ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၁၁
  • “နောက်ဆုံးကာလ၊” “အဆုံးပိုင်းကာလ” ရဲ့ နိမိတ်က ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နောက်ဆုံးကာလ၊” “အဆုံးပိုင်းကာလ” ရဲ့ နိမိတ်က ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • “နောက်ဆုံးကာလ” အကြောင်း ကျမ်းစာမှာ ဘာတွေ ကြိုဟောထားသလဲ
  • “နောက်ဆုံးကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေကြပါသလား
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဒီလောကရဲ့အဆုံး နီးပြီလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • “နောက်ဆုံးကာလ” တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိနိုင်ပုံ
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၁၁
ပုံ။ “နောက်ဆုံးသောနေ့ရက်များ” ဖြစ်ကြောင်း သတ်မှတ်တဲ့ အဖြစ်အပျက်များ။ ၁။ ဓမ္မဆရာက ကောင်းခပေးနေ။ ၂။ တင့်ကား။ ၃။ အိပ်ရာထဲ လဲနေတဲ့ လူနာ။ ၄။ စားစရာမရှိတဲ့ ခွက်ကို ဆာငတ်တဲ့ ကလေး ကိုင်ထား။ ၅။ ဒေါသထွက်နေသူတွေ ဆူပူထကြွနေ။ ၆။ သေနတ် ဝှေ့ရမ်းနေတဲ့ လူ။

“နောက်ဆုံးကာလ၊” “အဆုံးပိုင်းကာလ” ရဲ့ နိမိတ်က ဘာလဲ

ကျမ်းစာအဖြေ

“[လက်ရှိ] လောကစနစ် နိဂုံးပိုင်း၊” တစ်နည်းအားဖြင့် “ကပ်ကမ္ဘာကုန်ဆုံးချိန်” မှာ တွေ့ရမယ့် အဖြစ်အပျက်တွေ၊ အခြေအနေတွေ၊ စိတ်နေသဘောထားတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (မဿဲ ၂၄:၃၊ ခေတ်သုံးကျမ်းစာ) ဒီကာလကို ကျမ်းစာက “နောက်ဆုံးကာလ၊” “အဆုံးပိုင်းကာလ” လို့ ခေါ်ထားတယ်။—၂ တိမောသေ ၃:၁။ ဒံယေလ ၈:၁၉။

“နောက်ဆုံးကာလ” အကြောင်း ကျမ်းစာမှာ ဘာတွေ ကြိုဟောထားသလဲ

နောက်ဆုံးကာလ ဖြစ်ကြောင်း သတ်မှတ်ဖော်ပြတဲ့ “နိမိတ်၊” တစ်ပြိုင်တည်း ဖြစ်မယ့်အရာတွေကို ကျမ်းစာက ကြိုဟောထားတယ်။ (လုကာ ၂၁:၇) ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

ကမ္ဘာတစ်ဝန်း စစ်ပွဲများ။ “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်” ဆိုပြီး ယေရှု ကြိုဟောတယ်။ (မဿဲ ၂၄:၇) ဗျာဒိတ် ၆:၄ မှာလည်း “ကမ္ဘာပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်း” မယ့် စစ်ပွဲကို ပုံဆောင်တဲ့ မြင်းစီးသူရဲအကြောင်း ကြိုဟောထားတယ်။

အစာခေါင်းပါးခြင်း။ “အစာခေါင်းပါး” မယ်လို့ ယေရှု ကြိုဟောတယ်။ (မဿဲ ၂၄:၇) နေရာအနှံ့မှာ အစာခေါင်းပါးဘေးကို ပုံဆောင်မယ့် မြင်းစီးသူရဲ နောက်တစ်ဦးအကြောင်း ဗျာဒိတ်ကျမ်းမှာ ကြိုဟောတယ်။—ဗျာဒိတ် ၆:၅၊ ၆။

ငလျင်ကြီးတွေ လှုပ်ခြင်း။ “ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်” လို့လည်း ယေရှု ပြောခဲ့တယ်။ (မဿဲ ၂၄:၇။ လုကာ ၂၁:၁၁) ကမ္ဘာတစ်ဝန်းမှာ ပြင်းထန်တဲ့ ငလျင်ကြီးတွေဟာ မကြုံစဖူး အတိုင်းအတာနဲ့ ဒုက္ခရောက်စေပြီး လူ့အသက်တွေကို ခြွေယူလိမ့်မယ်။

ရောဂါများ။ ယေရှုရဲ့ စကားအရ “ကပ်ရောဂါဘေးတွေ” ဖြစ်လိမ့်မယ်။— လုကာ ၂၁:၁၁။

အကြမ်းဖက်မှုများ။ ရာစုနှစ်တစ်လျှောက် အကြမ်းဖက်မှုတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးကာလမှာ “မတရားမှုတွေ များသည်ထက် များလာ” မယ်လို့ ယေရှု ကြိုဟောတယ်။—မဿဲ ၂၄:၁၂။

ကမ္ဘာမြေကို ဖျက်ဆီးခြင်း။ လူတွေဟာ “ကမ္ဘာမြေကို ဖျက်ဆီး” ကြလိမ့်မယ်လို့ ဗျာဒိတ် ၁၁:၁၈ မှာ ကြိုဟောထားတယ်။ ရက်စက်ကြမ်းကြုတ်တဲ့၊ အကျင့်ပျက်ခြစားတဲ့ လုပ်ရပ်တွေအပြင် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းစတဲ့ နည်းမျိုးစုံနဲ့ ကမ္ဘာမြေကို ဖျက်ဆီးကြလိမ့်မယ်။

ပျက်စီးယိုယွင်းလာတဲ့ စိတ်နေသဘောထားများ။ “လူတွေဟာ . . . ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ . . . ညှိနှိုင်းလို့ မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ” တွေ ဖြစ်လိမ့်မယ်လို့ ၂ တိမောသေ ၃:၁-၄ မှာ ကြိုဟောတယ်။ စိတ်ဓာတ်တွေ ယိုယွင်းပျက်စီးလာတဲ့အတွက် “အလွန် ခက်ခဲကျပ်တည်း” တဲ့ ကာလလို့ ခေါ်ကြလိမ့်မယ်။

မိသားစု ပြိုကွဲခြင်း။ လူတွေဟာ မိသားစုကို ‘ချစ်ခင်တွယ်တာစိတ် မရှိသူ၊’ ကလေးတွေဟာ ‘မိဘစကား နားမထောင်သူတွေ’ ဖြစ်ကြလိမ့်မယ်လို့ ၂ တိမောသေ ၃:၂၊ ၃ မှာ ကြိုဟောထားတယ်။

ဘုရားကို ချစ်တဲ့မေတ္တာ လျှော့နည်းလာခြင်း။ “လူအတော်များများဟာ မေတ္တာတရား ခေါင်းပါးလာလိမ့်မယ်” လို့ ယေရှု ကြိုဟောတယ်။ (မဿဲ ၂၄:၁၂) လူအတော်များများမှာ ဘုရားကို ချစ်တဲ့စိတ် ရှိကြတော့မှာ မဟုတ်ဘူး။ အလားတူ၊ နောက်ဆုံးကာလမှာ လူတွေဟာ “ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်” မယ်လို့ ၂ တိမောသေ ၃:၄ မှာ ပြောတယ်။

ဘာသာတရား အရေခြုံမှုများ။ လူတွေဟာ ဘုရားတရား ကြည်ညိုဟန်ဆောင်ပြီး တရားကို လက်တွေ့ ကျင့်ကြမှာ မဟုတ်ဘူးလို့ ၂ တိမောသေ ၃:၅ မှာ ကြိုဟောထားတယ်။

ကျမ်းစာကြိုဟောချက်များကို ပိုမိုသဘောပေါက်နားလည်လာခြင်း။ “အဆုံးပိုင်းကာလ” မှာ လူတွေဟာ ကြိုဟောချက်တွေကို တိကျမှန်ကန်စွာ သဘောပေါက်လာမယ်၊ စစ်မှန်တဲ့ ကျမ်းစာအသိပညာ တိုးများလာမယ်လို့ ဒံယေလကျမ်းမှာ ကြိုဟောထားတယ်။—ဒံယေလ ၁၂:၄။

ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်း။ “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်” လို့ ယေရှု ကြိုဟောတယ်။—မဿဲ ၂၄:၁၄။

လျစ်လျူရှုမှု၊ ကဲ့ရဲ့လှောင်ပြောင်မှု များလာခြင်း။ ဒီလောကစနစ် ကုန်ဆုံးတော့မယ်ဆိုတဲ့ သက်သေအထောက်အထားတွေကို လူတွေ လျစ်လျူရှုကြမယ်လို့ ယေရှု ကြိုဟောတယ်။ (မဿဲ ၂၄:၃၇-၃၉) အဲဒီအပြင် ၂ ပေတရု ၃:၃၊ ၄ အရ ကဲ့ရဲ့လှောင်ပြောင်သူတချို့ဟာ သက်သေအထောက်အထားတွေကို လုံးဝ ငြင်းပယ်ကြတယ်။

ကြိုဟောချက်အားလုံး ပြည့်စုံခြင်း။ ယေရှုက နောက်ဆုံးကာလမှာ အဲဒီကြိုဟောချက်တွေထဲက အနည်းငယ်၊ ဒါမှမဟုတ် အတော်များများ ပြည့်စုံလာမယ်လို့ မဆိုဘဲ ကြိုဟောချက်အားလုံး တစ်ပြိုင်တည်း ပြည့်စုံလာမယ်လို့ ဆိုတယ်။—မဿဲ ၂၄:၃၃။

“နောက်ဆုံးကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေကြပါသလား

မှန်ပါတယ်။ လက်ရှိ ကမ္ဘာ့အခြေအနေတွေနဲ့ ကျမ်းစာသက္ကရာဇ်စဉ်အရ နောက်ဆုံးကာလဟာ ပထမ ကမ္ဘာစစ် ဖြစ်ပွားတဲ့ ၁၉၁၄ ခုနှစ်မှာ စတင်ခဲ့ကြောင်း ထင်ရှားတယ်။ လက်ရှိ ကမ္ဘာ့အခြေအနေက နောက်ဆုံးကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြောင်း ဖော်ပြပုံကို သိနိုင်ဖို့ အောက်ပါ ဗီဒီယိုကို ကြည့်ပါ။

၁၉၁၄ ခုနှစ်မှာ ဘုရားသခင့် နိုင်ငံတော်ဟာ ကောင်းကင်မှာ စတင်အုပ်စိုးတယ်။ အရင်ဆုံး၊ စာတန် မာရ်နတ်နဲ့ နတ်ဆိုးတွေကို ကောင်းကင်ကနေ နှင်ချပြီး မြေကြီးပေါ်မှာပဲ လှုပ်ရှားသွားလာနိုင်အောင် သူတို့ကို ကန့်သတ်ချုပ်ချယ်လိုက်တယ်။ (ဗျာဒိတ် ၁၂:၇-၁၂) လူတွေရဲ့ စိတ်နေသဘောထား၊ လုပ်ရပ်တွေကို ကြည့်ရင် သူတို့ကို စာတန် အလွန် သြဇာလွှမ်းမိုးထားကြောင်း တွေ့နိုင်တယ်။ ဒါကြောင့် နောက်ဆုံးကာလဟာ “အလွန် ခက်ခဲကျပ်တည်း” ရခြင်း ဖြစ်တယ်။—၂ တိမောသေ ၃:၁။

အခုလို ခက်ခဲကျပ်တည်းချိန်မှာ လူအတော်များများ စိတ်ဒုက္ခတွေ ရောက်နေကြတယ်။ လူအသိုင်းအဝိုင်းတစ်ခုလုံး ပျက်စီးယိုယွင်းလာမှာ စိတ်ပူနေကြတယ်။ တချို့က လူသားထုရဲ့ ရှေ့ရေးကိုတောင် စိုးရိမ်ကြောက်ရွံ့လာကြတယ်။

တစ်ချိန်တည်းမှာ လက်ရှိ ကမ္ဘာ့အခြေအနေတွေကြောင့် စိတ်ဒုက္ခရောက်နေပေမဲ့ တောက်ပတဲ့ အနာဂတ် မျှော်လင့်ချက် ပိုင်ဆိုင်သူတွေလည်း ရှိကြတယ်။ မကြာခင် ဘုရားသခင့် နိုင်ငံတော်က ကမ္ဘာ့ပြဿနာတွေကို ဖယ်ရှားပေးမယ်ဆိုတာ သူတို့ ယုံကြည်တယ်။ (ဒံယေလ ၂:၄၄။ ဗျာဒိတ် ၂၁:၃၊ ၄) ဘုရားကတိတွေ ပြည့်စုံလာမယ့်အချိန်ကို သူတို့ စိတ်ရှည်ရှည် စောင့်မျှော်နေကြတယ်။ “အဆုံးထိ ခံနိုင်ရည် ရှိသူဟာ ကယ်တင်ခံရလိမ့်မယ်” ဆိုတဲ့ ယေရှုရဲ့ စကားကြောင့် သူတို့ စိတ်သက်သာရာ ရကြတယ်။—မဿဲ ၂၄:၁၃။ မိက္ခာ ၇:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ