ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၀၉ စာ. ၂၃
  • သင်မည်သို့ဖြေဆိုမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မည်သို့ဖြေဆိုမည်နည်း
  • နိုးလော့!—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဤပုံတွင် အဘယ်အရာ လိုနေသနည်း
  • ဤစာစောင်မှ
  • ကလေးများ၏ ရုပ်ပုံရှာဖွေမှု
  • ပရောဖက်များအကြောင်း သင်အဘယ်အရာသိရှိသနည်း
  • စာမျက်နှာ ၂၃ မှအဖြေများ
  • သင်မည်သို့ဖြေဆိုမည်နည်း
    နိုးလော့!—၂၀၀၉
  • သင်မည်သို့ဖြေဆိုမည်နည်း
    နိုးလော့!—၂၀၀၈
  • သင်မည်သို့ဖြေဆိုမည်နည်း
    နိုးလော့!—၂၀၀၈
  • သင်မည်သို့ဖြေဆိုမည်နည်း
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၂/၀၉ စာ. ၂၃

သင်မည်သို့ဖြေဆိုမည်နည်း

ဤပုံတွင် အဘယ်အရာ လိုနေသနည်း

၃ ဓမ္မရာဇဝင် ၁၈:၁၉-၂၄၊ ၃၀-၄၀ ကိုဖတ်ပါ။ ယခု ရုပ်ပုံကိုကြည့်ပါ။ မည်သည့်အရာများ လိုနေသနည်း။ သင့်အဖြေများကို အောက်ဖော်ပြပါလိုင်းများတွင်ရေးပါ။

၁။ ․․․․․

၂။ ․․․․․

၃။ ․․․․․

ဆွေးနွေးရန်–

ယေဟောဝါသည် အဘယ်ကြောင့် ဧလိယ၏ပူဇော်ရာ ယဇ်ကို လက်ခံခဲ့သနည်း။ ယေဟောဝါသည် ယနေ့ မိမိ၏ကျေးကျွန်များထံမှ အဘယ် ပူဇော်ရာယဇ်မျိုးကို လက်ခံသနည်း။

ဤစာစောင်မှ

အောက်ပါမေးခွန်းများကိုဖြေဆိုပြီး လပ်နေသော ကျမ်းချက်(များ) ကိုဖြည့်ပါ။

စာမျက်နှာ ၇ ယေဟောဝါသည် မြေကြီးကို အဘယ်နေရာ၌ ကြက်တော်မူသနည်း။ ယောဘ ၂၆:․․․

စာမျက်နှာ ၉ မည်သူ၏အလုပ်ကို ပညာတော်အားဖြင့် လုပ်ဆောင်သနည်း။ ဆာလံ ၁၀၄:․․․

စာမျက်နှာ ၂၀ ကျွန်ုပ်တို့၏ခံစားချက်များကို ယေဟောဝါအား ပြောပြ သောအခါ ကိုယ်တော် ကျွန်ုပ်တို့အား အဘယ်အရာပေးတော်မူသနည်း။ ဖိလိပ္ပိ ၄:․․․

ကလေးများ၏ ရုပ်ပုံရှာဖွေမှု

ဤစာစောင်တွင် ဤရုပ်ပုံကို ရှာတွေ့ နိုင်သလော။ ရုပ်ပုံတွင် အဘယ်အရာ ဖြစ်ပျက်နေသည်ကို သင့်ကိုယ်ပိုင်စကားဖြင့် ဖော်ပြပါ။

ပရောဖက်များအကြောင်း သင်အဘယ်အရာသိရှိသနည်း

၄ ․․․․․

ယုဒဘုရင်ယောရှအား ၎င်း၏မကောင်းမှုအတွက် ပြစ်တင်ဆုံးမခဲ့သည့်ပရောဖက်မှာ မည်သူနည်း။ သဲလွန်စ– ၂ ရာဇဝင်ချုပ် ၂၄:၂၀-၂၂ ကိုဖတ်ပါ။

၅ ․․․․․

ဘုရင်ယောရှသည် ထိုပရောဖက်ပြောသောစကားကြောင့် ၎င်းအား ကွပ်မျက်ခဲ့သည်။ ပရောဖက်ပြောဆိုခဲ့ရာကို ယေဟောဝါမနှစ်သက်ခဲ့ဟု ယင်းက ဆိုလိုပါသလော။ သဲလွန်စ– လုကာ ၁၁:၅၀၊ ၅၁ ကိုဖတ်ပါ။

ဆွေးနွေးရန်–

ယေဟောဝါကို သင်နာခံသောကြောင့် လူများက သင့်ကို ညှဉ်းပန်းနှိပ်စက်သောအခါ အဘယ်ကြောင့် မစိုးရိမ်သင့်သနည်း။

သဲလွန်စ– မဿဲ ၅:၁၁၊ ၁၂ နှင့် ၁ ပေတရု ၄:၁၄ ကိုဖတ်ပါ။

◼ စာမျက်နှာ ၁၄ တွင်အဖြေများရှိသည်

စာမျက်နှာ ၂၃ မှအဖြေများ

၁။ ယဇ်အဖြစ် ပူဇော်ရသည့် နွားထီး။

၂။ ရေပြည့်နေသောကျုံး။

၃။ ဗာလပရောဖက် ၄၅၀ အပါအဝင် စုရုံးရောက်ရှိခဲ့ကြသည့် ရာနှင့်ချီသောလူများ။

၄။ ယောယဒ၏သား ဇာခရိ။

၅။ မဆိုလိုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ