ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၉၇
  • ခရစ်တော်ကြွလာခြင်းဆိုတာ ဘာကိုဆိုလိုသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်တော်ကြွလာခြင်းဆိုတာ ဘာကိုဆိုလိုသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ခရစ်တော်ပြန်ကြွလာခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • နိုင်ငံတော်အာဏာရထားတ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ခရစ်တော်ကြွလာခြင်း ယင်းကို ကြောက်ရွံ့သင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၉၇
နာမ်ဝိညာဉ်ပုဂ္ဂိုလ် ယေရှုဟာ ဓားရှည်ကိုင်ထား

ခရစ်တော်ကြွလာခြင်းဆိုတာ ဘာကိုဆိုလိုသလဲ

ကျမ်းစာအဖြေ

မြေကြီးပေါ်ကလူတွေကို တရားစီရင်ဖို့ ခရစ်တော်ကြွလာမယ့် အချိန်အကြောင်းဖော်ပြတဲ့ ကျမ်းချက်အတော်များများ ကျမ်းစာမှာပါတယ်။a ဥပမာ၊ မဿဲ ၂၅:၃၁–၃၃ မှာ ခုလိုဖော်ပြထားတယ်–

“လူသား [ယေရှုခရစ်]သည် မိမိဘုန်းတော်ကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်၍၊ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေပြီးလျှင် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို ခွဲခြားသကဲ့သို့ လူတို့ကို ခွဲခြားလိမ့်မည်။ ကိုယ်တော်သည် သိုးတို့ကို လက်ယာဘက်၊ ဆိတ်တို့ကို လက်ဝဲဘက်တွင် ထားတော်မူမည်။”

ဒီတရားစီရင်ရာအချိန်ဟာ လူ့သမိုင်းမှာ တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ “ကြီးစွာသောဒုက္ခ” မှာ ဖြစ်ပါလိမ့်မယ်။ ကြီးစွာသောဒုက္ခရဲ့ အထွတ်အထိပ်ကတော့ အာမေဂဒုန်စစ်ပွဲဖြစ်တယ်။ (မဿဲ ၂၄:၂၁; ဗျာဒိတ် ၁၆:၁၆) ပုံဥပမာမှာ ဆိတ်အဖြစ်ဖော်ပြထားတဲ့ ခရစ်တော်ရဲ့ရန်သူတွေဟာ “ထာဝရပျက်စီးခြင်း အပြစ်ဒဏ်စီရင်ချက်” ခံရမှာဖြစ်တယ်။ (၂ သက်သာလောနိတ် ၁:၉; ဗျာဒိတ် ၁၉:၁၁၊ ၁၅) ဒါပေမဲ့ သိုးနဲ့တူတဲ့ သစ္စာရှိကျေးကျွန်တွေကတော့ “ထာဝရအသက်” ရှင်ခွင့်အလားအလာ ရရှိပါလိမ့်မယ်။​—မဿဲ ၂၅:၄၆။

ဘယ်အချိန်မှာ ခရစ်တော် ကြွလာမလဲ

ယေရှုက “ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ” လို့ ပြောခဲ့တယ်။ (မဿဲ ၂၄:၃၆၊ ၄၂; ၂၅:၁၃) ဒါပေမဲ့ ကြွလာမယ့်အချိန်နီးပြီဆိုတဲ့အကြောင်း သိမြင်နိုင်အောင် သိသာထင်ရှားတဲ့ စုပေါင်း “နိမိတ်” ကို ကိုယ်တော် ပေးခဲ့တယ်။​—မဿဲ ၂၄:၃၊ ၇–၁၄; လုကာ ၂၁:၁၀၊ ၁၁။

ခရစ်တော်က နာမ်ဝိညာဉ်ခန္ဓာနဲ့ကြွလာမှာလား၊ အသွေးအသားခန္ဓာနဲ့ ကြွလာမှာလား

ယေရှုဟာ နာမ်ဝိညာဉ်ခန္ဓာနဲ့ ရှင်ပြန်ထမြောက်ခဲ့တာဖြစ်လို့ အသွေးအသားခန္ဓာနဲ့မဟုတ်ဘဲ နာမ်ဝိညာဉ်ခန္ဓာနဲ့ ကြွလာမှာဖြစ်တယ်။ (၁ ကောရိန္သု ၁၅:၄၅; ၁ ပေတရု ၃:၁၈) ဒါကြောင့် ယေရှုက တမန်တော်တွေကို သူမသေဆုံးခင်တစ်ရက်အလိုမှာ ခုလိုပြောနိုင်ခဲ့တာ ဖြစ်တယ်– “ခဏကြာသော် လောကသည် ငါ့ကို မြင်ရတော့မည်မဟုတ်။”​—ယောဟန် ၁၄:၁၉။

ခရစ်တော်ကြွလာခြင်းနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

ယူဆချက်အမှား– “မိုးတိမ်ကိုစီး” ပြီး ယေရှုကြွလာတာကို မြင်ရမယ်ဆိုတဲ့ ကျမ်းစာဖော်ပြချက်က မျက်မြင်ရနည်းနဲ့ ယေရှုကြွလာမှာကို ပြောတာဖြစ်တယ်။​—မဿဲ ၂၄:၃၀။

အမှန်– ကျမ်းစာမှာ မိုးတိမ်ကို မမြင်နိုင်တဲ့အရာနဲ့ ဆက်စပ်ဖော်ပြလေ့ရှိတယ်။ (ဝတ်ပြုရာ ၁၆:၂; တောလည်ရာ ၁၁:၂၅; တရားဟောရာ ၃၃:၂၆) ဥပမာ၊ ဘုရားသခင်က မောရှေကို “ငါသည် ထူထပ်သောမိုးတိမ်တိုက်ဖြင့် သင့်ထံကြွလာမည်” ဆိုပြီး ပြောခဲ့တယ်။ (ထွက်မြောက်ရာ ၁၉:၉၊ ခမ) မောရှေက ဘုရားသခင်ကို စာသားအတိုင်း မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာ မဟုတ်ပါဘူး။ အလားတူ၊ ခရစ်တော် ‘မိုးတိမ်စီးပြီးကြွလာ’ တယ်ဆိုတာက ကိုယ်တော်ကြွလာတာကို လူတွေ ပကတိမျက်စိနဲ့ မမြင်နိုင်ပေမဲ့ သိမြင်နိုင်ကြောင်း ပြောခြင်းဖြစ်တယ်။

ယူဆချက်အမှား– ခရစ်တော်ကြွလာခြင်းနဲ့ ပတ်သက်လို့ ဗျာဒိတ် ၁:၇ မှာ ဖော်ပြထားတဲ့ “မျက်စိတိုင်း မြင်ကြရလိမ့်မည်” ဆိုတဲ့ ဖော်ပြချက်ကို စာသားအတိုင်း နားလည်ရမယ်။

အမှန်– “မျက်စိ” နဲ့ “မြင်တွေ့ခြင်း” အတွက် ကျမ်းစာမှာအသုံးပြုထားတဲ့ ဂရိစကားလုံးတွေဟာ ပကတိတွေ့မြင်ရတာကိုမဟုတ်ဘဲ ပိုင်းခြားသိမြင်တာ၊ သဘောပေါက်တာကိုဖော်ပြဖို့ သုံးတဲ့အခါတွေ ရှိတယ်။b (မဿဲ ၁၃:၁၅; လုကာ ၁၉:၄၂; ရောမ ၁၅:၂၁; ဧဖက် ၁:၁၈) ကျမ်းစာမှာ ရှင်ပြန်ထမြောက်လာတဲ့ ယေရှုကို “မချဉ်းကပ်နိုင်သော အလင်း၌ စံတော်မူ၍ . . . မည်သူမျှ . . . မမြင်နိုင်သောသူ” အဖြစ် ဖော်ပြထားတယ်။ (၁ တိမောသေ ၆:၁၆) ဒါကြောင့် “မျက်စိတိုင်း မြင်ကြရလိမ့်မည်” ဆိုတာက ဘုရားသခင့်တရားစီရင်ချက်ကို လုပ်ဆောင်မယ့်သူဟာ ယေရှုဖြစ်ကြောင်း လူတွေ နားလည်သဘောပေါက်လာမှာကို ပြောနေခြင်းဖြစ်တယ်။​—မဿဲ ၂၄:၃၀။

ယူဆချက်အမှား– ၂ ယောဟန် ၇ မှာပါတဲ့ ဖော်ပြချက်အရ ယေရှုဟာ သွေးသားခန္ဓာနဲ့ကြွလာမှာ ဖြစ်တယ်။

အမှန်– “ယေရှုသည် လူ့ဇာတိကိုခံယူပြီး ကြွလာကြောင်းကို မယုံကြည်သော လှည့်ဖြားသူများစွာ လောက၌ ပေါ်လာပြီ။ ထိုသို့သောသူကား လှည့်ဖြားသူ၊ ခရစ်တော်ကို ဆန့်ကျင်သူ ဖြစ်၏” လို့ အဲဒီကျမ်းချက်မှာ ဖော်ပြထားတယ်။

တမန်တော် ယောဟန်ခေတ်က လူတချို့ဟာ လူသားတစ်ဦးအနေနဲ့ ယေရှု မြေကြီးပေါ်ဆင်းသက်လာတာကို လက်မခံခဲ့ကြဘူး။ သူတို့ကို အသိပညာပဓာနဝါဒီတွေလို့ ခေါ်တယ်။ ယောဟန်ဒုတိယစာစောင် အခန်းငယ် ၇ က သူတို့ရဲ့ ယူဆချက်မှားကြောင်း ချေပရေးသားထားတာ ဖြစ်တယ်။

a လူများစွာက ခရစ်တော်ကြွလာခြင်းအတွက် “ဒုတိယအကြိမ်ပြန်ကြွလာခြင်း” ဒါမှမဟုတ် “ဒုတိယအကြိမ်ပေါ်ထွန်းခြင်း” ဆိုပြီးသုံးကြပေမဲ့ အဲဒီအသုံးအနှုန်းတွေကို ကျမ်းစာမှာ မတွေ့ရဘူး။

b The New Thayer’s Greek–English Lexicon of the New Testament (1981) စာမျက်နှာ ၄၅၁ နဲ့ ၄၇၀ ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ