ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၃၄
  • အကြမ်းဖက်မှုဟာ ဖြေရှင်းနည်း မဟုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြမ်းဖက်မှုဟာ ဖြေရှင်းနည်း မဟုတ်
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ယေရှုရဲ့ ပြောစကား
  • ယေရှု လုပ်ပေးခဲ့ရာ၊ လုပ်ပေးမယ့်အရာ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၃၄
အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေပါဝင်တဲ့ နောက်ခံပေါင်းစုံက လူအုပ်ကို ယေရှု သွန်သင်ပေးနေ

ယေရှုဆီက သင်ယူပါ

အကြမ်းဖက်မှုဟာ ဖြေရှင်းနည်း မဟုတ်

ပဋိပက္ခတွေ၊ ညှိနှိုင်းရခက်တဲ့ ပြဿနာတွေကို အကြမ်းဖက်မှုနဲ့ ဖြေရှင်းမှပဲ ရမယ်လို့ လူတွေ ယူဆလာကြတယ်။ ယေရှုခရစ် သင်ပေးခဲ့တာ၊ စံနမူနာပြခဲ့တာတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ယေရှုရဲ့ ပြောစကားနဲ့ လုပ်ရပ်တွေအကြောင်း လေ့လာကြည့်ပါ။

ယေရှုရဲ့ ပြောစကား

ဒေါသထွက်တာ၊ ရန်လိုတာ၊ အကြမ်းဖက်တာတွေဟာ ပြဿနာဖြေရှင်းနည်းမဟုတ်ဘူးဆိုတာကို ယေရှုရဲ့ တောင်ပေါ် ဒေသနာမှာ သိရတယ်။ ဥပမာတချို့ သုံးသပ်ကြည့်ပါ။

  • “ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။” (မဿဲ ၇:၁၂။ လုကာ ၆:၃၁) ဒါကို ရွှေပညတ်လို့လည်း ခေါ်တယ်။a လူတွေ ကိုယ့်ကို ဘယ်လို ဆက်ဆံစေချင်သလဲ၊ အဲဒီအတိုင်း တခြားသူတွေကို ဆက်ဆံဖို့ သင်ပေးနေတာပါ။ ကိုယ့်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုး ဘယ်သူမှ မကြိုက်ဘူး။ ဒါကြောင့် သဘောထားကွဲလွဲတဲ့အခါမှာတောင် လူတိုင်းကို လေးလေးစားစား၊ ကြင်ကြင်နာနာ ဆက်ဆံသင့်တယ် မဟုတ်လား။

  • “ညာဘက်ပါးကို ရိုက်ရင် ဘယ်ဘက်ပါးကိုလည်း လှည့်ပေးလိုက်ပါ။” (မဿဲ ၅:၃၈၊ ၃၉။ လုကာ ၆:၂၉) ကိုယ့်ကို ဆိုးဆိုးရွားရွား ဆက်ဆံတာကို ခွင့်ပြုလိုက်ဖို့ ယေရှုသင်ပေးနေတာတော့ မဟုတ်ဘူး။ လက်စားချေတာကို နားလည်ပေးလို့ရပါတယ်ဆိုပြီး ဘာသာရေးခေါင်းဆောင်တွေ သင်ပေးတဲ့ အယူအဆအမှားကို ယေရှု တည့်မတ်ပေးနေတာပါ။ ဒေါသဆွခံရတဲ့အခါ လက်တုံ့မပြန်ဘဲ တည်တည်ငြိမ်ငြိမ် ကြိုးစားဖြေရှင်းဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးနေတာ ဖြစ်တယ်။b

  • “ရန်သူတွေကို ချစ်မြဲချစ်ပါ။” (မဿဲ ၅:၄၃၊ ၄၄။ လုကာ ၆:၂၇) ကိုယ့်ကို မလိုမုန်းထား၊ မတရားဆက်ဆံသူတွေကို ကြင်ကြင်နာနာ ဆက်ဆံရမယ်လို့ ယေရှု သင်ပေးတယ်။ သူတို့ရဲ့ အကျင့်ဆိုးတွေကို ထောက်ခံရမယ်လို့ ပြောနေတာတော့ မဟုတ်ဘူး။c ကိုယ့်ကို မုန်းတဲ့သူတွေကို မေတ္တာပြလိုက်မယ်ဆိုရင် သူတို့ရဲ့ ဒေါသကို ငြိမ်းစေနိုင်တဲ့အပြင် ကိုယ့်ကို ကောင်းကောင်းမွန်မွန်တောင် ပြန်ဆက်ဆံလာနိုင်တယ်။

ယေရှု လုပ်ပေးခဲ့ရာ၊ လုပ်ပေးမယ့်အရာ

အကြမ်းဖက်မှုဟာ ဖြေရှင်းနည်းမဟုတ်မှန်း ယေရှု သင်ပေးရုံ သင်ပေးခဲ့တာမဟုတ်ဘူး၊ ပုံသက်သေနဲ့ပါ ပြပေးခဲ့တယ်။ ယေရှု အဖမ်းခံရတဲ့ညမှာ တပည့်တစ်ယောက် အကြမ်းနည်းနဲ့ ခုခံကာကွယ်တဲ့အတွက် “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။ ဓားကို ကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်” ဆိုပြီး ယေရှု ပြောတယ်။ (မဿဲ ၂၆:၅၂) ကိုယ့်ကို မတရားဆက်ဆံသူတွေကို ယေရှု ခွင့်လွှတ်ပေးတဲ့အပြင် ဆုတောင်တောင်းပေးတယ်။ ဒီနည်းနဲ့ ရန်သူတွေကို ချစ်ကြောင်း ပြတယ်။—လုကာ ၂၃:၃၃၊ ၃၄။ ၁ ပေတရု ၂:၂၃။

ငြိမ်ချမ်းရေးမင်းသား ယေရှုက အကြမ်းဖက်မှုမှန်သမျှကို အပြီးအပိုင် ချုပ်ငြိမ်းစေမယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ (ဟေရှာယ ၉:၆၊ ၇) အနာဂတ်နဲ့ပတ်သက်တဲ့ အားရှိစရာ မျှော်လင့်ချက်အကြောင်း ပိုသိချင်ရင် “စစ်မက်ပဋိပက္ခ ဘယ်လို ချုပ်ငြိမ်းသွားမလဲ” ဆောင်းပါးကို ဖတ်ပါ။

a ထပ်သိချင်ရင် “ရွှေပညတ်ဆိုတာ ဘာလဲ” ကို ဖတ်ပါ။

b ထပ်သိချင်ရင် “‘မျက်စိအတွက် မျက်စိ’ ဆိုတာ ဘာအဓိပ္ပာယ်လဲ” ကို ဖတ်ပါ။

c ထပ်သိချင်ရင် “‘ရန်သူကို ချစ်မြဲ ချစ်ပါ’ ဆိုတာ ဘာကိုဆိုလိုသလဲ” ကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ