ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၅၅
  • အသက် စာစောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက် စာစောင်
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • “အသက်စာစောင်” မှာ သင့်နာမည် ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဘုရားသခင့် တရားစီရင်ရာနေ့  ​—၎င်း၏ရွှင်လန်းဖွယ် အကျိုးရလဒ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • “နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” —အဘယ်နာမတော်ကိုနည်း
    ထာဝစဉ် တည်တံ့ သွားမည့် မြင့်မြတ်သော နာမတော်
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၅၅

“အသက်စာစောင်” ထဲမှာ ဘယ်သူတွေရဲ့ နာမည်ကို ရေးထားသလဲ

သမ္မာကျမ်းစာဖြေဆိုရာ

“အသက်စာစောင်” ကို “အသက်စာလိပ်” ဒါမှမဟုတ် “အောက်မေ့ရာစာအုပ်” လို့လည်းခေါ်ထားပြီး အဲဒီစာစောင်ထဲမှာ ထာဝရအသက်ဆုရမယ့် လူတွေရဲ့ နာမည်ကို ရေးထားတယ်။ (ဗျာဒိတ် ၃:၅; ၂၀:၁၂; မာလခိ ၃:၁၆၊ ကဘ) ဘုရားသခင်ဟာ မိမိအပေါ် သစ္စာရှိခြင်း၊ နာခံမှုရှိခြင်းဆိုတဲ့ အချက်ပေါ် အခြေခံပြီး ဒီနာမည်စာရင်းတွေကို ထည့်သွင်းမှာဖြစ်တယ်။​—ယောဟန် ၃:၁၆; ၁ ယောဟန် ၅:၃။

ဘုရားသခင်ဟာ လူသားတွေရဲ့ “လောကတည်ချိန်” ကစပြီး သစ္စာရှိကျေးကျွန်တွေရဲ့ နာမည်တွေကို စာစောင်တစ်စောင်ထဲမှာ ရေးမှတ်ထားသလိုမျိုး ကိုယ်တော့် မှတ်ဉာဏ်ထဲမှာ မှတ်သားထားတယ်။ (ဗျာဒိတ် ၁၇:၈) အသက်စာစောင်ထဲမှာ ပထမဆုံး မှတ်တမ်းတင်ခံရသူကတော့ သစ္စာရှိသူ အာဗေလရဲ့နာမည် ဖြစ်နိုင်တယ်။ (ဟေဗြဲ ၁၁:၄) ဒီအသက်စာစောင်က နာမည်စာရင်းတစ်ခုလောက်သာမဟုတ်ဘဲ ယေဟောဝါဘုရားက “မိမိ၏လူတို့ကို သိကျွမ်း” တဲ့ မေတ္တာရှင်ဘုရားသခင် ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။​—၂ တိမောသေ ၂:၁၇; ၁ ယောဟန် ၄:၈။

“အသက်စာစောင်” မှာ ရေးမှတ်ထားတဲ့ နာမည်တွေက ပယ်ဖျက်ခံရနိုင်သလား

ပယ်ဖျက်ခံရနိုင်ပါတယ်။ နာခံမှုမရှိတဲ့ ရှေးခေတ် အစ္စရေးလူမျိုးကို ဘုရားသခင် ဒီလိုမိန့်ဆိုခဲ့တယ်– “အကြင်သူသည် ငါ့ကို ပြစ်မှား၏။ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည်။” (ထွက်မြောက်ရာ ၃၂:၃၃) ကျွန်ုပ်တို့က ဆက်ပြီးသစ္စာရှိမယ်ဆိုရင်တော့ “အသက်စာလိပ်” မှာ ကျွန်ုပ်တို့နာမည် ဆက်ရှိနေမှာဖြစ်တယ်။​—ဗျာဒိတ် ၂၀:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ