ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၉၆
  • အိမ်စာတွေ ပြီးအောင် ဘယ်လို လုပ်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်စာတွေ ပြီးအောင် ဘယ်လို လုပ်နိုင်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆရာတွေ ဘာကြောင့် အိမ်စာ ပေးသလဲ
  • အကြံပြုချက်များ
  • အိမ်စာလုပ်ဖို့ အချိန် ဘယ်လိုရနိုင်မလဲ
    နိုးလော့!—၂၀၀၄
  • ‘ကျွန်တော့်မှာ လုပ်စရာတွေ အရမ်းများလွန်းတယ်’
    နိုးလော့!—၂၀၀၉
  • ကျောင်းမှာ အဆင့်ကျသွားရင် ဘယ်လိုလုပ်မလဲ
    လူငယ်များအမေး
  • ကလေးကို ကျောင်းမှာ အဆင့်တက်လာအောင် ကူညီပေးနိုင်ပုံ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၉၆
ညဉ့်နက်ချိန် တီဗီဖွင့်ထားတဲ့ နေရာမှာ ဆယ်ကျော်သက် ယောက်ျားလေးတစ်ယောက် အိမ်စာလုပ်နေစဉ်။

လူငယ်များအမေး

အိမ်စာတွေ ပြီးအောင် ဘယ်လို လုပ်နိုင်သလဲ

“မနက် ၁ နာရီအထိ အိမ်စာလုပ်ရတာ တော်တော် ပင်ပန်းတယ်။ အိပ်ချင်တာပဲ သိတယ်။”—ဒေးဗစ်။

“တစ်ခါတလေ ကျွန်မ မနက် ၄:၃၀ အထိ စာကျက်တယ်။ မနက် ၆:၀၀ ထပြီး ကျောင်းသွားရပြန်တယ်။ တော်တော် ပင်ပန်းတယ်။”—ထရေဇာ။

အိမ်စာတွေနဲ့ ပိနေတယ်လို့ ခံစားနေရသလား။ အဲဒီလို ခံစားနေရတယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို ကူညီပေးနိုင်ပါတယ်။

  • ဆရာတွေ ဘာကြောင့် အိမ်စာ ပေးသလဲ

  • အကြံပြုချက်များ

  • ရွယ်တူတွေအဆို

ဆရာတွေ ဘာကြောင့် အိမ်စာ ပေးသလဲ

အိမ်စာတွေ လုပ်တာက . . .

  • အသိပညာ တိုးစေတယ်။

  • တာဝန်ယူတတ်သူ ဖြစ်စေတယ်။

  • အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲပြီး အသုံးချတတ်စေတယ်။

  • စာသင်ခန်းထဲမှာ သင်ယူခဲ့တာတွေကို ပိုနားလည်ပြီး လက်တွေ့လုပ်ဖို့ ကူညီပေးတယ်။a

“သင်ပေးလိုက်တာတွေကို ကျောင်းသားတွေ လက်တွေ့ လိုက်နာသလား၊ အဲဒီအစား တစ်ဖက်နားက ဝင်ပြီး တစ်ဖက်နားက ပြန်ထွက်သွားသလားဆိုတာ သိအောင်လို့ ဆရာတွေက အိမ်စာ ပေးတယ်။”—မာရီ။

သင်္ချာနဲ့ သိပ္ပံက ပြဿနာ ဖြေရှင်းနိုင်စွမ်းကို တိုးတက်စေတယ်။ ဦးနှောက်ရဲ့ နာဗ့်ကြောဆက်သွယ်မှုအသစ်တွေကို ပေါ်ထွက်စေတယ်လို့ ပညာရှင်တွေက ပြောတယ်။ ဒါကြောင့် အိမ်စာတွေက ဦးနှောက်အတွက် လေ့ကျင့်ခန်းနဲ့ တူတယ်။

အိမ်စာကနေ အကျိုးရတာကို မြင်တွေ့ရသည်ဖြစ်စေ၊ မမြင်တွေ့ရသည်ဖြစ်စေ အိမ်စာကတော့ သင် မဖြစ်မနေ လုပ်ရမယ့် အလုပ်ပဲ။ ဒါပေမဲ့ သတင်းကောင်း ရှိပါတယ်– အိမ်စာပမာဏကို သင် မထိန်းချုပ်နိုင်ပေမဲ့ အိမ်စာလုပ်မယ့် အချိန်ပမာဏကိုတော့ ချုံ့နိုင်ပါတယ်။ ဘယ်လို လုပ်မလဲ ကြည့်ရအောင်။

အကြံပြုချက်များ

အိမ်စာတွေ ပြီးဖို့ အခက်တွေ့နေတယ်ဆိုရင် ဉာဏ်သုံးပြီး မပင်ပန်းအောင် လုပ်လို့ ရပါတယ်။ အခုလို လုပ်ကြည့်ပါ–

  • အကြံပြုချက် ၁– ကြိုတင်စီစဉ်ပါ။ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာအလိမ္မာ ၂၁:၅) အိမ်စာ စမလုပ်ခင် လိုအပ်တဲ့ စာရေးကိရိယာအားလုံး ယူထားပါ။ အဲဒါဆိုရင် အိမ်စာ လုပ်နေချိန်မှာ ထပြီး ယူစရာ မလိုတော့ဘူး။

    အာရုံစိုက်နိုင်တဲ့ နေရာ ရွေးပါ။ တိတ်ဆိတ်ပြီး အလင်းရောင် ကောင်းကောင်း ရတဲ့ အခန်းဆိုရင် ကောင်းတယ်။ တချို့အတွက်ကျတော့ အိမ်မှာ မဟုတ်ဘဲ စာကြည့်တိုက်လို နေရာမျိုးက ပိုကောင်းတယ်။

    “ဘယ်အချိန် ဘာလုပ်မယ်ဆိုတာ ချရေးထားလို့ ရတဲ့ အစီအစဉ်ဇယား ဒါမှမဟုတ် ပြက္ခဒိန်လိုမျိုး ရှိထားရင် ကျောင်းစာတွေကို ကောင်းကောင်း ဇယားဆွဲထားနိုင်တယ်။ ဘယ်အချိန် ဘာလုပ်ရမယ်ဆိုတာ သိထားတော့ ဖိစီးမှု သိပ်မဖြစ်တော့ဘူး။”—ရစ်ချက်။

  • အကြံပြုချက် ၂– လုပ်စရာတွေကို စနစ်တကျ စီစဉ်ထားပါ။ “အရာရာကို . . . စည်းစနစ်တကျ လုပ်ဆောင်ကြပါ” လို့ ကျမ်းစာ ပြောတယ်။ (၁ ကောရိန္သု ၁၄:၄၀) အဲဒီအချက်ကို သတိရပြီး ဘာကို အရင် စလုပ်မယ်ဆိုတာ ဆုံးဖြတ်ပါ။

    တချို့က အခက်ဆုံးကို အရင် စလုပ်တယ်။ တချို့ကျတော့ ဆက်လုပ်ဖို့ အားရှိအောင်ဆိုပြီး လွယ်တာကို အရင် လုပ်တယ်။ ကိုယ့်အတွက် အကောင်းဆုံးနည်းကို ရွေးချယ်ပါ။

    “စာရင်းတစ်ခု လုပ်ထားရင် ဘာတွေ လုပ်ဖို့ လိုတယ်၊ အစဉ်အတိုင်း ဘယ်လို လုပ်ရမယ်ဆိုတာ သိရလို့ တကယ် အကူအညီဖြစ်တယ်။ အိမ်စာကို ကိုယ်က ထိန်းချုပ်ထားတဲ့အတွက် စိတ်ဖိစီးမှု သိပ်မဖြစ်တော့ဘူး။”—ဟိုင်းဒီ။

  • အကြံပြုချက် ၃– စလုပ်ပါ။ “လုံ့လဝီရိယရှိပါ။ မပျင်းရိပါနဲ့” လို့ ကျမ်းစာ ပြောတယ်။ (ရောမ ၁၂:၁၁) လုပ်ချင်တဲ့ တခြားအလုပ်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်တွေကို အိမ်စာလုပ်ရမယ့် အချိန်မှာ မလုပ်ပါနဲ့။

    အချိန်ဆွဲတတ်သူတွေဟာ အလုပ် ပြီးရမယ့်အချိန်မှာ မပြီးတာ၊ အလုပ်ကို ပြီးစလွယ်၊ ကမန်းကတန်း လုပ်ရတာမျိုး ဖြစ်နိုင်တယ်။ အိမ်စာကို မြန်နိုင်သမျှ မြန်မြန် စလုပ်ရင် မလိုအပ်ဘဲ ပူပန်နေတာ၊ စိတ်ဒုက္ခရောက်တာမျိုး မဖြစ်တော့ဘူး။

    “ကျောင်းဆင်းတာနဲ့ အိမ်စာကို ချက်ချင်း လုပ်ရင်၊ တာဝန် ရတာနဲ့ စလုပ်ရင် နောက်ပိုင်းမှာ စိတ်ပူစရာ မလိုတော့ဘူး။ တခြားလုပ်စရာတွေနဲ့လည်း မရောထွေးတော့ဘူး။”—ဆရီနာ။

    အကြံပြုချက်– အိမ်စာကို နေ့တိုင်း အချိန်မှန်မှန် လုပ်ပါ။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရာရောက်ပြီး ပုံမှန် လုပ်သွားစေတယ်။

  • အကြံပြုချက် ၄– အာရုံစိုက်ပါ။ “ရှေ့တည့်တည့်ကိုပဲ စူးစိုက်ကြည့်ပါ” လို့ ကျမ်းစာ ပြောတယ်။ (ပညာအလိမ္မာ ၄:၂၅) အဲဒီအကြံပြုချက်ကို လိုက်နာဖို့ဆိုရင် စာကျက်ချိန်မှာ အာရုံပျံ့စေတဲ့ အရာတွေကို ရှောင်ဖို့ လိုတယ်။ အထူးသဖြင့် ဒီဂျစ်တယ် ပစ္စည်းတွေ ဖြစ်တယ်။

    ဆယ်ကျော်သက် ယောက်ျားလေးတစ်ယောက် မနက်စောစောမှာ အာရုံပျံ့လွင့်ခြင်း မရှိဘဲ အိမ်စာလုပ်နေစဉ်။

    အိမ်စာ လုပ်နေရင်း အင်တာနက် သုံးနေမယ်၊ စာပို့နေမယ်ဆိုရင် အိမ်စာ ပြီးဖို့ အချိန်နှစ်ဆ ကုန်သွားနိုင်တယ်။ ဒါပေမဲ့ အိမ်စာကိုပဲ အာရုံစိုက်ရင် စိတ်အေးလက်အေးရှိတဲ့အပြင် အချိန်လည်း ပိုရလာတာကို တွေ့ရလိမ့်မယ်။

    “ဆဲလ်ဖုန်း၊ ကွန်ပျူတာ၊ ဂိမ်းစက်နဲ့ တီဗီတွေက အာရုံစိုက်ဖို့ ခက်ခဲစေတယ်။ ဖုန်းပိတ်ထားတာ၊ အနီးအနားမှာရှိတဲ့ အာရုံပျံ့လွင့်စရာတွေကို ပလတ်ကြိုးဖြုတ်ထားတာက ကျွန်တော့်အတွက် အကူအညီဖြစ်တယ်။”—ဂျိုးလ်။

  • အကြံပြုချက် ၅– မျှမျှတတ ရှိပါ။ “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ” လို့ ကျမ်းစာ ပြောတယ်။ (ဖိလိပ္ပိ ၄:၅) အိမ်စာ လုပ်နေရင်း လိုအပ်လာရင် ခဏနားလိုက်တာက စိတ်ဖိစီးမှုကို သက်သာစေတယ်။ လမ်းလျှောက်ထွက်ပါ။ စက်ဘီးစီးပါ။ ပြေးပါ။

    အိမ်စာတွေ ပိနေတယ်လို့ ခံစားနေရတုန်းပဲဆိုရင် ဆရာ၊ ဆရာမတွေနဲ့ စကားပြောပါ။ သင် အတတ်နိုင်ဆုံး ကြိုးစားလုပ်နေမှန်း သူတို့ သိတယ်ဆိုရင် အပြောင်းအလဲ လုပ်ပေးဖို့ သူတို့ ဆုံးဖြတ်နိုင်တယ်။

    “အိမ်စာအတွက် စိတ်ပူပြီး ကြံရာမရဖြစ်တဲ့အထိ အဖြစ်မခံပါနဲ့။ အတတ်နိုင်ဆုံး ကြိုးစားပါ။ ဘယ်အရာမှ ကိုယ့်ကို အရူးတစ်ပိုင်း ဖြစ်သွားစေတဲ့အထိ အရေးမပါပါဘူး။ အိမ်စာလည်း အဲဒီလိုပါပဲ။”—ဂျူလီယာ။

ကိုယ့်ကိုယ်ကိုယ် မေးပါ–

  • အိမ်စာအတွက် ဘာပစ္စည်းတွေ လိုသလဲ။

  • အိမ်စာ လုပ်ဖို့ ဘယ်အချိန်က ငါ့အတွက် အကောင်းဆုံးလဲ။

  • ဘယ်နေရာက အာရုံစိုက်ဖို့ အကောင်းဆုံး ဖြစ်မလဲ။

  • အချိန်ဆွဲတာကို ဘယ်လို ရှောင်နိုင်သလဲ။

  • အာရုံပျံ့စေတဲ့ ဘယ်အရာတွေက ငါ့ကို နှောင့်နှေးစေနိုင်သလဲ။

  • အာရုံပျံ့စေတဲ့အရာ၊ ဒစ်ဂျစ်တယ် ဒါမှမဟုတ် တခြားအရာတွေကို ဘယ်လို ရှောင်မလဲ။

  • အိမ်စာ လုပ်တဲ့အခါ အလွန်အမင်း ဖိစီးမှု မဖြစ်အောင် ဘယ်လို လုပ်နိုင်သလဲ။

အရေးကြီးတဲ့ သတိပေးချက်– အိမ်စာတာဝန်မှာ ဘာတွေ ပါသလဲဆိုတာ သေသေချာချာ နားလည်အောင် လုပ်ပါ။ မေးစရာ ရှိရင် စာသင်ခန်းထဲက မထွက်ခင် ဆရာကို သေသေချာချာ မေးပါ။

ရွယ်တူတွေအဆို

အဲန်ဂျယ်လိ။

“အရှိန်ရသွားဖို့အတွက် လွယ်တဲ့ အိမ်စာကို ကျွန်မ စလုပ်တယ်။ အိမ်စာတွေ လုပ်ပြီးနေတာကို တွေ့နေရလို့ ဆက်လုပ်ဖို့ စိတ်ဓာတ် တက်ကြွလာတယ်။”—အဲန်ဂျယ်လိ။

အော်စတင်။

“ကျွန်တော် အိမ်စာ လုပ်ရတာ မကြိုက်ပေမဲ့ အိမ်စာ လုပ်တာကနေ အချိန်ကို ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတာ သိလာတယ်။ တာဝန်ယူတတ်သူ ဖြစ်လာစေတယ်။ အိမ်စာက ကျွန်တော့်ဘဝအတွက် အလေ့အကျင့်ကောင်းပါပဲ။”—အော်စတင်။

ပြန်လည်သုံးသပ်ချက်။ အိမ်စာတွေ ပြီးအောင် ဘယ်လို လုပ်နိုင်သလဲ

ကြိုတင်စီစဉ်ပါ။ လိုအပ်တဲ့ စာရေးကိရိယာအားလုံး ယူထားပါ။ အာရုံစိုက်နိုင်တဲ့ နေရာ ရွေးပါ။

လုပ်စရာတွေကို စနစ်တကျ စီစဉ်ထားပါ။ လုပ်ရမယ့် တာဝန်တွေကို အစဉ်လိုက် စီထားပါ။

စလုပ်ပါ။ ဝီရိယ စိုက်ပါ။ အချိန်မဆွဲပါနဲ့။

အာရုံစိုက်ပါ။ အာရုံပျံ့စေတဲ့ အရာတွေကို ရှောင်ပါ။ အထူးသဖြင့် ဒီဂျစ်တယ် ပစ္စည်းတွေ ဖြစ်တယ်။

မျှမျှတတ ရှိပါ။ လိုအပ်လာရင် ခဏနားလိုက်ပါ။ အိမ်စာအတွက် စိတ်ပူပြီး ကြံရာမရဖြစ်တဲ့အထိ အဖြစ်မခံပါနဲ့။

a ဂျန် ရွှန်းရဲ့ School Power စာအုပ်ထဲမှ ထုတ်နုတ်ချက်များ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ