ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၀၉ စာ. ၃
  • စိတ်ဖိစီးနေသော ကျောင်းသားများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဖိစီးနေသော ကျောင်းသားများ
  • နိုးလော့!—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူငယ်များ—သင်တို့၏အလုပ်ကို ယေဟောဝါမေ့လျော့မည်မဟုတ်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆယ်ကျော်သက်သမီးတွေ ဖိစီးမှုများတဲ့အခါ
    နိုးလော့!—၂၀၁၄
  • မိဘများ မည်သို့ ကူညီပေးနိုင်သနည်း
    နိုးလော့!—၂၀၀၉
  • ‘ကျွန်တော့်မှာ လုပ်စရာတွေ အရမ်းများလွန်းတယ်’
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၄/၀၉ စာ. ၃

စိတ်ဖိစီးနေသော ကျောင်းသားများ

အသက် ဆယ့်ခုနစ်နှစ်အရွယ် ဂျနီဖာသည် သူ၏အတန်းထဲရှိ စာအတော်ဆုံးကျောင်းသူများတွင် အမြဲပါဝင်ခဲ့သည်။ သူသည် ကျောင်းချိန်ပြင်ပလုပ်ဆောင်မှုများတွင် ပါဝင်ခဲ့ပြီး ဆရာဆရာမများနှင့် အကြံပေးပုဂ္ဂိုလ်များ၏ လေးစားမှုကို ရရှိခဲ့သည်။ သို့သော် သူကျောင်းမပြီးမီ တစ်နှစ်တွင် အလွန်အမင်းခေါင်းကိုက်သည့်ရောဂါ စဖြစ်လာပြီး မကြာခဏဆိုသလို မူးဝေအော့အန်ခဲ့သည်။ ကျောင်းစာများကို နာရီပေါင်းများစွာ အာရုံစိုက်လုပ်ဆောင်ခဲ့မှုနှင့် အိပ်ရေးမဝမှုတို့ကြောင့် ကျန်းမာရေးချို့တဲ့လာခြင်းဖြစ်သည်ဟု သူယူဆ၏။

ဂျနီဖာတစ်ဦးတည်းသာ ယင်းပြဿနာများ ကြုံနေရခြင်းမဟုတ်ပေ။ ကျောင်းတွင် စိတ်ရောဂါကုဆရာဝန်များထံမှ အကူအညီတောင်းခံသည့် အလွန်အမင်းစိတ်ဖိစီးနေသော ကျောင်းသားအရေအတွက် တိုးများလာနေပုံရသည်။ သို့ဖြစ်၍ အမေရိကန်နိုင်ငံတွင် ဆရာဆရာမများနှင့် ကျောင်းအမှုထမ်းများပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ကျောင်းများ၌ စိတ်ဖိစီးမှုကို လျော့နည်းစေရန် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြသည်။ ယင်းအစီအစဉ်ကို အခက်အခဲများကို အောင်မြင်ကျော်လွှားခြင်း ဟုခေါ်သည်။

သင်သည် ကျောင်းသားတစ်ဦးဆိုလျှင် ဂျနီဖာကဲ့သို့ ထပ်တူစိတ်ဖိစီးမှုမျိုးကို ကိုင်တွယ်နေရဖွယ်ရှိသည်။ သို့မဟုတ် သင်သည် မိဘတစ်ဦးဆိုလျှင် သင့်သားသမီး ကျောင်းတွင် အောင်မြင်မှုရရှိရန် အမြဲရင်ဆိုင်နေရသည့် ဖိအားများကို သင်တွေ့ မြင်ပေမည်။ ကျောင်းသားများနှင့် ၎င်းတို့၏မိဘများ အကူအညီရယူနိုင်သည့် ထိရောက်သောလမ်းညွှန်မှုရင်းမြစ်တစ်ခု ရှိပါသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ