ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၉၉
  • ကျွန်တော့်ကို ဘုရားသခင် ခွင့်လွှတ်ပါ့မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်တော့်ကို ဘုရားသခင် ခွင့်လွှတ်ပါ့မလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ အဖြေ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “ခွင့်လွှတ်ရန် အသင့်ရှိ” တော်မူသောဘုရားသခင်
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ယေဟောဝါ၊ “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသောဘုရားသခင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၉၉
လူငယ်တစ်ဦး ဒူးထောက်ပြီး စိတ်ထက်သန်စွာ ဆုတောင်းနေ

ကျွန်တော့်ကို ဘုရားသခင် ခွင့်လွှတ်ပါ့မလား

ကျမ်းစာ အဖြေ

လုပ်သင့်လုပ်ထိုက်ရာကို လုပ်ဆောင်မယ်ဆိုရင် သင့်ကို ဘုရားသခင် ခွင့်လွှတ်ပါလိမ့်မယ်။ ဘုရားသခင်ဟာ “ခွင့်လွှတ်ဖို့ အသင့်ရှိတယ်၊” “အကြွင်းမဲ့ ခွင့်လွှတ်” တတ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (နေဟမိ ၉:၁၇; ဆာလံ ၈၆:၅; ဟေရှာယ ၅၅:၇) အကြွင်းမဲ့ ခွင့်လွှတ်တဲ့အပြင် ကျွန်တော်တို့ရဲ့ အပြစ်တွေကို “ပယ်ဖျက်” ပေးတယ်။ (တမန်တော် ၃:၁၉) “သူတို့အပြစ်ကို သတိရမှာ မဟုတ်ဘူး” လို့ ပြောတာကိုကြည့်ရင် ဘုရားသခင်ဟာ အပြစ်တွေကို အပြီးအပိုင် ခွင့်လွှတ်တယ်။ (ယေရမိ ၃၁:၃၄) ခွင့်လွှတ်ပြီးရင်လည်း အဲဒီအပြစ်အတွက် နောက်မှ ပြစ်ဒဏ်ပေးတာမျိုး၊ ပြန်အစဖော်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။

ဒါပေမဲ့ ဘုရားသခင်က စိတ်ပျော့လို့ ဒါမှမဟုတ် သနားကရုဏာသက်လွန်းလို့ ခွင့်လွှတ်တာမျိုးတော့ မဟုတ်ဘူး။ မိမိရဲ့ ဖြောင့်မတ်တဲ့စံနှုန်းတွေကို ဘယ်တော့မှ မပြောင်းလဲဘူး။ ဒါကြောင့် တချို့သောအပြစ်တွေကိုတော့ ဘုရား ခွင့်မလွှတ်ဘူး။​—ယောရှု ၂၄:၁၉၊ ၂၀။

ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုရဖို့ လုပ်ဆောင်ရမယ့်အချက်များ

  1. ဘုရားသခင့်စံနှုန်းတွေကို ချိုးဖောက်မိကြောင်း ကိုယ့်အပြစ်ကို ဝန်ခံပါ။ သင့်လုပ်ရပ်ကြောင့် ထိခိုက်နစ်နာသူတွေ ရှိတာမှန်ပေမဲ့ ဘုရားသခင်ကို ပြစ်မှားမိပြီဆိုတာ ဦးဆုံး အသိအမှတ်ပြုရမယ်။​—ဆာလံ ၅၁:​၁၊ ၄; တမန်တော် ၂၄:၁၆။

  2. အပြစ်အတွက် ဘုရားသခင်ဆီ ဆုတောင်းပြီး ဝန်ချတောင်းပန်ပါ။​—ဆာလံ ၃၂:​၅; ၁ ယောဟန် ၁:၉။

  3. လုပ်မိတဲ့အပြစ်အတွက် စိတ်ရင်းမှန်နဲ့ ဝမ်းနည်းရမယ်။ “ဘုရားသခင့် အလိုတော်နဲ့ညီတဲ့ ဝမ်းနည်းမှုက” နောင်တရစေပြီး စိတ်နှလုံးကို ပြုပြင်ပြောင်းလဲစေတယ်။ (၂ ကောရိန္သု ၇:၁၀) အပြစ်ကျူးလွန်မိစေတဲ့ လုပ်ရပ်မှားတွေအတွက် နောင်တရခြင်း ပါဝင်တယ်။​—မဿဲ ၅:၂၇၊ ၂၈။

  4. လမ်းစဉ်ကို ပြောင်းလဲပါ၊ တစ်နည်းအားဖြင့် “ပြန်လှည့်လာ” ရမယ်။ (တမန်တော် ၃:၁၉) အပြစ်တစ်ခုကို ထပ်တလဲလဲ မကျူးလွန်မိအောင် ရှောင်တာ ဒါမှမဟုတ် စဉ်းစားတွေးတောပုံ၊ ပြုမူပုံအားလုံးကို ပြောင်းလဲပစ်တာကို ဆိုလိုတယ်။​—ဧဖက် ၄:​၂၃၊ ၂၄။

  5. အမှားကို ပြင်ပါ၊ အမှားအတွက် ပြုပြင်နိုင်တာမှန်သမျှကို လုပ်ဆောင်ပါ။ (မဿဲ ၅:၂၃၊ ၂၄; ၂ ကောရိန္သု ၇:၁၁) ကိုယ့်လုပ်ရပ်၊ ကိုယ့်အမှားကြောင့် ထိခိုက်နစ်နာသွားသူတွေကို တောင်းပန်ပါ၊ အတတ်နိုင်ဆုံး ပြန်ပေးဆပ်ပါ။​—လုကာ ၁၉:၇–၁၀။

  6. ယေရှုရဲ့ရွေးဖိုးကို အခြေခံပြီး ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းပါ။ (ဧဖက် ၁:၇) ကိုယ့်ဆုတောင်းချက်ကို နားထောင်စေချင်တယ်ဆိုရင် သူတစ်ပါးရဲ့အပြစ်ကို ခွင့်လွှတ်ရမှာ ဖြစ်တယ်။​—မဿဲ ၆:၁၄၊ ၁၅။

  7. ကြီးလေးတဲ့အပြစ် ကျူးလွန်မိခဲ့ရင် ဘုရားသခင်နဲ့ဆက်ဆံရေး ပြန်ကောင်းအောင် ကူညီပေးနိုင်သူ၊ သင့်အတွက် ဆုတောင်းပေးနိုင်တဲ့ အရည်အချင်းရှိသူတစ်ဦးကို ဖွင့်ပြောပြပါ။​—ယာကုပ် ၅:၁၄–၁၆။

ဘုရားရဲ့ ခွင့်လွှတ်မှု ရရှိခြင်းနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

“အပြစ်တွေများလွန်းလို့ ခွင့်မလွှတ်နိုင်လောက်ဘူး”

အိမ်ထောင်ရေးဖောက်ပြန်မှု၊ လူသတ်မှု ကျူးလွန်ခဲ့ပေမဲ့ ဘုရား ခွင့်လွှတ်မှုရလို့ ဘုရင်ဒါဝိဒ် အကြီးအကျယ် စိတ်ထိမိခဲ့

အိမ်ထောင်ရေးဖောက်ပြန်မှု၊ လူသတ်မှု ကျူးလွန်ခဲ့တဲ့ ဒါဝိဒ်ကို ဘုရားသခင် ခွင့်လွှတ်ခဲ့

ကျွန်တော်တို့ အပြစ်တွေထက် ဘုရားရဲ့ ခွင့်လွှတ်နိုင်စွမ်းက ပိုကြီးမားတယ်။ ဒါကြောင့် ကျမ်းစာမှာပါတဲ့အတိုင်း ဘုရားသခင် တောင်းဆိုထားတာတွေကို လိုက်နာမယ်ဆိုရင် ခွင့်လွှတ်ခံရမှာပါ။ ကြီးလေးတဲ့အပြစ်တွေကိုသာမက ထပ်ခါတလဲ အပြစ်ပြုမိတဲ့သူတွေကိုတောင် ဘုရား ခွင့်လွှတ်ပေးနိုင်ပါတယ်။​—ဟေရှာယ ၁:၁၈။

ဥပမာ၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ လူသတ်မှု ကျူးလွန်ခဲ့တဲ့ အစ္စရေးဘုရင် ဒါဝိဒ် ခွင့်လွှတ်ခံခဲ့ရတယ်။ (၂ ရှမွေလ ၁၂:၇-၁၃) ကမ္ဘာပေါ်မှာ အပြစ်အများဆုံးလို့ ခံစားခဲ့ရသူ တမန်တော်ပေါလုလည်း ခွင့်လွှတ်ခံခဲ့ရတယ်။ (၁ တိမောသေ ၁:၁၅၊ ၁၆) မေရှိယ ယေရှုကိုသတ်တဲ့အပြစ် ကျူးလွန်ခဲ့တဲ့ ပထမရာစု ဂျူးတွေတောင်မှ ပြုပြင်ပြောင်းလဲမယ်ဆိုရင် ခွင့်လွှတ်ခံခဲ့ရတယ်။​—တမန်တော် ၃:၁၅၊ ၁၉။

“ဘုန်းတော်ကြီးဆီမှာဖြစ်ဖြစ်၊ ဓမ္မဆရာဆီမှာဖြစ်ဖြစ် အာပတ်ဖြေလိုက်ရင် ရပါတယ်”

ဘုရားကို ပြစ်မှားတဲ့အပြစ်တွေအတွက် ဘယ်လူသားမှာမှ အပြစ်လွှတ်ပေးနိုင်စွမ်း မရှိဘူး။ တစ်ဦးတစ်ယောက်ဆီ ဝန်ချတောင်းပန်တာက အပြစ်ပြုမိသူကို စိတ်သက်သာရာ ရစေနိုင်ပေမဲ့ ဘုရားသခင်တစ်ပါးတည်းကသာ အပြစ်ကို ခွင့်လွှတ်ပေးနိုင်တယ်။​—ဧဖက် ၄:၃၂; ၁ ယောဟန် ၁:၇၊ ၉။

ဒါဆိုရင် “အပြစ်ကျူးလွန်သူ တစ်ယောက်ကို ခင်ဗျားတို့ ခွင့်လွှတ်မယ်ဆိုရင် ဘုရားသခင်လည်း ခွင့်လွှတ်လိမ့်မယ်။ ခင်ဗျားတို့ ခွင့်မလွှတ်ဘူးဆိုရင်တော့ ဘုရားသခင်လည်း ခွင့်လွှတ်မှာ မဟုတ်ဘူး” ဆိုပြီး တမန်တော်တွေကို ယေရှုပြောခဲ့တာ ဘာကိုဆိုလိုသလဲ။ (ယောဟန် ၂၀:၂၃) တမန်တော်တွေ သန့်ရှင်းသောစွမ်းအားတော်ရရှိတဲ့အခါ မိမိပေးမယ့် ထူးခြားတဲ့အခွင့်အာဏာအကြောင်း ယေရှုပြောနေခြင်း ဖြစ်တယ်။​—ယောဟန် ၂၀:၂၂။

အေဒီ ၃၃ မှာ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခံရချိန်မှာ ကတိအတိုင်း အဲဒီဆုကျေးဇူးကို တမန်တော်တွေ ရခဲ့ကြတယ်။ (တမန်တော် ၂:၁–၄) အာနနိနဲ့ ရှဖိရေကို တမန်တော်ပေတရု တရားစီရင်ချိန်မှာ အဲဒီအခွင့်အာဏာကို သုံးခဲ့တယ်။ သူတို့ရဲ့ ကလိမ်ဉာဏ်ကို အံ့ဖွယ်နည်းနဲ့ သိမြင်ခဲ့ပြီး သူတို့ ခွင့်လွှတ်ခံရမှာ မဟုတ်မှန်း စီရင်ချက်ချပုံက ဖော်ပြတယ်။​—တမန်တော် ၅:၁–၁၁။

ရောဂါပျောက်ကင်းစေနိုင်စွမ်း၊ ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်း စတဲ့ တခြားဆုကျေးဇူးတွေလိုပဲ သန့်ရှင်းသောစွမ်းအားတော်ရဲ့ အံ့ဖွယ်ဆုကျေးဇူးတွေဟာ တမန်တော်တွေ သေဆုံးပြီးနောက် အဆုံးတိုင်သွားတယ်။ (၁ ကောရိန္သု ၁၃:၈–၁၀) ဒါကြောင့် ခုချိန်မှာ ဘယ်လူသားကမှ လူတစ်ယောက်ရဲ့အပြစ်ကို ခွင့်လွှတ်ပေးနိုင်စွမ်း မရှိပါဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ