ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၁၇
  • ရီမိုရာငါးရဲ့ စုပ်ခွက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရီမိုရာငါးရဲ့ စုပ်ခွက်
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငါးမန်းအရေခွံ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • သက်ရှိတွေထုတ်လွှတ်တဲ့ အလင်း
    အလိုလို ဖြစ်လာနိုင်ပါ့မလား
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၁၇
ရီမိုရာငါးတစ်ကောင် ကူးခတ်နေတယ်။ သူ့ခေါင်းပေါ်က ဘဲဥပုံစုပ်ခွက် ဖြစ်တယ်။

အလိုလို ဖြစ်လာနိုင်ပါ့မလား

ရီမိုရာငါးရဲ့ စုပ်ခွက်

ရီမိုရာလို့ခေါ်တဲ့ စုပ်ခွက်ငါးတစ်မျိုးဟာ တခြားပင်လယ်သတ္တဝါတွေရဲ့ ကိုယ်မှာ မြဲမြဲ တွယ်ကပ်နိုင်သလို လက်ခံကောင်ကို မထိခိုက်စေဘဲ အလွယ်တကူ ပြန်ခွာထွက်နိုင်စွမ်းလည်း ရှိတယ်။ ဒီအချက်ကို သုတေသီတွေ စိတ်ဝင်တစား လေ့လာနေကြတယ်။

စဉ်းစားကြည့်ပါ။ ရီမိုရာငါးဟာ ငါးလိပ်ကျောက်၊ ငါးမန်း၊ လိပ်၊ ဝေလငါးနဲ့ ဘယ်လို အရေခွံမျိုးမဆိုရှိတဲ့ ပင်လယ်သတ္တဝါတွေ ကိုယ်ပေါ်မှာ တွယ်ကပ်နိုင်တယ်။ အဲဒီလက်ခံကောင်တွေရဲ့ အကာအကွယ်ကို ယူ၊ သူတို့ကိုယ်ပေါ် တွယ်ကပ်လိုက်ပါရင်း လက်ခံကောင်ရဲ့ စားကြွင်းစားကျန်တွေ၊ ကပ်ပါးကောင်တွေကို စားသုံးကြတယ်။ ရီမိုရာငါးရဲ့ စုပ်ခွက်ဟာ မျက်နှာပြင်အမျိုးမျိုးမှာ ညင်ညင်သာသာ၊ မြဲမြဲမြံမြံ တွယ်ကပ်နိုင်ပုံကို ပညာရှင်တွေ လေ့လာနေကြတယ်။

ဝေလငါးမန်းမှာ တွယ်ကပ်နေတဲ့ ရီမိုရာငါးတွေ

ရီမိုရာငါးရဲ့ ဦးခေါင်းပေါ်မှာ ဘဲဥပုံစုပ်ခွက် ရှိတယ်။ စုပ်ခွက်ရဲ့ ပတ်လည်အနားသားက နူးညံ့ပျော့ပျောင်းပြီး စုပ်အားကောင်းတယ်။ စုပ်ခွက်ထဲမှာ သေးငယ်မာကြောတဲ့ အချပ်လေးတွေ အတန်းလိုက် ရှိတယ်။ အဲဒီချပ်ပြားလေးတွေ ထောင်လာတဲ့အခါ လက်ခံကောင်ရဲ့ အရေခွံနဲ့ ပွတ်တိုက်ပြီး စုပ်ကပ်လိုက်တယ်။ ဒီလိုစုပ်ကပ်လိုက်တဲ့အခါ လက်ခံကောင်က အရှိန်ဘယ်လောက် မြန်မြန် သွားနေပါစေ၊ ဘယ်လိုပုံစံနဲ့ ကူးခတ်ပါစေ မြဲမြဲ တွယ်ကပ်ထားနိုင်တယ်။

ရီမိုရာငါးရဲ့ စုပ်ခွက်ကို အခြေခံပြီး သိပ္ပံပညာရှင်တွေက မျက်နှာပြင်အမျိုးမျိုးမှာ တွယ်ကပ်နိုင်တဲ့ ဘဲဥပုံ စုပ်ခွက်တစ်မျိုး တီထွင်ကြတယ်။ စုပ်ခွက်ရဲ့ အလေးအချိန်ထက် အဆတစ်ရာရှိတဲ့ အားနဲ့ ဆွဲခွာတာတောင် မကွာဘဲ တွယ်ကပ်နေတယ်။

ရီမိုရာငါးရဲ့ စုပ်ခွက်ကို မှီငြမ်းပြီး ပစ္စည်းအမျိုးမျိုး တီထွင်ထုတ်လုပ်ဖို့ ရှိတယ်။ ပင်လယ်ရေနက်ပိုင်းကို လေ့လာရာမှာ၊ ရေနေသတ္တဝါတွေကို ရှာဖွေမှတ်သားရာမှာ၊ ရေအောက်တံတားနဲ့ သင်္ဘောဝမ်းဗိုက် မျက်နှာပြင်မှာ အလင်းရောင်ရဖို့ တပ်ဆင်နိုင်တဲ့ ကိရိယာတွေ တီထွင်ရာမှာ အသုံးပြုနိုင်တယ်။

ဘယ်လို ထင်ပါသလဲ။ ရီမိုရာငါးရဲ့ စုပ်ခွက်က သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ