ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၀၇ စာ. ၂၁
  • လျှပ်စစ်စွမ်းအားမှ ဝိညာဉ်ရေးအလင်းဆီသို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လျှပ်စစ်စွမ်းအားမှ ဝိညာဉ်ရေးအလင်းဆီသို့
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရှေ့အာဖရိက၏ “မိုက်ရူးရဲအမြန်ရထား”
    နိုးလော့!—၂၀၀၁
  • ရထားပို့ဆောင်ရေးစိတ်ထက်သန်သူလူငယ်တစ်ဦး သမ္မာတရားသိရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • တစ်ရာစုခွဲရှိ မြေအောက်ရထားလမ်းများ
    နိုးလော့!—၁၉၉၈
  • တိုက်ကြီးတစ်တိုက်ကိုဖြတ်ဖို့ နှစ်ပေါင်း ၁၂၀ ကျော်ကြာခဲ့
    နိုးလော့!—၂၀၀၈
နိုးလော့!—၂၀၀၇
န ၁၀/၀၇ စာ. ၂၁

လျှပ်စစ်စွမ်းအားမှ ဝိညာဉ်ရေးအလင်းဆီသို့

အီတလီနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

◼ ၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်းက အီတလီနိုင်ငံ၊ ပီစတိုရာဒေသရှိ တောင်တန်းများတွင် စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားခဲ့သည်။ ကုန်ကြမ်းများနှင့် ကုန်ချောများကို သယ်ယူပို့ဆောင်ရန် လျှပ်စစ်မီးရထားလမ်းတစ်ခုကို ဖောက်လုပ်ခဲ့ကြ၏။ ၁၉၂၆၊ ဇွန်လ ၂၁ ရက်နေ့တွင် အခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့သော ကျဉ်းမြောင်းသည့်ရထားလမ်းသည် တောင်ကုန်းများနှင့် တောင်တန်းများအပေါ် ဆယ်မိုင်ခန့် ကွေ့ပတ်သွားသည်။

မီးရထားသည် လျှပ်စစ်ဓာတ်အားကို ဓာတ်အားခွဲရုံတစ်ခု (အပေါ်ဘယ်ဘက်ပုံ) မှရရှိ၏။ သို့သော် စီးပွားဖြစ်ကုန်ကူးမှု တဖြည်းဖြည်းကျဆင်းလာခြင်းက မီးရထားလုပ်ငန်းကို ပျက်ပြားစေခဲ့ရာ ၁၉၆၅ ခုနှစ်တွင် သံလမ်းကို ပိတ်လိုက်ရလေသည်။ သို့သော် မီးရထားသံလမ်းတစ်လျှောက်တွင် တည်ဆောက်ထားသော အဆောက်အအုံများတွင် မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ အဆောက်အအုံတချို့သည် ပစ်ထားခံရသဖြင့် ယိုယွင်းပျက်စီးသွား၏။ အခြားအဆောက်အအုံများမှာ တဖြည်းဖြည်း အရက်ဆိုင်များ၊ ဘတ်စကားဝင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။

လျှပ်စစ်ဓာတ်အားခွဲရုံကိုမူ ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ကြသည်။ ၁၉၉၇ ခုနှစ်တွင် ယင်းစက်ရုံကို ယေဟောဝါသက်သေများ၏ ဆန်မာဆဲလို ပီစတိုယေဇီ အသင်းအဖွဲ့က ဝယ်ယူခဲ့ပြီး တပ်စ်ကာနီဒေသရှိ အထူးခြားဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမများအနက် တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်လေသည် (အောက်ဘယ်ဘက်ပုံ)။ ယခင်က ဓာတ်အားခွဲရုံဖြစ်ခဲ့သော ဤခန်းမတွင် တွေ့ဆုံကြသည့် အသင်းတော်သားများသည် ဤတောင်တန်းဒေသများ၌ ‘အလင်းအိမ်များကဲ့သို့ ထွန်းလင်းခြင်း၊’ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းတို့တွင် အလုပ်များနေကြ၏။ (ဖိလိပ္ပိ ၂:၁၅၊ သမ္မာ; မဿဲ ၂၄:၁၄) မူလက ပကတိဓာတ်အားခွဲဝေပေးရန် အသုံးပြုခဲ့သော ဤအဆောက်အအုံကို ယခုအခါ ဝိညာဉ်ရေးအလင်းပေးရန် အသုံးပြုနေပါသည်။—မဿဲ ၅:၁၄-၁၆; ၂၈:၁၉၊ ၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ