ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၃၅
  • ကမ္ဘာတစ်ခွင် ငြိမ်းချမ်းလာတော့မယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာတစ်ခွင် ငြိမ်းချမ်းလာတော့မယ်
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ယေရှု လုပ်ဆောင်ပေးမယ့်အရာ
  • ယေရှု သင်ပေးရာ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၃၅
လူမျိုးပေါင်းစုံ၊ ကျားမမရွေး ပါဝင်တဲ့ လူအုပ်ကြီးကို ယေရှု သွန်သင်ပေးနေ

ယေရှုဆီက သင်ယူပါ

ကမ္ဘာတစ်ခွင် ငြိမ်းချမ်းလာတော့မယ်

လူတိုင်း ငြိမ်သက်အေးချမ်းတဲ့ ကမ္ဘာမှာ နေချင်ကြတယ်။ လူ့သမိုင်းတစ်လျှောက် ကမ္ဘာ့ခေါင်းဆောင်တွေက ငြိမ်းချမ်းရေး ရဖို့ ကြိုးစားကြတယ်။ အောင်မြင်တဲ့အခါတွေ ရှိပေမဲ့ ကြာကြာမခံဘူး။ ပဋိပက္ခတွေ ပြန်ပြန်ဖြစ်လာတာ တွေ့ရလို့ ဝမ်းနည်းစရာပါပဲ။ ကမ္ဘာကြီး ငြိမ်းချမ်းလာပါဦးမလား။ ငြိမ်းချမ်းလာမယ်။ ယေရှု သင်ပေးခဲ့တာတွေကနေ ဘာသိရသလဲ သုံးသပ်ကြည့်ပါ။

ယေရှု လုပ်ဆောင်ပေးမယ့်အရာ

ကမ္ဘာချီ ငြိမ်းချမ်းရေးအတွက် ယေရှု ဘာလုပ်ဆောင်ပေးမလဲဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။

  • “[ယေရှုက] ငြိမ်းချမ်းရေးမင်းသား ဖြစ်လိမ့်မယ်။ . . . သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာနဲ့ ငြိမ်သက်ခြင်းဟာ အဆုံးမရှိ တိုးများမယ်။” (ဟေရှာယ ၉:၆၊ ၇) ဘုရားသခင့် နိုင်ငံတော်ရဲ့ ဘုရင်ယေရှုက တစ်ကမ္ဘာလုံး ထာဝစဉ်ငြိမ်းချမ်းသွားအောင် လုပ်ဆောင်ပေးပါတော့မယ်။

  • “အော်ဟစ်အကူအညီတောင်းနေတဲ့ နွမ်းပါးသူတွေ၊ . . . ကူကယ်ရာမဲ့သူတွေကို မင်းကြီး ကယ်တင်လိမ့်မယ်။” (ဆာလံ ၇၂:၁၂-၁၄) အခွင့်အာဏာအပြည့်ရထားတဲ့ ယေရှုက စစ်ပွဲ၊ အကြမ်းဖက်မှု၊ ဆင်းရဲဒုက္ခမှန်သမျှကို အပြီးအပိုင် ဖယ်ရှားပေးပြီး တရားမျှတမှုအစစ်အမှန်ကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။

  • “လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။” (ဟေရှာယ ၂:၄) ယေရှုရဲ့ အုပ်ချုပ်မှုအောက်မှာ လူသားတွေက စစ်အတတ်ပညာကို မဟုတ်တော့ဘဲ သင့်သင့်မြတ်မြတ် နေထိုင်နိုင်ပုံအကြောင်း သင်ယူကြရပါမယ်။

ယေရှုက ငြိမ်းချမ်းရေး ဘယ်လို ဆောင်ကြဉ်းပေးမလဲ၊ သင့်အပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ သိဖို့ “ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ” ဗီဒီယို ကြည့်ပါ။

ယေရှု သင်ပေးရာ

ယေရှုရဲ့ သွန်သင်ချက်တွေကြောင့် သန်းနဲ့ချီတဲ့သူတွေဟာ အခုကတည်းက သင့်သင့်မြတ်မြတ် နေထိုင်နေကြပြီ။ နေ့ရက်တိုင်းကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပုံအကြောင်း တောင်ပေါ်တရားတော်မှာ ယေရှု ရိုးရိုးလေး သင်ပေးထားတယ်။ သူပြောသွားတဲ့ စကားတချို့ကို သုံးသပ်ကြည့်ပါ။

  • “ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။” (မဿဲ ၅:၉) ယေရှုက နောက်လိုက်တွေကို အငြင်းပွားမှုတွေ ရှောင်ဖို့လောက်သာ သင်ပေးတာမဟုတ်ဘဲ အချင်းချင်း သင့်မြတ်အောင် ကြိုးစားလုပ်ဆောင်ဖို့ အားပေးတယ်။

  • “ညီအစ်ကိုဆီ သွားပြီး သူနဲ့ ပြေလည်အောင် အရင် လုပ်ပါ။ ပြီးမှ ပြန်လာပြီး ကိုယ့်ရဲ့ အလှူကို ဆက်သပါ။” (မဿဲ ၅:၂၃၊ ၂၄) အဆင်မပြေမှုလေးတွေ ရှိတာနဲ့ ချက်ချင်း ဖြေရှင်းဖို့ ယေရှု သင်ပေးနေတာပါ။ ဘုရားနဲ့ သင့်မြတ်တဲ့ဆက်ဆံရေးရှိဖို့ဆိုရင် လူတွေနဲ့လည်း သင့်မြတ်နေဖို့လိုကြောင်း သင်ပေးတယ်။

  • “ကိုယ်တိုင် ဝေဖန် အကဲဖြတ်မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။” (မဿဲ ၇:၁) အသေးအမွှားကအစ မဝေဖန်ဖို့၊ ကိုယ်မလုပ်နိုင်တာမျိုးကို တခြားသူတွေဆီကလည်း မမျှော်လင့်ဖို့ ယေရှု သတိပေးတယ်။ အချင်းချင်း အပြစ်ရှာနေမယ့်အစား အမှားတွေကို “အမြဲခွင့်လွှတ်” ပေးဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။—လုကာ ၆:၃၇။

ယေရှုရဲ့ သွန်သင်ချက်တွေကို ကမ္ဘာတစ်ဝန်းကလူတွေ ကြိုးစားလိုက်လျှောက်နေပါတယ်။ အကြမ်းဖက်မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ များပြားတဲ့ နေရာဒေသတွေမှာတောင် ပဋိပက္ခတွေကို အကြမ်းနည်းနဲ့ မဖြေရှင်းဖို့ သင်ယူနေကြပြီ။ ကိုယ့်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလာရင်တောင် ခွင့်လွှတ်ပြီး အချင်းချင်း မေတ္တာပြနေကြပါတယ်။

ယေရှုရဲ့ သွန်သင်ချက်တွေကြောင့် လူတချို့ ငြိမ်သက်မှု ဘယ်လိုရရှိခဲ့ကြသလဲ သိဖို့ “စစ်မှု မငြိမ်းသေးပေမဲ့ စိတ်ငြိမ်သက်နေနိုင်” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ