ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၇
  • အကျဉ်းသားတွေဆီက သင်ယူခဲ့သူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကျဉ်းသားတွေဆီက သင်ယူခဲ့သူ
  • တွေ့ကြုံမှုများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ချက်ကြောင့် ထောင်ချခံရ—အီရီထရီးယား
    ယုံကြည်ချက်ကြောင့် ထောင်ချခံရ
  • အချိန်အခါတိုင်း နိုင်ငံတော်မျိုးစေ့ကြဲဖြန့်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ကျွန်တော်ယေဟောဝါကို မှီခိုအားထားတတ်လာခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • “သင်တို့ကြောင့် ယေဟောဝါသက်သေတို့အပေါ်ကျွန်တော့်ထင်မြင်ချက်ပြောင်းသွားပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၇
အကျဉ်းသားတစ်ယောက်က နောက်အကျဉ်းသားတစ်ယောက်ကို အစားအစာ မျှပေးနေစဉ်

အကျဉ်းသားတွေဆီက သင်ယူခဲ့သူ

အီရီထရီးယားနိုင်ငံသားတစ်ယောက်ဟာ ဒုက္ခသည်အဖြစ် နော်ဝေနိုင်ငံကို ၂၀၁၁ ခုနှစ်မှာ ရောက်လာတယ်။ ယေဟောဝါသက်သေတွေနဲ့ တွေ့တဲ့အခါ အီရီထရီးယားမှာ ယေဟောဝါသက်သေတွေနဲ့ ဆုံဖူးကြောင်း ပြောပြတယ်။ စစ်သည်ဘဝမှာ ယေဟောဝါသက်သေတွေနဲ့ ဆုံတွေ့ခဲ့တာ။ သူတို့တစ်တွေဟာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကြားက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ထောင်ကျနေတယ်လို့ ပြောပြတယ်။

ရုတ်တရက် အပြောင်းအလဲတွေကြောင့် သူကိုယ်တိုင် ထောင်ကျသွားတယ်။ ယုံကြည်ချက်ကြောင့် ၁၉၉၄ ခုနှစ်ကတည်းက ထောင်ကျနေတဲ့ ယေဟောဝါသက်သေသုံးယောက် ပေါ်လို အီယာဆူ၊ နေဂဲဒဲ တက်ကလီမာရီယမ်၊ အိဇက် မိုဂိုစ်တို့နဲ့အတူ ထောင်ထဲမှာ နေခဲ့ရတယ်။

ယေဟောဝါသက်သေတွေဟာ ထောင်ကျနေတာတောင် ကျမ်းစာစံနှုန်းနဲ့အညီ နေထိုင်ကြကြောင်း ကိုယ်တိုင် တွေ့ရှိခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ ရိုးသားမှု၊ တခြားထောင်သားတွေကို အစားအစာ ဝေမျှပေးမှုတွေကို သတိထားမိတယ်။ ယေဟောဝါသက်သေ အကျဉ်းသားတွေဟာ နေ့တိုင်း အတူတကွ ကျမ်းစာ လေ့လာပြီး တခြားသူတွေကိုလည်း ဖိတ်ခေါ်ကြတယ်။ ကိုယ့်ယုံကြည်ချက်ကို စွန့်လွှတ်တယ်လို့ လက်မှတ်ထိုးရုံနဲ့ ထောင်ကနေ လွတ်နိုင်ပေမဲ့ လက်မှတ် မထိုးကြဘူး။

စိတ်ရိုးဖြောင့်တဲ့ ဒီအမျိုးသားဟာ အဲဒီအတွေ့အကြုံကို အတော်လေးစွဲမှတ်သွားတယ်။ နော်ဝေကို ရောက်တဲ့အခါ ယေဟောဝါသက်သေတွေ ဘာကြောင့် ယုံကြည်ခြင်း ခိုင်မြဲသလဲဆိုတာ သိချင်ခဲ့တယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေနဲ့ တွေ့တဲ့အခါ ကျမ်းစာ လေ့လာပြီး အစည်းအဝေးတွေ တက်တယ်။

ယေဟောဝါသက်သေတစ်ယောက်အဖြစ် ၂၀၁၈၊ စက်တင်ဘာလမှာ နှစ်ခြင်းခံလိုက်တယ်။ အခုဆိုရင် သူဟာ အခွင့်အရေးရတိုင်း အီရီထရီးယား၊ ဆူဒန်ကလူတွေနဲ့ အဆက်အသွယ်ရအောင် ကြိုးစားနေပြီး ကျမ်းစာ လေ့လာဖို့၊ ယုံကြည်ခြင်း ခိုင်မြဲအောင်လုပ်ဖို့ အားပေးနေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ