ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၂၇
  • ငါ့မှာ ဘာဖြစ်လို့ သူငယ်ချင်းတစ်ယောက်မှ မရှိရတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ့မှာ ဘာဖြစ်လို့ သူငယ်ချင်းတစ်ယောက်မှ မရှိရတာလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထီးကျန်မှုနဲ့ပတ်သက်တဲ့မေးခွန်း
  • သူငယ်ချင်းဖွဲ့ခြင်းနဲ့ အထီးကျန်စိတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာများ
  • အထီးကျန်စိတ်ကို အောင်မြင်နိုင်ပုံ
  • အထီးကျန်ခြင်းက သင့်ဘဝကို မညှိုးနွမ်းပါစေနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ဖျက် ရပါလိမ့်
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • အထီးကျန်မှုကို လက်တွေ့ဖြေရှင်းနိုင်ပုံ
    နိုးလော့!—၂၀၁၅
  • ဖြေရှင်းနည်းများ သင်ရှာတွေ့နိုင်ပုံ
    နိုးလော့!—၂၀၁၀
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၂၇
အထီးကျန်စိတ်ခံစားနေရတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်

လူငယ်များအမေး

ငါ့မှာ ဘာဖြစ်လို့ သူငယ်ချင်းတစ်ယောက်မှ မရှိရတာလဲ

သင်က အင်တာနက်ဖွင့်ပြီး ပါတီပွဲမှာ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကြည့်နေတယ်။ သူငယ်ချင်းအားလုံး အဲဒီပွဲမှာ ရှိနေပြီး ကောင်းကောင်းပျော်နေကြတယ်။ ဒါပေမဲ့ အဲဒီပျော်စရာကောင်းတဲ့ အုပ်စုထဲမှာ သင်မပါဘူး။

‘ငါ့ကိုကျတော့ ဘာဖြစ်လို့ မဖိတ်တာလဲ’ လို့ စဉ်းစားနေမိတယ်။

သိချင်စိတ်ကနေ နာကြည်းစိတ်တွေ ဖြစ်သွားတယ်။ သူငယ်ချင်းတွေ ငါ့ကို သစ္စာဖောက်တယ်လို့ ခံစားရတယ်။ သူငယ်ချင်းတွေနဲ့ ကိုယ်ရဲ့ ဆက်ဆံရေးက သဲနဲ့အိမ်ဆောက်သလိုပါပဲလား။ အထီးကျန်စိတ်တွေ ဝင်ပြီး ‘ငါ့မှာ ဘာဖြစ်လို့ သူငယ်ချင်းတစ်ယောက်မှ မရှိရတာလဲ’ လို့ မေးမိတယ်။

  • အထီးကျန်မှုနဲ့ပတ်သက်တဲ့မေးခွန်း

  • သူငယ်ချင်းဖွဲ့ခြင်းနဲ့ အထီးကျန်စိတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာများ

  • အထီးကျန်စိတ်ကို အောင်မြင်နိုင်ပုံ

  • ရွယ်တူချင်းတွေပြောဆိုရာ

  • သူငယ်ချင်းဖွဲ့ဖို့ စိုးရိမ်နေမှုတွေကို အောင်မြင်ကျော်လွှားခြင်း

အထီးကျန်မှုနဲ့ပတ်သက်တဲ့မေးခွန်း

မှန်သလား၊ မှားသလား

  1. ၁။ သူငယ်ချင်းအများကြီးရှိရင် ဘယ်တော့မှ အထီးမကျန်ဘူး။

  2. ၂။ အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက်ကို သုံးရင် ဘယ်တော့မှ အထီးမကျန်ဘူး။

  3. ၃။ ဖုန်းနဲ့ ကိုယ့်စိတ်ကြိုက် စာတွေပို့နေရရင် ဘယ်တော့မှ အထီးကျန်မှာ မဟုတ်ဘူး။

  4. ၄။ သူများအကြိုက် လိုက်လုပ်ပေးနေရင် ဘယ်တော့မှ အထီးမကျန်ဘူး။

လေးခုစလုံးရဲ့ အဖြေကတော့ မှားတယ်။

ဘာကြောင့်လဲ။

သူငယ်ချင်းဖွဲ့ခြင်းနဲ့ အထီးကျန်စိတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာများ

  • သူငယ်ချင်းအများကြီးရှိတာက ဘယ်တော့မှ အထီးမကျန်ဘူးဆိုတဲ့ အာမခံချက် မဟုတ်ပါ။

    “သူငယ်ချင်းတွေကို ကျွန်မ ဂရုစိုက်တယ်။ ဒါပေမဲ့ တစ်ခါတလေ သူတို့ ကျွန်မကို ဂရုမစိုက်ဘူးလို့ ခံစားရတယ်။ သူငယ်ချင်းတွေ အများကြီးရှိပေမဲ့ သူတို့က ကိုယ့်ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုရင် အဆိုးဆုံး အထီးကျန်မှုကို ခံစားရနိုင်တယ်။”​—အန်း။

  • အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက်ကိုသုံးတာက ဘယ်တော့မှ အထီးမကျန်ဘူးဆိုတဲ့ အာမခံချက် မဟုတ်ပါ။

    “တချို့သူတွေက အရုပ်တွေစုသလိုမျိုး အွန်လိုင်းပေါ်မှာ သူငယ်ချင်း အများကြီးထားကြတယ်။ အရုပ်တွေ အခန်းပြည့်ရှိနေရုံနဲ့ အချစ်ခံရတယ်လို့ မခံစားရသလိုပါပဲ၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆက်ဆံရေးမျိုးမရှိဘူးဆိုရင် အွန်လိုင်းသူငယ်ချင်းတွေက ကိုယ့်အတွက်တော့ သက်မဲ့အရုပ်တွေလိုပါပဲ။”​—အီလိန်း။

  • ဖုန်းနဲ့ ကိုယ့်စိတ်ကြိုက် စာတွေပို့နေရရင် ဘယ်တော့မှ အထီးကျန်မှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက် မဟုတ်ပါ။

    “တစ်ခါတလေ အထီးကျန်စိတ်ဝင်လာတဲ့အခါ သူငယ်ချင်းတွေများ စာလေးဘာလေး ပို့ထားသလားဆိုပြီး ဖုန်းကိုစစ်ကြည့်လိုက်တယ်။ အထီးကျန်စိတ်ကလည်းဝင်နေ၊ ဘယ်သူငယ်ချင်းကမှလည်း အဆက်အသွယ် မလုပ်ဘူးဆိုရင် ပိုတောင် အထီးကျန်သွားတယ်။”​—ဆရီနာ။

  • သူများအကြိုက် လိုက်လုပ်ပေးနေရင် ဘယ်တော့မှ အထီးမကျန်ဘူးဆိုတဲ့ အာမခံချက် မဟုတ်ပါ။

    “သူငယ်ချင်းတွေကို ကျွန်တော် အမြဲတမ်း အိတ်စိုက် ပေါင်းသင်းခဲ့တယ်။ သူတို့ကျတော့ တစ်ပြားမှမထုတ်ဘူး။ နှမြောလို့ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့စိတ်ထားကို အံ့သြမိတယ်ဗျာ။”​—ရစ်ချက်။

သိထားရမယ့်အချက်– အထီးကျန်စိတ်ဆိုတာ တကယ်တော့ ကိုယ့်စိတ်သဘောထားပါပဲ။ “အထီးကျန်စိတ်က အပြင်ကလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ ဖြစ်ပေါ်လာတာပါ” လို့ အမျိုးသမီးငယ် ဂျင်နက်တ် က ပြောပြတယ်။

သူငယ်ချင်းမရှိလို့ အထီးကျန်စိတ် ခံစားနေရရင် ဘာလုပ်နိုင်မလဲ။

အထီးကျန်စိတ်ကို အောင်မြင်နိုင်ပုံ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ကင်းမဲ့နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိအောင် ကြိုးစားပါ။

“အထီးကျန်စိတ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု မရှိတာကနေ မြစ်ဖျားခံနိုင်တယ်။ ငါ့ကို ဘယ်သူကမှ စိတ်ဝင်တစား၊ အရေးတယူလုပ်မှာ မဟုတ်ဘူးလို့ ခံစားနေရတယ်ဆိုရင် ကိုယ်ကအစပြုပြီး မိတ်ဆွေဖွဲ့နိုင်မှာ မဟုတ်ဘူး။”​—ဂျင်နက်တ်။

သမ္မာကျမ်းစာပြောဆိုရာ– “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။” (ဂလာတိ ၅:၁၄) သူငယ်ချင်းနှောင်ကြိုး ခိုင်မြဲချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အတော်အတန် လေးစားမှုရှိဖို့လိုသလို တစ်ကိုယ်ကောင်းမဆန်ဖို့လည်း လိုပါတယ်။​—ဂလာတိ ၆:၃၊ ၄။

ကိုယ့်ကိုယ်ကိုယ်သနားစိတ်ဝင်နေတဲ့ ဆယ်ကျော်သက်ယောက်ျားလေးတစ်ယောက်

ကိုယ့်ကိုယ်ကိုယ် သနားလွန်းခြင်းကို ရှောင်ပါ။

“အထီးကျန်စိတ်ဆိုတာ ရုန်းလေနစ်လေဖြစ်တဲ့ နွံနဲ့တူတယ်။ တကယ်လို့ သင်က ကိုယ့်ကိုယ်ကိုယ် သနားလွန်းနေရင် လူတွေ ကိုယ့်ကို ပေါင်းသင်းချင်စိတ်ရှိမှာမဟုတ်ဘူး။ ဒီတော့ အထီးကျန်စိတ် ပိုများလာတယ်။”​—အီရင်။

သမ္မာကျမ်းစာပြောဆိုရာ– “မေတ္တာသည် ... ကိုယ့်အကျိုးကို မရှာတတ်။” (၁ ကောရိန္သု ၁၃:၄၊ ၅) ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အာရုံစိုက်နေမယ်ဆိုရင် သူများကို စာနာတတ်တော့မှာမဟုတ်ဘူး။ အဲဒီအခါ သူများကလည်း ကိုယ့်ကို မပေါင်းချင်တော့ဘူး။ (၂ ကောရိန္သု ၁၂:၁၅) ကိုယ်အထီးမကျန်ဖို့က သူများအပေါ်မူတည်နေတယ်ဆိုရင် အမြဲအထီးကျန်နေမှာပဲ။ “ငါ့ကို ဘယ်သူမှ ဖုန်းမခေါ်ဘူး၊” “ငါ့ကို ဘယ်သူမှ မဖိတ်ဘူး” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သနားနေရင် ဘယ်တော့မှ ပျော်နိုင်မှာမဟုတ်ဘူး။ သူများကို လိုတာထက်ပို အရေးမစိုက်ပါနဲ့။

ဆယ်ကျော်သက်ယောက်ျားလေးတစ်ယောက် စီးကရက်သောက်ဖို့ ကမ်းလှမ်းခံရတာကို ငြင်းပယ်နေ

သူငယ်ချင်းဖြစ်ချင်တာနဲ့ပဲ ကိုယ့်ရဲ့စံနှုန်းတွေကို လျှော့မချပါနဲ့။

“အထီးကျန်နေတဲ့သူတွေဟာ ဂရုစိုက်ခံချင်ကြတယ်။ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို ဂရုစိုက်ရင်ပြီးရော ဆိုတဲ့ သဘောမျိုး ဝင်သွားနိုင်တယ်။ အဲဒီတော့ လိုချင်တဲ့ ဂရုစိုက်မှုတော့ရပါရဲ့။ ကိုယ့်ကို အမြတ်ထုတ် အသုံးချသွားတဲ့အခါ အရင်ကထက် ပိုအထီးကျန်ရပါလိမ့်မယ်။”​—ဘရီအဲန်။

သမ္မာကျမ်းစာပြောဆိုရာ– “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သုတ္တံ ၁၃:၂၀) ငတ်မွတ်နေတဲ့သူတစ်ယောက်က တွေ့သမျှကို စားမှာပဲ။ အဲဒီလိုပဲ၊ သူငယ်ချင်း အရမ်းလိုချင်နေတဲ့လူတွေဟာ ဘယ်လိုလူစားမျိုးကိုပဲဖြစ်ဖြစ် သူငယ်ချင်းတော်ချင်ကြမှာ ဖြစ်တယ်။ အဲဒီလိုသူတွေဟာ ဒီလိုဖြစ်နေကျပဲ၊ ဒီထက်ကောင်းတာ ရှိမှမရှိတာလို့ စဉ်းစားပြီး တခြားသူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်တာကို ခံရတတ်ကြတယ်။

တကယ်တော့ လူတိုင်း အထီးကျန်စိတ် ဝင်တတ်ပါတယ်။ အနည်းနဲ့အများပဲကွာတယ်။ အထီးကျန်စိတ်က စိတ်ပျက်လက်ပျက်ဖြစ်စေနိုင်ပေမဲ့ တကယ်တော့ အဲဒါက ခံစားချက်တစ်ခုပါပဲ။ ခံစားချက်တွေဟာ ကိုယ့်ရဲ့စဉ်းစားတွေးခေါ်ပုံကြောင့် ဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့စဉ်းစားတွေးခေါ်ပုံကို ထိန်းချုပ်နိုင်ပါတယ်။

တခြားသူတွေဆီကနေလည်း တရားလွန် မမျှော်လင့်ပါနဲ့။ “လူတိုင်းဟာ ကိုယ်ရဲ့ အကောင်းဆုံးသူငယ်ချင်း အမြဲမဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကို ဂရုစိုက်တဲ့ သူငယ်ချင်းကောင်းတွေကို သင် ရှာတွေ့ပါလိမ့်မယ်။ ဂရုစိုက်ပေးရင်ပဲ လုံလောက်ပါပြီ။ အဲဒါက အထီးကျန်စိတ်ကို သက်သာစေတယ်” လို့ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျင်နက်တ် က ပြောပြတယ်။

နောက်ထပ်အကြုံပြုချက်တွေ လိုချင်သေးသလား။ “သူငယ်ချင်းဖွဲ့ဖို့ စိုးရိမ်နေမှုတွေကို အောင်မြင်ကျော်လွှားခြင်း” ဆိုတဲ့အကြောင်းကို ဖတ်ပါ။ ဒါ့အပြင် “အထီးကျန်မှုကို ရင်ဆိုင်ကျော်လွှားခြင်း” PDF ဖိုင်ကို ကူးယူပါ။

ရွယ်တူချင်းတွေပြောဆိုရာ

ဗာနက်ဆာ

“ခံစားချက်ကို မဖုံးကွယ်ထားပါနဲ့။ ကိုယ်ရဲ့အထီးကျန်မှုအကြောင်း တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ ကိုယ့်လိုပဲခံစားနေရတဲ့ လူတော်တော်များများရှိတယ်ဆိုတာ သိလာပါလိမ့်မယ်။ သူငယ်ချင်းကောင်းတစ်ယောက် ရှိရင်တောင် လုံလောက်ပါပြီ။”—ဗာနက်ဆာ။

တေလာ

“ကိုယ်အထီးကျန်တာ တခြားသူတွေကြောင့်လို့ အမြဲအပြစ်ပုံချလို့ မရဘူး။ တစ်ခါတလေ ကိုယ်က ခပ်ခွာခွာနေရင် အထီးကျန်မှာပဲ။ အဲဒီလိုမဖြစ်ချင်ရင် သူငယ်ချင်းတွေနဲ့ ပြန်ပေါင်းသင်းပါ။ အဆင်မပြေဘူးဆိုရင် သူငယ်ချင်းအသစ်တွေ ရှာပေါ့။”​—တေလာ။

သူငယ်ချင်းဖွဲ့ဖို့ စိုးရိမ်နေမှုတွေကို အောင်မြင်ကျော်လွှားခြင်း

“ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ဟာ နာတာရှည်ရောဂါ ခံစားနေရတယ်။ သူ့ကို စေတနာနဲ့ ဝိုင်းပြီး ဂရုစိုက်ကြတဲ့သူတွေရှိပေမဲ့ ဘယ်သူမှ သူ့ကိုမချစ်ဘူး၊ ဂရုမစိုက်ကြဘူးလို့ ခံစားနေရဆဲပဲ။ သူ့ရဲ့သိမ်ငယ်စိတ်ကို ဖုံးကွယ်ဖို့ ခက်ထန်မာကျောချင်ယောင်ဆောင်တယ်။ အဲဒီလိုလုပ်တဲ့အတွက် သူ့မှာ သူငယ်ချင်းရှားသွားတယ်။ သူ့ကို စတွေ့တဲ့သူတွေကျတော့ ဒီကောင်မလေးက အေးတိအေးစက်နိုင်လိုက်တာ ဆိုတဲ့ အတွေးမျိုးဝင်သွားကြတယ်။ သိပ်စိတ်မရှည်တဲ့သူတွေကျတော့ သူနဲ့ပြောဆိုဆက်ဆံဖို့ တွန့်သွားကြတယ်။

“ကျွန်မသူငယ်ချင်းက စိတ်ထိခိုက်ခံရမှာ စိုးရိမ်လို့ လူတွေ သူ့ကို သူငယ်ချင်းဖွဲ့ဖို့ကြိုးစားလာတဲ့အခါ သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်လို့ ထင်တဲ့အပြင် သူငယ်ချင်းနှောင်ကြိုးကလည်း တည်မြဲမှာ မဟုတ်ဘူးလို့ ထင်ထားတယ်။ လူအများစုက သူ့ကို နားလည်မပေးကြလို့ အထီးကျန်ခံစားနေရရှာတယ်။ တခြားသူတွေကိုလည်း ခံစားချက်တွေ ရင်ဖွင့်ပြောဆိုလေ့မရှိဘူး။

“ခံစားချက်တွေကို အတိုင်းအတာတစ်ခုအထိ ရင်ဖွင့်လိုက်တာက သူငယ်ချင်းနှောင်ကြိုးကို ပိုခိုင်မြဲစေတဲ့အပြင် အချင်းချင်းနားလည်ပေးဖို့လည်း ထောက်ကူပေးတယ်ဆိုတာ ကျွန်မရဲ့သူငယ်ချင်းကို သိစေချင်လိုက်တာ။ အဲဒီလိုသာဆိုရင် သူလိုချင်တောင့်တနေတဲ့ သူငယ်ချင်းတွေ အများကြီးရလာမှာ။ နောက်ဆုံးမှာ ကျွန်မရဲ့သူငယ်ချင်း မိတ်ဆွေဖွဲ့ဖို့ စိုးရိမ်နေတာကို အောင်မြင်ကျော်လွှားသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”​—အီလိန်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ