ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၁၀
  • နည်းပညာတွေကို သူ့နေရာသူ ထားနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နည်းပညာတွေကို သူ့နေရာသူ ထားနိုင်ပုံ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • နည်းပညာက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်
    နိုးလော့!—၂၀၂၁
  • အလုပ်ကို “အလုပ်မှာ” ထားခဲ့နိုင်ပုံ
    မိသားစုအတွက် အကူအညီ
  • ဒီစာစောင်မှာ
    နိုးလော့!—၂၀၂၁
  • ‘အိမ်ထောင်မင်္ဂလာကို လေးစားရမယ်’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၁၀
လင်မယားနှစ်ယောက် အတူအစာစားနေရင်း ကိုယ်စီ ဖုန်းသုံးနေကြစဉ်။

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

နည်းပညာတွေကို သူ့နေရာနဲ့သူ ထားနိုင်ပုံ

နည်းပညာ အသုံးပြုတာက အိမ်ထောင်ကို ပိုခိုင်မြဲစေနိုင်သလို ထိခိုက်စေနိုင်ပါတယ်။ နည်းပညာတွေက အိမ်ထောင်ကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

  • အိမ်ထောင်သည်များ ပြောဆိုရာ

  • ဆွေးနွေးမှုလမ်းညွှန်

သိထားသင့်ရာ

  • နည်းပညာကို ပညာရှိရှိ အသုံးပြုတာက အိမ်ထောင်ကို အကျိုးပြုနိုင်ပါတယ်။ ဥပမာ၊ ဇနီးမောင်နှံတချို့ဟာ တစ်နေ့တာအတွင်း ဝေးနေချိန်မှာ နည်းပညာသုံးပြီး ဆက်သွယ်ကြတယ်။

    နေ့ခင်းမှာ ခဏခွဲနေရတုန်း ခင်ပွန်းက ဇနီးကို ချစ်မြတ်နိုးကြောင်းဖော်ပြတဲ့ စာတို ပို့နေစဉ်။

    “‘ချစ်တယ်၊’ ‘မင်းအကြောင်း တွေးနေတယ်’ စတဲ့ စာတိုလေးတွေက အဓိပ္ပာယ်အများကြီး ရှိတယ်။”—ဂျိုနသန်။

  • နည်းပညာကို မဆင်မခြင် သုံးရင်တော့ အိမ်ထောင်ကို ထိခိုက်နိုင်တယ်။ ဥပမာ၊ လူတချို့ဟာ ဖုန်း၊ တက်ဘလက်တွေကို တစ်ချိန်လုံးသုံးနေလို့ အိမ်ထောင်ဖက်ကို အချိန်မပေးနိုင်၊ အာရုံမစိုက်နိုင်တော့ဘူး။

    “ကျွန်မက ဖုန်းသုံးနေတဲ့အတွက် ခင်ပွန်းက စကားပြောချင်ပေမဲ့ မပြောနိုင်ဘူး။ ကျွန်မသာ ဖုန်းမသုံးနေခဲ့ဘူးဆိုရင် ကျွန်မခင်ပွန်းနဲ့ စကားပြောဖြစ်ခဲ့မှာ သေချာတယ်။”—ဂျူလီဆာ။

  • အိမ်ထောင်ဖက်နဲ့ အဓိပ္ပာယ်ရှိရှိ စကားပြောနေရင်း တစ်ချိန်တည်းမှာ ဖုန်း၊ တက်ဘလက် သုံးနိုင်တယ်လို့ တချို့က ပြောကြတယ်။ အဲဒါ မဖြစ်နိုင်ဘူးလို့ လူမှုရေးပညာရှင် ရှယ်ရီ တာကယ်လ်က ပြောတယ်။ တစ်ပြိုင်တည်း အလုပ်အများကြီး လုပ်နိုင်တာ ကောင်းတယ်လို့ လူတွေထင်ပေမဲ့ တကယ်တမ်း မကောင်းပါဘူး။ အမှန်ကတော့ “အလုပ်တွေကို တစ်ပြိုင်တည်းလုပ်ဖို့ ကြိုးစားလေ အရည်အသွေးကျလေပဲ” လို့ သူပြောတယ်။a

    “ကျွန်မခင်ပွန်းနဲ့ စကားပြောရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ တခြားအလုပ်တွေ မလုပ်တဲ့အခါမျိုးမှပါ။ ဖုန်း၊ တက်ဘလက်သုံးနေရင်တော့ အဲဒါနဲ့ပဲ သူ ပျော်မွေ့တယ်ဆိုတဲ့ သဘောပဲ။”—စာရာ။

အဓိကအချက်– နည်းပညာကို သင် အသုံးပြုပုံက သင့်အိမ်ထောင်ကို အကျိုးပြုနိုင်တယ်၊ ဒါမှမဟုတ် ထိခိုက်နိုင်တယ်။

လုပ်ဆောင်နိုင်ရာ

ဦးစားပေးရမယ့်အရာတွေကို သတ်မှတ်ပါ။ “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ပါလို့ ကျမ်းစာမှာ ပြောထားတယ်။ (ဖိလိပ္ပိ ၁:၁၀) ‘ငါနဲ့ ငါ့အိမ်ထောင်ဖက်ဟာ တစ်ယောက်ကိုတစ်ယောက် ပေးရမယ့်အချိန်နဲ့ ဂရုစိုက်မှုတွေကို ဖုန်းနဲ့ တက်ဘလက်တွေကို ပေးနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

“အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်မှာ အတူ ထိုင်စားသောက်နေရင်း သူတို့ရဲ့ဖုန်းတွေကိုပဲ ကြည့်နေတာကို မြင်ရလို့ ကျွန်တော် စိတ်မကောင်းဘူး။ နည်းပညာရဲ့ ကျေးကျွန်တွေ မဖြစ်စေချင်ဘူး။ အရေးကြီးဆုံးဖြစ်တဲ့ အချင်းချင်းရဲ့ ဆက်ဆံရေးကို မမေ့စေချင်ဘူး။”—မက်သရူး။

ကန့်သတ်ထားပါ။ “ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဧဖက် ၅:၁၅၊ ၁၆) ‘ဝင်လာတဲ့စာတွေ အားလုံးကို ချက်ချင်း ဖတ်ပြီး ပြန်မယ့်အစား သိပ်အရေးမကြီးတဲ့စာတွေကို နောက်မှ ဖတ်ဖို့၊ ပြန်ဖို့ အချိန်သတ်မှတ်ထားနိုင်မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

“ဖုန်းကို အသံပိတ်ထားပြီး ပိုအဆင်ပြေတဲ့အချိန်မှ စာတွေကို ဖတ်ပြီးပြန်တာက အထောက်အကူပြုမှန်း ကျွန်တော် သိခဲ့ရတယ်။ ချက်ချင်း စာပြန်ဖို့၊ ဖြေကြားဖို့လိုတဲ့ ဖုန်းခေါ်ဆိုမှု၊ စာ၊ အီးမေးလ်ဆိုတာ ရှားပါတယ်။”—ဂျိုနသန်။

ဖြစ်နိုင်မယ်ဆိုရင် အလုပ်ကို အလုပ်မှာပဲ ထားခဲ့ပါ။ “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဒေသနာ ၃:၁) ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးပါ– ‘ဖုန်းထဲဝင်လာတဲ့ အလုပ်ကိစ္စတွေ လုပ်နေရလို့ မိသားစုအချိန်ကို အနှောင့်အယှက် ဖြစ်နေပြီလား။ ဖြစ်နေတယ်ဆိုရင် အဲဒါက ငါ့အိမ်ထောင်ကို ဘယ်လို ထိခိုက်နေသလဲ။ ငါ့အိမ်ထောင်ဖက် ဘယ်လို ပြောမလဲ။’

“နည်းပညာတွေကြောင့် ဘယ်အလုပ်ကိုမဆို အချိန်မရွေး လုပ်နိုင်ကြတယ်။ ကျွန်တော့်ဇနီးနဲ့ အတူရှိနေချိန်မှာ ဖုန်းကို မကြည့်မိဖို့၊ အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို မလုပ်မိဖို့ အတော်လေး သတိထားခဲ့ရတယ်။”—မက်သရူး။

နည်းပညာ အသုံးပြုတာနဲ့ပတ်သက်လို့ အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ။ “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ” လို့ ကျမ်းစာက ပြောတယ်။ (၁ ကောရိန္သု ၁၀:၂၄) ဖုန်း၊ တက်ဘလက် အသုံးပြုပုံ ပြောင်းလဲဖို့ လိုမလို စတာတွေကို အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ။ ဒီဆောင်းပါးမှာပါတဲ့ ဆွေးနွေးမှုလမ်းညွှန်ကို သုံးနိုင်ပါတယ်။

“ကျွန်မနဲ့ ကျွန်မခင်ပွန်းဟာ ပွင့်ပွင့်လင်းလင်း ရှိတယ်။ တစ်ယောက်က ဖုန်း၊ တက်ဘလက်သုံးတာ သိပ်များနေပြီဆိုရင် ကျန်တဲ့တစ်ယောက်က သတိပေးတယ်။ ဒီကိစ္စက ပြဿနာဖြစ်နိုင်တယ်ဆိုတာ ကျွန်မတို့ အသိအမှတ်ပြုတယ်။ ဒါကြောင့် တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်က အလေးအနက်ထားတယ်။”—ဒန်ယဲလ်။

အဓိကအချက်– နည်းပညာကို သင် ထိန်းချုပ်နိုင်ရမယ်။ သင့်ကို ထိန်းချုပ်သွားတာမျိုး အဖြစ်မခံပါနဲ့။

အိမ်ထောင်သည်များ ပြောဆိုရာ

ထရီစတာနဲ့ ခင်ပွန်း ဂျော်ဂျဲလ်။

“ညနေခင်းအချိန် တစ်နေ့တာအကြောင်း ပြောဆိုနေချိန်မှာ ဖုန်းကိုပဲ တစ်ချိန်လုံး ကြည့်နေမယ်ဆိုရင်တော့ စကားဝိုင်းကို ဖျက်ဆီးမိနိုင်တယ်။ ဘဝမှာ မဖြစ်မနေလုပ်ရမယ့်အရာတွေက အများသား။ အဲဒါကြောင့် အိမ်ထောင်ဖက်နဲ့ အတူရှိနေတဲ့ အဖိုးတန်အချိန်ကို ဖုန်းကြောင့် အပျက်စီးမခံသင့်ဘူး။”—ထရီစတာနဲ့ ခင်ပွန်း ဂျော်ဂျဲလ်။

ဂျိုနသန်နဲ့ ဇနီး ကက်သလင်း။

“သင့်အိမ်ထောင်ဖက်ဟာ သင့်ရဲ့ အပြည့်အဝ ဂရုစိုက်မှုကို ရသင့်တယ်။ စစ်ဆေးစရာ စာတို၊ အီးမေးလ်၊ အချက်ပေးတာတွေတော့ အမြဲရှိနေမှာပဲ။ အများစုကတော့ နောက်မှလုပ်လည်း ရတဲ့အရာတွေဖြစ်တယ်။ အန္တရာယ်ရှိတဲ့အတွက် ကားမောင်းနေရင်း ဖုန်းနဲ့ စာမပို့ကြဘူးဆိုရင် အိမ်ထောင်ကို ထိခိုက်နိုင်တဲ့ နည်းတွေနဲ့ ဖုန်း၊ တက်ဘလက်တွေကို ဘာဖြစ်လို့ သုံးမှာလဲ။”—ဂျိုနသန်နဲ့ ဇနီး ကက်သလင်း။

ဆွေးနွေးမှုလမ်းညွှန်

အရင်ဆုံး အောက်ပါမေးခွန်းတွေကို သတ်သတ်စီ စဉ်းစားသုံးသပ်ပါ။ ပြီးတဲ့နောက် အဖြေကို အတူဆွေးနွေးပါ။

  • နည်းပညာကို ဘယ်လိုနည်းတွေနဲ့ အသုံးပြုတဲ့အတွက် သင့်အိမ်ထောင်ဆက်ဆံရေးကို တိုးတက်စေသလဲ။

  • သင့်အိမ်ထောင်ဖက်ရဲ့ နည်းပညာအသုံးပြုပုံက အိမ်ထောင်ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ ခံစားရသလား။ ထိခိုက်နေတယ်ဆိုရင် ဘယ်လို နည်းနဲ့လဲ။

  • သင့်ရဲ့ နည်းပညာအသုံးပြုပုံက အိမ်ထောင်ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ သင့်အိမ်ထောင်ဖက် ပြောမယ်လို့ ထင်သလား။ ပြောမယ်ဆိုရင် ဘယ်လို ပြောမလဲ။

  • စာတိုတွေ လက်ခံရရှိတာနဲ့ ချက်ချင်းပြန်ဖြေဖို့လိုတဲ့ အကြောင်းရင်းတွေ ရှိသလား။ ရှိတယ်ဆိုရင် အဲဒါကြောင့် သင့်အိမ်ထောင်ရေး မထိခိုက်အောင် ဘာလုပ်နိုင်သလဲ။

  • သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ နည်းပညာအသုံးပြုပုံနဲ့ ပတ်သက်ပြီး ဘယ်ပြောင်းလဲမှုတွေ ပြုလုပ်သင့်သလဲ။

ပြန်လည်သုံးသပ်ချက်– နည်းပညာတွေကို သူ့နေရာနဲ့သူ ထားနိုင်ပုံ

ဦးစားပေးရမယ့်အရာတွေကို သတ်မှတ်ပါ။ သင့်အိမ်ထောင်ဖက်က အရေးကြီးဆုံးဆိုတာ မမေ့ပါနဲ့။

ကန့်သတ်ထားပါ။ ဝင်လာတဲ့စာတွေ အားလုံးကို ချက်ချင်းဖတ်ပြီး ပြန်မယ့်အစား အဲဒီအတွက် အချိန် သတ်မှတ်ထားနိုင်မလား။

ဖြစ်နိုင်မယ်ဆိုရင် အလုပ်ကို အလုပ်မှာပဲ ထားခဲ့ပါ။ အလုပ်အတွက် အချိန်ပြည့် အဆင်သင့်ဖြစ်နေတာက အဲဒီလို လုပ်ရမယ်လို့ တာဝန်ရထားလို့လား။

နည်းပညာအသုံးပြုတာနဲ့ ပတ်သက်လို့ သင့်အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ။ နည်းပညာအသုံးပြုပုံက အိမ်ထောင်ဆက်ဆံရေးကို ဘယ်လို ထိခိုက်စေသလဲ။ ဘယ်အပြောင်းအလဲတွေကို လုပ်သင့်သလဲ။

a Reclaiming Conversation—The Power of Talk in a Digital Age စာအုပ်မှ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ