ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၁
  • ဒေါသ ထိန်းချုပ်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒေါသ ထိန်းချုပ်နိုင်ပုံ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဒေါသကြီးတဲ့ ပြဿနာ
    နိုးလော့!—၂၀၁၂
  • ဒေါသကို ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၂
  • အိမ်ထောင်ရေး ကတောက်ကဆတ်ဖြစ်သောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၁
ခင်ပွန်းသည် ရုပ်မြင်သံကြား ထိုင်ကြည့်နေလို့ ဇနီးဖြစ်သူ ပန်းကန်ဆေးရင်း စိတ်ဆိုးနေစဉ်

မိသားစုအတွက် အကူအညီ

ဒေါသ ထိန်းချုပ်နိုင်ပုံ

အိမ်ထောင်ဖက်ရဲ့ အပြော ဒါမှမဟုတ် လုပ်ရပ်ကြောင့် ဒေါသထွက်နေပေမဲ့ ထိန်းချုပ်နေတာကို အိမ်ထောင်ဖက်က သံသယဝင်ပြီး စစ်စစ်ပေါက်ပေါက် ထပ်မေးလာတယ်။ ဒါနဲ့ ဒေါသ ပိုထွက်လာတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒေါသမပေါက်ကွဲအောင် ဘယ်လို ထိန်းချုပ်နိုင်မလဲ။

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

သိထားသင့်ရာ

  • ဒေါသပေါက်ကွဲတာက ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ ဒေါသ မထိန်းသူတွေမှာ သွေးတိုး၊ နှလုံး၊ စိတ်ကျရောဂါနဲ့ အစာအိမ်ရောဂါ ဖြစ်နိုင်ခြေများကြောင်း လေ့လာမှုတွေအရ သိရတယ်။ ဒေါသနဲ့ အိပ်မပျော်တဲ့ရောဂါဟာ ချိတ်ဆက်နေတယ်။ ပူပင်သောက များစေတယ်။ အရေပြားရောဂါနဲ့ လေဖြတ်ဖို့ အကြောင်း များတယ်။ ဒါကြောင့် ကျမ်းစာက “အမျက်မထွက်နဲ့။ ... အကျိုးယုတ်တာပဲ အဖတ်တင်မယ်” လို့ ဆိုထားတာ။—ဆာလံ ၃၇:၈၊ အောက်ခြေမှတ်ချက်။

  • ဒေါသကို မျိုသိပ်ထားတာကလည်း ဆိုးကျိုး ဖြစ်စေနိုင်တယ်။ ဒေါသ တအုံနွေးနွေး ဖြစ်နေတာက ခန္ဓာကိုယ်ထဲ လှိုက်စားနေတဲ့ ရောဂါနဲ့ တူတယ်။ ဥပမာ၊ အပြစ်ရှာတတ်တဲ့ သဘောထား ရှိနေရင် အိမ်ထောင်ရေး အဆင်ပြေမှာ မဟုတ်ဘူး၊ အိမ်ထောင်ကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်။

လုပ်ဆောင်နိုင်ရာ

  • အိမ်ထောင်ဖက်ရဲ့ အရည်အသွေးကောင်းကို ရှာကြည့်ပါ။ အိမ်ထောင်ဖက်ရဲ့ ကိုယ်နှစ်သက်တဲ့ အရည်အသွေးသုံးခုကို ချရေးပါ။ အိမ်ထောင်ဖက်ကြောင့် ဒေါသထွက်လာတဲ့အခါ အဲဒီ အရည်အသွေးတွေကို ပြန်စဉ်းစားပါ။ ဒေါသ ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။

    ကျမ်းစာ အခြေခံမူ– “ကျေးဇူးသိတတ်ကြပါ။”—ကောလောသဲ ၃:၁၅။

    ခင်ပွန်းဖြစ်သူ အိမ်အလုပ်တွေ ဝိုင်းကူညီတာ၊ စကားပြောနေစဉ် နားထောင်ပေးတာ၊ ဖျားနေစဉ် ပြုစုစောင့်ရှောက်တာတွေကို အလုပ်များနေတဲ့ ဇနီးသည် ပြန်စဉ်းစားနေစဉ်
  • ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။ ဦးဆုံး၊ ပြဿနာကို အိမ်ထောင်ဖက်ရဲ့ ရှုထောင့်ကနေ ကြည့်ဖို့ ကြိုးစားပါ။ ဒါဆိုရင် “ကိုယ်ချင်းစာစိတ်” ရှိလာမယ်။ (၁ ပေတရု ၃:၈) အဲဒီနောက် ‘ဒေါသထွက်ရတဲ့ အကြောင်းရင်းက ခွင့်မလွှတ်နိုင်လောက်အောင် ကြီးကျယ်လို့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

    ကျမ်းစာ အခြေခံမူ– “အမှားကို ဗွေမယူတာဟာ ... အလှပဲ။”—ပညာအလိမ္မာ ၁၉:၁၁။

  • ကိုယ့်ခံစားချက်ကို ကြင်နာစွာ၊ လိမ္မာပါးနပ်စွာ ဖော်ပြပါ။ “ဘယ်ရောက်နေတယ်ဆိုတာ အကြောင်းမကြားဘူး ဆိုကတည်းက မင်းဟာ/ရှင်ဟာ တော်တော်မစာနာတတ်သူဘဲ” လို့ ပြောမယ့်အစား “မိုးကလည်း ချုပ်နေပြီဆိုတော့ အန္တရာယ်မှ ကင်းရဲ့လားလို့ ကိုယ်/ကျွန်မ စိုးရိမ်နေတာ” လို့ပြောပါ။ ကိုယ့်ခံစားချက်ကို နူးညံ့သိမ်မွေ့စွာ ပြောတဲ့အခါ ဒေါသကို ထိန်းချုပ်နိုင်တယ်။

    ကျမ်းစာ အခြေခံမူ– “ဆားခတ်ထားတဲ့ အစာဟာ အရသာရှိသလို ယဉ်ကျေးတဲ့စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်။ ဒါကြောင့် စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။”—ကောလောသဲ ၄:၆။

  • ဂရုတစိုက် နားထောင်ပါ။ ကိုယ့်ခံစားချက်ကို ပြောပြီးသွားရင် အိမ်ထောင်ဖက် ပြောတာကို ကြားဖြတ်မပြောဘဲ နားထောင်ပါ။ အိမ်ထောင်ဖက် စကားပြောပြီးသွားတဲ့အခါ သူပြောတာကို အမှန်အတိုင်း နားလည်ရဲ့လားဆိုတာ ပြန်ဆန်းစစ်ပါ။ နားထောင်ပေးတာ တစ်ခုတည်းနဲ့တောင် ဒေါသ ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်တဲ့ အရေးပါတဲ့ လုပ်ရပ်ဖြစ်တယ်။

    ကျမ်းစာ အခြေခံမူ– “နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။”—ယာကုပ် ၁:၁၉။

တင်မ်နဲ့ ဂျနီဖာ

“ဒေါသကို တအုံနွေးနွေး ထားမယ်ဆိုရင် နောက်တစ်ကြိမ် ပြဿနာ ပြန်ပေါ်လာတဲ့အခါ ပေါက်ကွဲထွက်လာနိုင်တယ်။ ဒါကြောင့် ပြဿနာကို ဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ။ ဖြေရှင်းလို့လည်း ပြီးသွားရော ‘ကဲ၊ ဒို့နှစ်ယောက် မိတ်ဆွေတွေ ပြန်ဖြစ်သွားပြီနော်’ လို့ ပြောကြတယ်။”—ဂျနီဖာနဲ့ ခင်ပွန်း တင်မ်။

ဂျိတ်နဲ့ ကိုရီ

“ကျွန်မခင်ပွန်းကို မြတ်နိုးရတဲ့ အကြောင်းရင်းက ကျွန်မ ပြောတာကို နားထောင်ပေးပြီး ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို အသိအမှတ်ပြုပေးလို့ပဲ။ သူ သဘောမတူရင်တောင် ကျွန်မရဲ့ ရှုမြင်ချက်ကို ထည့်စဉ်းစားပေးတယ်။ ကျွန်မရဲ့ ခံစားပုံကြောင့် ကျွန်မကို တစ်ခါမှ အထင်မသေးဘူး။”—ဂျိတ်နဲ့ ခင်ပွန်း ကိုရီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ