ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၄၉
  • မာရ်နတ် ဘယ်မှာနေသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာရ်နတ် ဘယ်မှာနေသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • စာတန်
    နိုးလော့!—၂၀၁၃
  • ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘စာတန်ကို ဆီးတားကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဝိညာဏဘောင်တွင်ရှိ အစိုးရသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၄၉

မာရ်နတ် ဘယ်မှာနေသလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

နာမ်ဝိညာဉ်သားဖြစ်တဲ့ မာရ်နတ်က မမြင်ရတဲ့ နာမ်ဝိညာဉ်နယ်ပယ်မှာ နေထိုင်ပါတယ်။ အဲဒီနယ်ပယ်က ဘေးမှာပါတဲ့ သရုပ်ဖော်ပုံအတိုင်း လူဆိုးတွေကို နှိပ်စက်တဲ့ မီးငရဲလို နေရာမျိုးမဟုတ်ပါဘူး။

“ကောင်းကင်၌ စစ်ဖြစ်”

တစ်ချိန်တုန်းက စာတန်မာရ်နတ်ဟာ ကောင်းကင်ဘုံမှာ ကြိုက်သလို သွားလာနေနိုင်ခွင့် ရှိခဲ့တယ်။ သစ္စာရှိတဲ့ကောင်းကင်တမန်တွေနဲ့အတူ ဘုရားသခင်ရှေ့တောင် ရောက်လာတယ်။ (ယောဘ ၁:၆) ဒါပေမဲ့ ‘ကောင်းကင်မှာစစ်ဖြစ်’ ပြီး စာတန်ကို ကောင်းကင်ကနေ မြေကြီးပေါ် နှင်ချမယ်လို့ ကျမ်းစာမှာကြိုပြောထားတယ်။ (ဗျာဒိတ် ၁၂:၇–၉) ကျမ်းစာသက္ကရာဇ်စဉ်နဲ့ ကမ္ဘာ့ဖြစ်ရပ်တွေအရ ကောင်းကင်မှာ တကယ်စစ်ဖြစ်ခဲ့တယ်ဆိုတာ သိနိုင်တယ်။ အခုဆိုရင် မာရ်နတ်က ကမ္ဘာမြေကြီးဝန်းကျင်မှာပဲ သွားလာခွင့်ရှိတော့တယ်။

မာရ်နတ်က ကမ္ဘာမြေကြီးရဲ့ သတ်သတ်မှတ်မှတ်နေရာတစ်ခုမှာ နေထိုင်နေတယ်လို့ ဆိုလိုတာလား။ ဥပမာ၊ ရှေးခေတ် ပေရဂံမြို့ကို စာတန်ရဲ့ “ပလ္လင်တည်ရှိရာအရပ်၊” “စာတန်နေထိုင်ရာအရပ်” လို့ ခေါ်ထားတယ်။ (ဗျာဒိတ် ၂:၁၃) တကယ်တော့ အဲဒီမြို့ဟာ စာတန့်ဝတ်ပြုရေးရဲ့ အချက်အချာနေရာဖြစ်တယ်လို့ ရည်ညွှန်းနေတာ ဖြစ်နိုင်တယ်။ မာရ်နတ်ဟာ “လူနေရာ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံရှိသမျှကို” အုပ်ချုပ်နေတယ်လို့ သမ္မာကျမ်းစာမှာ ပြောထားတယ်။ ဒါကြောင့် မာရ်နတ်ဟာ မြင်ရတဲ့နေရာတစ်နေရာမှာ နေတာမဟုတ်ဘဲ သူ့ကို ချုပ်နှောင်ထားတဲ့ ကမ္ဘာမြေကြီးဝန်းကျင်မှာ သွားလာနေတယ်။​—လုကာ ၄:​၅၊ ၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ