ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၅
  • အဝတ်လျှော်စက်အောက်က မှတ်စုတို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဝတ်လျှော်စက်အောက်က မှတ်စုတို
  • တွေ့ကြုံမှုများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဒီလိုမျိုးမေတ္တာကို တစ်ခါမှ မခံစားခဲ့ဖူးဘူး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ
    တွေ့ကြုံမှုများ
  • ‘အိမ်မှုကိစ္စ ကြိုးစားလုပ်ဆောင်သူများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၅
အဝတ်လျှော်စက်အောက်က မှတ်စုတိုနဲ့ ခဲတံ

အဝတ်လျှော်စက်အောက်က မှတ်စုတို

ယေဟောဝါသက်သေအဖြစ် ဇာရီနာ နှစ်ခြင်းခံပြီးနောက် သမီးနှစ်ယောက်ကိုလည်း မိမိရဲ့ ယုံကြည်ချက်အတိုင်း ပျိုးထောင်ချင်တဲ့အတွက် ရုရှားနိုင်ငံကနေ ဗဟိုအာရှ မွေးရပ်မြေဆီ ပြန်ခဲ့တယ်။ ငွေရေးကြေးရေး အခက်အခဲကြောင့် မိဘ၊ မောင်၊ ယောင်းမတို့နဲ့အတူ အခန်းတစ်ခန်းပဲ ရှိတဲ့ တိုက်ခန်းမှာ နေထိုင်ရတယ်။ သမီးတွေကို ကျမ်းစာအမှန်တရား မသင်ပေးရ၊ သမီးတွေလည်း အမေနဲ့ ကျမ်းစာအကြောင်း မပြောရလို့ ဇာရီနာရဲ့ မိဘတွေက ပြောတယ်။

သမီးတွေကို ယေဟောဝါအကြောင်း သင်ပေးလို့ရမယ့်နည်းကို ဇာရီနာ လေးလေးနက်နက် စဉ်းစားတယ်။ (ပညာအလိမ္မာ ၁:၈) လမ်းညွှန်မှုနဲ့ ဉာဏ်ပညာ ရဖို့ ဘုရားဆီ ထက်ထက်သန်သန် ဆုတောင်းတယ်။ ဆုတောင်းတဲ့အတိုင်း လက်တွေ့ လုပ်ဆောင်တဲ့အနေနဲ့ သမီးတွေနဲ့အတူ လမ်းထွက်လျှောက်ပြီး အံ့ဖွယ်ဖန်ဆင်းရာတွေအကြောင်း ပြောပြတယ်။ ဒီလိုနဲ့ ဖန်ဆင်းရှင်အကြောင်း သမီးတွေ စိတ်ဝင်စားလာတယ်။

နောက်ပိုင်းမှာ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲa စာအုပ်နဲ့ သင်ပေးနိုင်မယ့် နည်းလမ်းကို စဉ်းစားမိသွားတယ်။ စာအုပ်ထဲက စာပိုဒ်တွေ၊ မေးခွန်းတွေကို စာရွက်မှာ ချရေးတယ်။ သမီးတွေ ပိုနားလည်နိုင်အောင် ထပ်ဆင့်ရှင်းပြချက်တွေကိုလည်း ရေးထားပေးတယ်။ မှတ်စုတိုလေးတွေနဲ့ ခဲတံကို ရေချိုးခန်းထဲက အဝတ်လျှော်စက်အောက်မှာ ညှပ်ထားတယ်။ သမီးတွေ ရေချိုးခန်း ဝင်တဲ့အခါ စာပိုဒ်တွေ ဖတ်ပြီး သူတို့ရဲ့ အဖြေတွေကို ချရေးကြတယ်။

ဒီနည်းနဲ့ နေစရာရှာတွေ့တဲ့အချိန်ထိ သမ္မာကျမ်းစာ သွန်သင်ရာ စာအုပ် အခန်းနှစ်ခန်းကို သားအမိသုံးယောက် လေ့လာဖြစ်ကြတယ်။ အိမ်ပြောင်းပြီးနောက်မှာတော့ အနှောင့်အယှက် မရှိဘဲ သမီးတွေကို အမှန်တရား သင်ပေးနိုင်ခဲ့တယ်။ သမီးနှစ်ယောက်စလုံး ၂၀၁၆၊ အောက်တိုဘာလမှာ နှစ်ခြင်းခံကြတယ်။ အမေက ပညာသတိရှိရှိ ကျမ်းစာအမှန်တရား သင်ပေးလို့ သိပ်ဝမ်းသာကြတယ်။

a အခုတော့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို အသုံးပြုနေကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ