ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၃၇
  • သန့်ရှင်းခြင်းဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သန့်ရှင်းခြင်းဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • မစုံလင်တဲ့လူဟာ သန့်ရှင်းနိုင်ပါ့မလား
  • ဘုရားသခင်ရှေ့ သန့်ရှင်းတဲ့အနေအထား ဆုံးရှုံးနိုင်သလား
  • သန့်ရှင်းခြင်းနဲ့ပတ်သက်လို့ လွဲမှားတဲ့ယူဆချက်များ
  • ‘မင်းတို့ သန့်ရှင်းရမယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • သန့်ရှင်းမြင့်မြတ်သောအရာများနှင့်ပတ်သက်၍ ယေဟောဝါနည်းတူ သင်ရှုမြင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ‘သင်တို့၏ဘုရားသခင် ငါယေဟောဝါသည် သန့်ရှင်းတော်မူ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်လုံးဖော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၃၇
မောရှေနဲ့ မီးလောင်နေတဲ့ ချုံပုတ်

သန့်ရှင်းခြင်းဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

သန့်ရှင်းခြင်းဆိုတာ အညစ်အကြေး ကင်းစင်ခြင်း ဖြစ်တယ်။ “သန့်ရှင်းခြင်း” လို့ ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးဟာ “သီးသန့်ဖြစ်ခြင်း” လို့အဓိပ္ပာယ်ရတဲ့ မူရင်းစကားလုံးကနေ လာတယ်။ ဒါကြောင့် သန့်ရှင်းတဲ့အရာဆိုတာ သန့်ရှင်းစင်ကြယ်ခြင်းကြောင့် သီးသန့်ဖယ်ထားရာ၊ အထွတ်အမြတ်ထားတဲ့အရာကို ဆိုလိုတယ်။

ဘုရားသခင်ဟာ အမြင့်မြတ်ဆုံး အတိုင်းအတာနဲ့ သန့်ရှင်းတယ်။ “ယေဟောဝါလို သန့်ရှင်းမြင့်မြတ်တဲ့ဘုရား မရှိပါဘူး” လို့ ကျမ်းစာ ဆိုတယ်။a (၁ ရှမွေလ ၂:၂) ဒါကြောင့် ဘုရားသခင်ဟာ သန့်ရှင်းတဲ့စံနှုန်းတွေကို ချမှတ်ထိုက်ပါတယ်။

“သန့်ရှင်းခြင်း” ဆိုတဲ့ စကားလုံးဟာ ဘုရားသခင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အရာ မှန်သမျှ၊ အထူးသဖြင့် ဝတ်ပြုရေးအတွက် သီးသန့်ထားတဲ့အရာတွေကို ဆိုလိုတယ်။ ဥပမာ၊ ကျမ်းစာမှာ ဒီလိုဆိုထားတယ်–

  • သန့်ရှင်းရာအရပ်များ၊ အထွတ်အမြတ်နေရာများ။ မီးလောင်နေတဲ့ ချုံပုတ်နား မောရှေ ချဉ်းကပ်သွားတဲ့အခါ ဘုရားသခင်က “မင်းရပ်နေတဲ့နေရာဟာ သန့်ရှင်းတဲ့မြေ ဖြစ်” တယ်လို့ မိန့်ဆိုခဲ့တယ်။—ထွက်မြောက်ရာ ၃:၂-၅။

  • မြင့်မြတ်တဲ့ပွဲများ၊ အခါကြီးရက်ကြီးများ။ ရှေးခေတ်အစ္စရေးတွေဟာ “မြင့်မြတ်တဲ့ စည်းဝေးပွဲတွေ” လို့ခေါ်တဲ့ ဘာသာရေးပွဲနေ့တွေမှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ကြတယ်။—ဝတ်ပြုရာ ၂၃:၃၇။

  • သန့်ရှင်းတဲ့အသုံးအဆောင်များ။ ရှေးခေတ် ဂျေရုဆလင် ဗိမာန်တော်ပစ္စည်းတွေကို “သန့်ရှင်းတဲ့အသုံးအဆောင်များ” လို့ခေါ်ကြတယ်။ (၁ ဘုရင်များ ၈:၄) ဒီအသုံးအဆောင်တွေကို ကိုးကွယ်ကြမှာ မဟုတ်ပေမဲ့ တန်ဖိုးထား လေးစားကြတယ်။b

မစုံလင်တဲ့လူဟာ သန့်ရှင်းနိုင်ပါ့မလား

သန့်ရှင်းနိုင်ပါတယ်။ ဘုရားသခင်က “ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်” ဆိုပြီး ခရစ်ယာန်တွေကို မိန့်မှာထားတယ်။ (၁ ပေတရု ၁:၁၆) မစုံလင်သူ လူသားတွေအနေနဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းစံနှုန်းကို မပြည့်မီကြတာ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားသခင့် ဖြောင့်မတ်တဲ့ပညတ်တွေကို နာခံသူ လူသားတွေကို “သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့” သူတွေအဖြစ် ယူဆနိုင်ပါတယ်။ (ရောမ ၁၂:၁) အဲဒီလိုလူတွေဟာ အပြောရော အလုပ်ပါ သန့်ရှင်းဖို့ ကြိုးစားကြတယ်။ ဥပမာ၊ ‘လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်ပြီး သန့်ရှင်းနေကြပါ၊’ “ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာကြတယ်။—၁ သက်သာလောနိတ် ၄:၃။ ၁ ပေတရု ၁:၁၅။

ဘုရားသခင်ရှေ့ သန့်ရှင်းတဲ့အနေအထား ဆုံးရှုံးနိုင်သလား

ဆုံးရှုံးနိုင်ပါတယ်။ ဘုရားသခင်ရဲ့ စာရိတ္တစံနှုန်းတွေ မလိုက်နာသူကို သန့်ရှင်းတဲ့သူလို့ ဘုရား မမြင်ပါဘူး။ ဥပမာ၊ “သန့်ရှင်းတဲ့ ညီအစ်ကိုတို့” ဆီ ရေးတဲ့ ဟီဘရူးကျမ်းမှာ “အသက်ရှင်တဲ့ ဘုရားသခင်ကို ကျောခိုင်းမယ်ဆိုရင် ယုံကြည်ခြင်းကင်းမဲ့ပြီး ဆိုးညစ်တဲ့စိတ်” ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားတယ်။—ဟီဘရူး ၃:၁၊ ၁၂။

သန့်ရှင်းခြင်းနဲ့ပတ်သက်လို့ လွဲမှားတဲ့ယူဆချက်များ

ယူဆချက်အမှား။ ခြိုးခြံစွာကျင့်ရင် သန့်ရှင်းနိုင်တယ်။

အမှန်။ ‘ကိုယ်ခန္ဓာကို မညှာမတာ နှိပ်စက်ခြင်း၊’ ဒါမှမဟုတ် ကိုယ့်အလိုဆန္ဒတွေကို နှိပ်ကွပ်ခြင်းဟာ ဘုရားသခင်ရှေ့ “အထောက်အကူ မပြုဘူး” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ကောလောသဲ ၂:၂၃) တကယ်တော့ ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းတာတွေ မွေ့လျော်ခံစားစေချင်တယ်။ “စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ သင့်လျော်တယ်ဆိုတဲ့အချက်လည်း ပါတယ်။ ဒါတွေဟာ ဘုရားသခင်ဆီကရတဲ့ လက်ဆောင်ပဲ။”—ဒေသနာ ၃:၁၃။

ယူဆချက်အမှား။ အိမ်ထောင်မပြုဘဲနေခြင်းက ပိုသန့်ရှင်းစေနိုင်တယ်။

အမှန်။ ခရစ်ယာန်တစ်ယောက် အိမ်ထောင်မပြုဘဲနေဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်မပြုဘဲနေလိုက်လို့ ဘုရားသခင်ရှေ့ သန့်ရှင်းတဲ့အနေအထား ရောက်မသွားဘူး။ တစ်ကိုယ်ရေသမားတွေဟာ အာရုံမပျံ့လွင့်ဘဲ ဘုရားသခင်ကို ဝတ်ပြုနိုင်ကြတာ မှန်ပါတယ်။ (၁ ကောရိန္သု ၇:၃၂-၃၄) ဒါပေမဲ့ အိမ်ထောင်သည်တွေလည်း သန့်ရှင်းစင်ကြယ်နိုင်တယ်လို့ ကျမ်းစာ ဆိုတယ်။ ယေရှုရဲ့ တမန်တော်တွေထဲမှာ အိမ်ထောင်သည် ပေတရုလည်း ပါတယ်။—မဿဲ ၈:၁၄။ ၁ ကောရိန္သု ၉:၅။

“သမ္မာကျမ်းစာ” ဆိုတဲ့ စကားလုံး ဘယ်က ပေါ်လာသလဲ

ဘုရားရဲ့ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစောင်တွေကို “သမ္မာကျမ်းစာ၊” “ကျမ်းစာတော်မြတ်” လို့ခေါ်ကြတာ ရာစုနှစ်များစွာ ကြာပြီ။ ဘာကြောင့် အဲဒီလို ခေါ်သလဲဆိုတော့-

  • မူလဇာစ်မြစ်။ “လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီကလာတဲ့ စကားတွေကို ပြန်ဟောတာဖြစ်တယ်။”—၂ ပေတရု ၁:၂၁။

  • သတင်းစကား။ “ယေဟောဝါရဲ့ ပညတ်ချက်ဟာ သန့်စင်တယ်။ မျက်စိကို လင်းစေတယ်။ ယေဟောဝါကို ကြောက်ရွံ့ခြင်းဟာ စင်ကြယ်တယ်။ ထာဝစဉ် တည်တယ်။”—ဆာလံ ၁၉:၈၊ ၉။

ဒါကြောင့် ကျမ်းစာဟာ သန့်ရှင်းမြင့်မြတ်တယ်လို့ ယူမှတ်နိုင်တယ်။ စင်ကြယ်တဲ့စကားတွေပါတဲ့ ကျမ်းစာကို ဝတ်ပြုရေးအတွက် သီးသန့်အသုံးပြုတာဖြစ်လို့ တခြားစာစောင်တွေနဲ့ သီးခြားဖြစ်တဲ့သဘော သက်ရောက်တယ်။

a ယေဟောဝါဆိုတာ ဘုရားရဲ့ ကိုယ်ပိုင်နာမည်ပါ။ ဒီနာမတော်ကို “သန့်ရှင်းခြင်း၊” “သန့်ရှင်းမြင့်မြတ်ခြင်း” ဆိုတဲ့ စကားလုံးတွေနဲ့ ဆက်စပ်ဖော်ပြထားတဲ့ ကျမ်းပိုဒ်ရာချီ ရှိတယ်။

b ရုပ်ကြွင်းတွေ၊ ဓာတ်တော်၊ မွေတော် ကိုးကွယ်တာကို ကျမ်းစာမှာ တားမြစ်ထားတယ်။—၁ ကောရိန္သု ၁၀:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ