါဝင်ခဲ့ကြဘူး။ ယေရှုနောက်လိုက်တွေက ‘ဒီလောကနဲ့ မပတ်သက်နဲ့’ ဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို နာခံကြတယ်။ (ယောဟန် ၁၅:၁၉) ယေရှုရဲ့ စံနမူနာကို လိုက်ပြီး လောက နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေကြတယ်။ (ယောဟန် ၁၇:၁၆။ ၁၈:၃၆) နိုင်ငံရေး ကိစ္စတွေမှာ ဝင်ပါမယ့်အစား ယေရှု မိန့်မှာထားတဲ့ ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောခြင်း သွန်သင်ခြင်းအလုပ်ကို လုပ်ဆောင်ကြတယ်။—မဿဲ ၂၈:၁၈-၂၀။ တမန်တော် ၁၀:၄၂။

ပထမရာစု ခရစ်ယာန်တွေက ဘဝမှာ ဘုရားနိုင်ငံတော်ကို ဦးစားထားကြတယ်။ ဒါပေမဲ့ အာဏာပိုင်တွေကို ရိုသေလေးစားရမယ်ဆိုတာကိုလည်း သိထားကြတယ်။ (တမန်တော် ၅:၂၉။ ၁ ပေတရု ၂:၁၃၊ ၁၇) ဥပဒေတွေကို နာခံကြတယ်။ အခွန်အခ ပေးကြတယ်။ (ရောမ ၁၃:၁၊ ၇) နိုင်ငံရေးမှာ ဝင်မပါဘူး။ အစိုးရရဲ့ ဥပဒေအရ ကာကွယ်ပေးမှု၊ ဝန်ဆောင်မှုတွေကို လက်ခံကြတယ်။—တမန်တော် ၂၅:၁၀၊ ၁၁။ ဖိလိပ္ပိ ၁:၇။

အစောပိုင်း ခရစ်ယာန်များနဲ့ နိုင်ငံရေး—လောကသမိုင်း မှတ်တမ်းများ

  • “ခရစ်ယာန်တွေဟာ ရောမနိုင်ငံသားတွေရဲ့ လုပ်ဆောင်မှုတချို့မှာ ပါဝင်ဖို့ ငြင်းဆန်ကြတယ်။ . . . နိုင်ငံရေး ရာထူးတွေ မယူကြဘူး။”—ယဉ်ကျေးမှုသို့ သွားရာလမ်း—ကမ္ဘာ့သမိုင်း၊ စာမျက်နှာ ၂၃၈။

  • “စစ်ရေး/နိုင်ငံရေးမှာ ယေရှု ရည်မှန်းချက် ကြီးတယ်လို့ တွေးရလောက်တဲ့ ဘာအထောက်အထားမှ မရှိဘူး။ . . . တပည့်တွေလည်း အလားတူပဲ။”—ယေရှုနဲ့ ဂျူးဘာသာ၊ စာမျက်နှာ ၂၃၁။

  • “ခရစ်ယာန် တစ်ယောက်အတွက် မိမိကိုးကွယ်တဲ့ ဘာသာဟာ နိုင်ငံရေးနဲ့ လုံးဝ မသက်ဆိုင်ရုံမက နိုင်ငံရေးထက် ပိုအရေးပါတယ်။ သူ့ရဲ့ အကြွင်းမဲ့ သစ္စာစောင့်သိမှုကို ဆီဇာ မဟုတ်ဘဲ ခရစ်တော်သာ ပိုင်တယ်။”—ဆီဇာနဲ့ ခရစ်တော်၊ စာမျက်နှာ ၆၄၇။

  • “[တမန်တော်] ပေါလုက ရောမနိုင်ငံသား ဖြစ်ခွင့်ကို သုံးပြီး တရားဥပဒေအရ ကာကွယ်ပိုင်ခွင့် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ တခြားသူတွေကို အားပေးအားမြှောက် မလုပ်ခဲ့ဘူး။ . . . အစောပိုင်း ခရစ်ယာန်တွေက အစိုးရ အာဏာပိုင်တွေကို လေးစားရမယ်ဆိုတာ လက်ခံပေမဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်တယ်လို့တော့ မယူဆကြဘူး။”—စိတ်ရင်းကောင်းရဲ့ အခြားတစ်ဘက်—နိုင်ငံရေးအပေါ် ကျမ်းစာရှုမြင်ချက်၊ စာမျက်နှာ ၁၂၂-၁၂၃။

  • “နိုင်ငံရေး ရာထူးတွေ မယူသင့်ဘူးလို့ ခရစ်ယာန်များစွာ အခိုင်အမာ ယူဆကြတယ်။ . . . မြို့တရားသူကြီးတစ်ဦးဟာ ခရစ်ယာန် ဖြစ်ချင်ရင် ရာထူးနုတ်ထွက်ရတဲ့ ထုံးစံရှိတယ်လို့ တတိယရာစုနှစ်ဆန်းပိုင်းကတည်းက ဟစ်ပိုလီတပ် ဆိုတယ်။”—ခရစ်ယာန်ဘာသာသမိုင်း၊ အတွဲ ၁၊ စာမျက်နှာ ၂၅၃။

ယနေ့ခေတ် ခရစ်ယာန်တွေ ကြားနေကြ

ယေရှုရော အစောပိုင်း နောက်လိုက်တွေပါ နိုင်ငံရေးမှာ မပါဝင်ဘူးဆိုပြီး ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေ ခရစ်ယာန်တွေလည်း ကြားနေကြခြင်း ဖြစ်တယ်။ ပထမရာစု ခရစ်ယာန်တွေလိုပဲ ယေရှု တာဝန်ပေးခဲ့တဲ့အတိုင်း “နိုင်ငံတော် သတင်းကောင်းကို” ဟောကြတယ်။—မဿဲ ၂၄:၁၄။

a ဒီလိုငြင်းပယ်တုန်းက ယေရှုဟာ စာတန်မှာ ဒီလိုကမ်းလှမ်းနိုင်တဲ့ အခွင့်အာဏာ မရှိဘူးလို့ မငြင်းခုံခဲ့ဘူး။ နောက်ပိုင်း စာတန်ကို “ဒီလောကရဲ့ မင်း” လို့ ခေါ်ခဲ့တယ်။—ယောဟန် ၁၄:၃၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ