ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၃၈
  • ငါ့ဘဝနဲ့ပတ်သက်ပြီး ဘုရားသခင့်အလိုတော်က ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ့ဘဝနဲ့ပတ်သက်ပြီး ဘုရားသခင့်အလိုတော်က ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • မှန်သောဘုရားသခင်နှင့်ပတ်သက်၍
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘာအတွက် အသက်ရှင်နေရတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေရှုခရစ်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၃၈

ငါ့ဘဝနဲ့ပတ်သက်ပြီး ဘုရားသခင့်အလိုတော်က ဘာလဲ

သမ္မာကျမ်းစာဖြေဆိုရာ

ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို ပိုသိကျွမ်းလာဖို့၊ ကိုယ်တော်နဲ့မိတ်ဆွေဖြစ်လာဖို့၊ ကျွန်ုပ်တို့ အစွမ်းအစရှိသမျှနဲ့ ကိုယ်တော်ကို ချစ်ပြီးအမှုဆောင်ဖို့ ဘုရားသခင် အလိုရှိပါတယ်။ (မဿဲ ၂၂:၃၇၊ ၃၈; ယာကုပ် ၄:၈) ဘုရားသခင်ရဲ့အလိုတော်ကို ဘယ်လိုထမ်းဆောင်နိုင်မလဲဆိုတာ ယေရှုရဲ့အသက်တာနဲ့ သွန်သင်ချက်တွေကနေ သင်ယူနိုင်တယ်။ (ယောဟန် ၇:၁၆၊ ၁၇) ယေရှုဟာ ဘုရားသခင်ရဲ့အလိုတော်အကြောင်း ပြောရုံသက်သက်မဟုတ်ဘဲ အလိုတော်နဲ့အညီ အသက်ရှင်ခဲ့တယ်။ ယေရှုက သူ့ဘဝရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဒီလိုတောင် ပြောခဲ့တယ်- “ငါသည် ငါ့အလိုအတိုင်းဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသော အရှင်၏အလိုတော်ကို ဆောင်ရန် ဆင်းသက်လာ၏။”–ယောဟန် ၆:၃၈။

ငါ့ဘဝနဲ့ပတ်သက်ပြီး ဘုရားသခင့်အလိုတော်ကဘာလဲဆိုတာ သိနိုင်ဖို့ အထူးနိမိတ်တွေ၊ ရူပါရုံတွေလိုအပ်သလား

မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာမှာ လူသားတွေအတွက် ဘုရားသခင်ရဲ့ သတင်းစကားပါရှိတယ်။ “ကောင်းမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝ” လာဖို့ သင်လိုအပ်တဲ့ အရာတွေ ကျမ်းစာထဲမှာပါရှိပါတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဘုရားသခင့်အလိုတော်ကို သင် သိနိုင်အောင် သမ္မာကျမ်းစာကို “စဉ်းစားဆင်ခြင်နိုင်စွမ်း” နဲ့အသုံးပြုဖို့ ကိုယ်တော် အလိုရှိတယ်။–ရောမ ၁၂:၁၊ ၂; ဧဖက် ၅:၁၇။

ဘုရားသခင်ရဲ့အလိုတော်ကို ငါတကယ်ဆောင်နိုင်ပါ့မလား

ဆောင်နိုင်ပါတယ်။ “ဘုရားသခင်ရဲ့ပညတ်တွေကို လိုက်နာဖို့ အရမ်းမခက်ပါဘူး” လို့သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ယောဟန် ၅:၃၊ Easy-to-Read Version) ဘုရားသခင်ရဲ့ပညတ်တွေကို နာခံတာက အမြဲတမ်းလွယ်ကူတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင်ရရှိမယ့်အကျိုးကျေးဇူးက သင်ပေးဆပ်ရတာထက် အများကြီး သာလွန်တယ်။ ယေရှုကိုယ်တိုင် ဒီလိုပြောခဲ့တယ်- “ဘုရားသခင်၏ တရားစကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ပျော်ရွှင်၏။”–လုကာ ၁၁:၂၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ