ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၅၃
  • လုကာ ၁:၃၇—“ ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုကာ ၁:၃၇—“ ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိ”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လုကာ ၁:၃၇ ရဲ့ အဓိပ္ပာယ်
  • လုကာ ၁:၃၇ အထက်အောက်စကား
  • မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ယေရှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • မာရိဆီ ဂါဗြေလ ရောက်လာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ကောင်းကင်တမန်တစ်ပါး မာရိဆီလာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • မမွေးဖွားမီဂုဏ်ပြုခံရ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၅၃

ကျမ်းပိုဒ် ရှင်းပြချက်များ

လုကာ ၁:၃၇—“ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိ”

“ဘုရားသခင်ရဲ့စကားတွေ မပြည့်စုံဘဲ မနေဘူး။”—လုကာ ၁:၃၇၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိ။”—လုကာ ၁:၃၇၊ ယုဒသန်ကျမ်း။

လုကာ ၁:၃၇ ရဲ့ အဓိပ္ပာယ်

လူ့အမြင်မှာ မဖြစ်နိုင်တာတွေကို အနန္တတန်ခိုးရှင်ဘုရားသခင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်။ ဘုရား ပြောထားတဲ့၊ ကတိပေးထားတဲ့အရာတွေ အကောင်အထည် မဖော်နိုင်အောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး။

ဘုရားသခင်ရဲ့ “စကား” လို့ ပြန်ဆိုထားတဲ့ မူရင်းဂရိစကားလုံးက ယေဟောဝါa ပြောထားတဲ့စကားရဲ့ ရလဒ်ကို ရည်ညွှန်းတာလည်း ဖြစ်နိုင်တယ်။ ဘုရားရဲ့စကား အမြဲ ပြည့်စုံတဲ့အတွက် လုကာ ၁:၃၇ ကို “ဘုရားရဲ့ ကတိတွေ မပြည့်စုံဘဲ မနေဘူး၊” “ဘုရားအတွက် မဖြစ်နိုင်တာ မရှိဘူး” လို့လည်း ပြန်ဆိုနိုင်တယ်။ ဆိုလိုချင်တဲ့ အခြေခံအမှန်တရားကတော့ ဘုရားအတွက် မဖြစ်နိုင်တာ ဘာမှမရှိလို့ ဘုရားသခင် ပြောထား၊ ကတိပေးထားတာတွေ မပြည့်စုံဘဲ မနေဘူး ဆိုတာပါပဲ။—ဟေရှာယ ၅၅:၁၀၊ ၁၁။

ဘုရားကတိတော်တွေနဲ့ပတ်သက်တဲ့ အလားတူ ဖော်ပြချက်တွေကို ကျမ်းစာ တစ်အုပ်လုံးမှာ တွေ့ရတယ်။ ဥပမာ၊ အာဗြဟံရဲ့ ဇနီး စာရာမှာ ကလေးတစ်ယောက်မှ မရှိပေမဲ့ အသက်ကြီးခါမှ ကိုယ်ဝန်ရလာမယ်ဆိုပြီး ကောင်းကင်တမန်ကတစ်ဆင့် ပြောတုန်းက “ယေဟောဝါ မတတ်နိုင်တာ ရှိလို့လား” လို့ ယေဟောဝါ မေးခဲ့တယ်။ (ကမ္ဘာဦး ၁၈:၁၃၊ ၁၄) ဘုရားသခင့် ဖန်ဆင်းခြင်း လက်ရာတွေအကြောင်း တွေးတောပြီးတဲ့အခါ ‘ကိုယ်တော် ကြံစည်သမျှ မဖြစ်နိုင်တာ မရှိဘူး’ ဆိုပြီး ဘိုးဘေးယောဘ အသိအမှတ်ပြုခဲ့တယ်။ (ယောဘ ၄၂:၂) ကယ်တင်ခြင်းရဖို့ ဘုရားသခင် ချမှတ်ထားတဲ့ စံနှုန်းအတိုင်း နေထိုင်နိုင်ပါ့မလားဆိုပြီး နောက်လိုက်တွေ စိုးရိမ်တကြီး မေးလာတဲ့အခါ ယေရှုက “ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်” လို့ သတိပေးခဲ့တယ်။—မဿဲ ၁၉:၂၅၊ ၂၆။b

လုကာ ၁:၃၇ အထက်အောက်စကား

လုကာ ၁:၃၇ ပါ စကားတွေကို ဂါဗြေလလို့ ခေါ်တဲ့ ကောင်းကင်တမန်တစ်ပါးက ဂျူးအပျိုစင် မာရိကို ပြောခဲ့တာပါ။ “အမြင့်ဆုံးအရှင်ရဲ့ သား” ကို မွေးပြီး သူ့ကို “ယေရှုလို့ နာမည်ပေးရမယ်၊” အဲဒီသားဟာ ဘုရားသခင့် နိုင်ငံတော်ဘုရင်အဖြစ် ထာဝစဉ်အုပ်ချုပ်မယ်လို့လည်း မာရိကို ပြောခဲ့တယ်။—လုကာ ၁:၂၆-၃၃။ ဗျာဒိတ် ၁၁:၁၅။

အိမ်ထောင် မရှိ၊ “အပျိုစင်” လည်း ဖြစ်နေတော့ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဆိုပြီး မာရိ မေးတယ်။ (လုကာ ၁:၃၄၊ ၃၅) သန့်ရှင်းသော စွမ်းအားတော်ဆိုတဲ့ ဘုရားတန်ခိုးကြောင့် ကိုယ်ဝန်ရလာမယ်လို့ ဂါဗြေလ ပြန်ဖြေတယ်။ အဲဒီအချိန်တုန်းက ယေရှုဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကောင်းကင်မှာ ရှိနေတာ။ ဒါကြောင့် ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး သားတော်ယေရှုရဲ့ အသက်ကို ကောင်းကင်ကနေ မာရိရဲ့ သားအိမ်ထဲ ရွှေ့ပြောင်းလိုက်တယ်။ (ယောဟန် ၁:၁၄။ ဖိလိပ္ပိ ၂:၅-၇) ဒီလိုနဲ့ မာရိ အံ့ဖွယ်နည်းနဲ့ ကိုယ်ဝန် ရှိလာတယ်။ ဘုရားသခင်ရဲ့ တန်ခိုးကို မာရိ ပိုယုံကြည်လာအောင် ကောင်းကင်တမန်က မာရိရဲ့ ဆွေမျိုး ဧလိရှဗက်အကြောင်းလည်း ပြောပြတယ်။ ဧလိရှဗက်ဟာ မြုံနေလို့ သူနဲ့ ခင်ပွန်း ဇာခရိမှာ ကလေးမရှိခဲ့ပေမဲ့ “အသက်ကြီး” ခါမှ ဧလိရှဗက် ကိုယ်ဝန်ရလာတယ်။ (လုကာ ၁:၃၆) သူတို့ရဲ့သား ယောဟန်ဟာ ယေဟောဝါ ကြိုဟောထားတဲ့အတိုင်း အမှုဆောင်ပြီး နှစ်ခြင်းပေးသူ ဖြစ်လာတယ်။—လုကာ ၁:၁၀-၁၆။ ၃:၁-၆။

ကောင်းကင်တမန် ဂါဗြေလက မာရိနဲ့ ဧလိရှဗက် နှစ်ယောက်လုံးကို ရည်စူးပြီး လုကာ ၁:၃၇ မှာပါတဲ့ စကားတွေကို ပြောခဲ့ပုံရတယ်။ ဘုရားကတိတွေ အမြဲပြည့်စုံလာမယ်ဆိုတာ အဲဒီစကားတွေက ဒီနေ့ခေတ် ယေဟောဝါရဲ့ ကျေးကျွန်တွေကို ယုံကြည်စိတ်ချစေတယ်။ လူ့အုပ်ချုပ်မှုနေရာမှာ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု အစားထိုးမယ်၊ ဘုရင်အဖြစ် သားတော် ယေရှုခရစ် ဖြောင့်မတ်စွာ အုပ်ချုပ်မယ်ဆိုတဲ့ ဘုရားကတိ ပြည့်စုံလာမယ်ဆိုတာလည်း ယုံကြည်စိတ်ချစေတယ်။—ဒံယေလ ၂:၄၄။ ၇:၁၃၊ ၁၄။

ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထဲက လုကာ အခန်းကြီး ၁ ကို ဖတ်ပါ။ ဖတ်ရလွယ်ကူတဲ့ ဒီကျမ်းမှာ အသံဖိုင်တွေ၊ ရုပ်ပုံတွေ၊ မြေပုံတွေ၊ ဗီဒီယိုတွေ၊ နောက်ဆက်တွဲတွေ၊ အောက်ခြေမှတ်ချက်နဲ့ ကျမ်းအညွှန်းတွေ ပါတယ်။

လုကာကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုတိုကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။

b အလားတူ ဖော်ပြချက်တွေကို တောလည်ရာ ၂၃:၁၉။ ယောရှု ၂၁:၄၅။ ၁ ဘုရင်များ ၈:၅၆။ ယောဘ ၃၇:၅။ ဆာလံ ၁၃၅:၆။ ယေရမိ ၃၂:၁၇။ ဒံယေလ ၄:၃၅ တို့မှာ တွေ့ရတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ