ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၂၅
  • တခြားသူတွေကို ဘာကြောင့် ကူညီပေးသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တခြားသူတွေကို ဘာကြောင့် ကူညီပေးသင့်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတော်တော်များများမသိတဲ့ လျှို့ဝှက်ချက် နှစ်ခု
  • ဂရုစိုက်တတ်တဲ့ လူငယ်တွေ
  • တခြားသူတွေကို ဘယ်လိုကူညီပေးနိုင်သလဲ
  • ရက်ရောပါ
    နိုးလော့!—၂၀၂၅
  • ငါ့မိဘတွေအကြောင်း ငါဘယ်လို ပိုသိနိုင်မလဲ
    နိုးလော့!—၂၀၀၉
  • ရက်ရောစွာ ပေးကမ်းသူတွေ ပျော်ရွှင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • မိဘတွေနဲ့ တစ်ချိန်လုံး စကားများနေတာ ဘာကြောင့်လဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၂၅

လူငယ်များအမေး

တခြားသူတွေကို ဘာကြောင့် ကူညီပေးသင့်သလဲ

  • လူတော်တော်များများမသိတဲ့ လျှို့ဝှက်ချက် နှစ်ခု

  • ဂရုစိုက်တတ်တဲ့ လူငယ်တွေ

  • တခြားသူတွေကို ဘယ်လိုကူညီပေးနိုင်သလဲ

လူတော်တော်များများမသိတဲ့ လျှို့ဝှက်ချက် နှစ်ခု

လျှို့ဝှက်ချက် ၁– ပေးတယ်ဆိုရင် ပြန်ရလိမ့်မယ်။

သင်က ရက်ရောသူဖြစ်တယ် ဆိုတာကို တခြားသူတွေ သတိထားမိလာပြီး သင့်အပေါ် ပြန်ရက်ရောကြပါလိမ့်မယ်။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားတယ်–

  • “ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ . . . ကိုယ်ချိန်ပေးတဲ့ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်။”—လုကာ ၆:၃၈။

  • “သူများကို ပေးကမ်းရင် သင်လည်း ရလိမ့်မယ်။”—လုကာ ၆:၃၈၊ နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း။

လျှို့ဝှက်ချက် ၂– သင်က တခြားသူတွေကို ကူညီတယ်ဆိုရင် တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ကူညီနေတာ ဖြစ်တယ်။

တခြားသူတွေကို ကူညီပေးခြင်းက ကိုယ့်ကိုယ်ကိုယ် လေးစားမှု မြင့်တက်စေပြီး ပေးကမ်းခြင်းကနေ ရရှိတဲ့ စိတ်ကျေနပ်မှုကို ခံစားရတယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်–

  • “ပေးကမ်းခြင်းဟာ ရယူခြင်းထက် ပိုပြီး ဝမ်းမြောက်စရာကောင်းတယ်။”—တမန်တော် ၂၀:၃၅၊ နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း။

  • “သင်သည် ပွဲခံလျှင် ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေဆွံ့သူ၊ မျက်မမြင်သူတို့ကို ဖိတ်ခေါ်လော့။ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍ သင်တို့သည် ပျော်ရွှင်လိမ့်မည်။”—လုကာ ၁၄:၁၃၊ ၁၄။

ဂရုစိုက်တတ်တဲ့ လူငယ်တွေ

တခြားသူတွေကို ဂရုစိုက်တတ်တဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ အောက်ပါ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

“တစ်ခါတလေ ကျွန်မ တီဗွီကြည့်ချင်လာတဲ့အခါ အလုပ်လုပ်နေကြတဲ့ အဖေနဲ့ အမေအကြောင်းကို စဉ်းစားလိုက်တယ်။ အလုပ်ကနေ သူတို့ အိမ်ပြန်ရောက်လာတဲ့အခါ အရမ်းပင်ပန်းနေကြမှာ။ ဒါနဲ့ ကျွန်မလည်း ထပြီး ပန်းကန်ဆေး၊ ဖုန်စုပ်၊ ကြမ်းတိုက်ထားလိုက်တယ်။ အဖေနဲ့ အမေက ကော်ဖီကြိုက်တဲ့အတွက် ကော်ဖီလည်း အဆင်သင့်လုပ်ထားလိုက်တယ်။ အမေ အိမ်ပြန်ရောက်လာတဲ့အခါ ‘အိမ်ပြန်ရောက်လာတာ စိတ်ချမ်းသာလိုက်တာ၊ တစ်အိမ်လုံးကို သန့်ရှင်းသပ်ရပ်နေတာပဲ၊ လိမ္မာလိုက်တဲ့သမီးလေး’ လို့ ကျွန်မကို ပြောတယ်။ အဖေနဲ့ အမေအတွက် အဲဒီလို တစ်ခုခုလုပ်ပေးရတဲ့အတွက် ကျွန်မလည်း ပျော်တယ်။”—ခေဆီ။

“ကျွန်မမိဘတွေက ကျွန်မ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်။ ဒါကြောင့် မနှစ်က အဖေတို့ရဲ့ကား အကြီးစားပြုပြင်ဖို့ လိုအပ်လာတဲ့အခါ ကားပြင်စရိတ်ကို ကျွန်မ ထုတ်ပေးခဲ့တယ်။ တကယ်တော့ အဲဒီပိုက်ဆံကို အကြာကြီး စုထားခဲ့ရတာ။ အဖေတို့ကတော့ ငြင်းပါတယ်။ ဒါပေမဲ့ အဖေတို့ကို အဲဒီထက်ပိုပြီး ကူညီပေးထိုက်ပါတယ်။ အဖေနဲ့ အမေကို ကူညီပေးရတာ၊ ရက်ရောတဲ့သူတစ်ယောက် ဖြစ်ရတာ ကျွန်မ အရမ်းပျော်တယ်။”—ဟော်လီ။

ဒါတွေကို သိပါသလား။ ယေဟောဝါသက်သေ လူငယ်တွေဟာ တခြားသူတွေကို ကျမ်းစာပညာပေးလုပ်ငန်းနဲ့ ကူညီပေးနေရတဲ့အတွက် ပျော်ရွှင်နေကြတယ်။ တချို့သူတွေဟာ ကျမ်းစာသွန်သင်သူတွေ ပိုလိုအပ်နေတဲ့ နိုင်ငံရပ်ခြားဒေသတွေကိုတောင် ပြောင်းရွှေ့ပြီး ကူညီပေးနေကြပါတယ်။

“ကျွန်တော်က အမေရိကန်ပြည်ထောင်စု ကပါ။ ကျမ်းစာသွန်သင်သူတွေ ပိုလိုအပ်နေတဲ့ မက္ကဆီကို ကို ပြောင်းရွှေခဲ့ပါတယ်။ ငွေနဲ့ ပစ္စည်းတွေကို ရက်ရက်ရောရော ပေးဖို့ တစ်ခါတလေမှာ ကျွန်တော့်အတွက် ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ ပိုင်ဆိုင်မှု များများစားစား မရှိဘူးလေ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အချိန်နဲ့ ခွန်အားတွေကို အမှုဆောင်လုပ်ငန်းမှာ အသုံးပြုတာက ပစ္စည်းဥစ္စာပေးတာထက် ပိုပြီး ကျေးဇူးတင်ကြတာကို ကျွန်တော် သိလာတယ်။”—အီဗန်။

တခြားသူတွေကို ဘယ်လိုကူညီပေးနိုင်သလဲ

တခြားသူတွေကို ကူညီပေးခြင်းကရတဲ့ ပျော်ရွှင်မှုကို ခံစားလိုပါသလား။ အောက်မှာ အကြံပြုချက်တချို့ ဖော်ပြပေးထားပါတယ်။

မိသားစုကို ကူညီပေးနိုင်ရာများ–

  • လုပ်ဖို့မခိုင်းရင်တောင် အိမ်သန့်ရှင်းရေးလုပ်ပါ၊ ပန်းကန်တွေဆေးကြောပါ၊ အခန်းကို သန့်ရှင်းရေးလုပ်ပါ

  • အစားအစာချက်ပြုတ်ပါ

  • မိဘတွေကို ကျေးဇူးတင်ကြောင်း ပြောပါ

  • မောင်နှမတွေကို ကူညီပေးပါ၊ သူတို့ရဲ့အိမ်စာကို ဝိုင်းကူပေးပါ

မိသားစုဝင်မဟုတ်သူတွေကို ကူညီပေးနိုင်ရာများ–

  • နေမကောင်းတဲ့သူဆီ ကတ်တစ်ခု ပို့ပေးနိုင်တယ်

  • သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ခြံကို ရှင်းပေးနိုင်ပါတယ်

  • အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်မထွက်နိုင်တဲ့သူဆီ လည်ပတ်နိုင်တယ်

  • အခက်အခဲ ရင်ဆိုင်နေရတဲ့သူအတွက် လက်ဆောင်တစ်ခု ဝယ်ပေးနိုင်တယ်

အကြံပြုချက်– သင့်ကိုယ်ပိုင် စိတ်ကူးလေးတွေ စဉ်းစားကြည့်ပါ။ ဒီအပတ်အတွင်း တစ်ယောက်ယောက်ကို ကူညီပေးမယ်ဆိုပြီး ပန်းတိုင်ချပါ။ ခံစားရတဲ့ပျော်ရွှင်မှုကြောင့် သင်အံ့အားသင့်ရပါလိမ့်မယ်။

“တခြားသူတွေကို ကူညီပေးတဲ့အခါ ပျော်ရွှင်မှုခံစားရတယ်။ အကျိုးရှိတဲ့အရာတစ်ခုကို လုပ်လိုက်ပြီဆိုတဲ့ ခံစားချက်ရှိစေပြီး တခြားသူတွေကလည်း အဲဒီလုပ်ရပ်ကို တန်ဖိုးထားလေးမြတ်တာကို တွေ့ရတယ်။ အဲဒီလိုကူညီပေးလို့ ကိုယ်ထင်မထားမိတဲ့ ပျော်ရွှင်မှု ရရှိနိုင်ပါတယ်။ အများကြီး ပြန်ရတဲ့အတွက် ငါကူညီပေးတာကတောင် ဘာမှမဟုတ်ပါလားလို့ ခံစားရနိုင်ပါတယ်။”—အယ်လင်းနာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ