ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၃ စာ. ၁၂-၁၃
  • ဆယ်ကျော်သက်တွေအတွက် စည်းကမ်းသတ်မှတ်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆယ်ကျော်သက်တွေအတွက် စည်းကမ်းသတ်မှတ်နိုင်ပုံ
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • ဆယ်ကျော်သက် ကလေးကို ဆုံးမပဲ့ပြင်နိုင်ပုံ
    နိုးလော့!—၂၀၁၃
  • သင့်ရဲ့ဆယ်ကျော်သက်ကလေးနဲ့ အငြင်းမပွားဘဲ စကားပြောပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သင့် ဆယ်ကျော်သက်ကလေးကို ယုံကြည်စိတ်ချလို့ မရတဲ့အခါ
    မိသားစုအတွက် အကူအညီ
  • ယေဟောဝါကို ဝတ်ပြုဖို့ သင့်ဆယ်ကျော်သက်သားသမီးကို လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၃/၁၃ စာ. ၁၂-၁၃

မိသားစုတွေအတွက်အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

ဆယ်ကျော်သက်တွေအတွက် စည်းကမ်းသတ်မှတ်နိုင်ပုံ

အခက်အခဲ

သင့်ရဲ့ ဆယ်ကျော်သက်ကလေးက ‘ချုပ်ချယ်လွန်းတယ်’ လို့ ညည်းတယ်။ သင့်ဘက်ကတော့ ‘သူ့ကို ကာကွယ်ပေးဖို့ ဒီစည်းကမ်းတွေ ထုတ်ကိုထုတ်ရမယ်၊ အဲဒီလိုမှမဟုတ်ရင် ဒုက္ခလှလှတွေ့သွားနိုင်တယ်’ လို့ ခံစားရတယ်။

သင်ဟာ ဆယ်ကျော်သက်ကလေးအတွက် သင့်တော်တဲ့စည်းကမ်း သတ်မှတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ စည်းကမ်းနဲ့ပတ်သက်လို့ ဘယ်အချက်က သူ့ကို စိတ်ကသိကအောက်ဖြစ်စေသလဲဆိုတာ သိထားရမယ်။a

ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲ

လူအများရဲ့ယူဆချက်– ဆယ်ကျော်သက်အားလုံးလိုလို စည်းကမ်းဖောက်ကြတယ်။ မြီးကောင်ပေါက်အရွယ်မှာ ဒါကဖြစ်နေကျပဲ။

အဖြစ်မှန်– မိဘတွေက သင့်တော်တဲ့စည်းကမ်းသတ်မှတ်ပေးပြီး သူတို့နဲ့ ပြောဆိုဆွေးနွေးမယ်ဆိုရင် ကလန်ကဆန်လုပ်တာတွေ နည်းသွားနိုင်တယ်။

ကလန်ကဆန်လုပ်ရတဲ့ အကြောင်းရင်းတွေ တော်တော်များများရှိပေမဲ့ မိဘတွေက တရားသေစည်းကမ်းတွေ၊ အသက်အရွယ်နဲ့မလိုက်တဲ့စည်းကမ်းတွေ သတ်မှတ်ထားမယ်ဆိုရင် ကလန်ကဆန်လုပ်ဖို့အတွက် မရည်ရွယ်ဘဲအားပေးသလို ဖြစ်သွားနိုင်တယ်။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

  • တရားသေစည်းကမ်း။ မိဘတွေက စည်းကမ်းသတ်မှတ်ပြီး ‘ငါပြောသလိုလုပ်၊ ဘာမှအတွန့်မတက်နဲ့’ ဆိုတဲ့အခါမှာ ကာကွယ်ပေးဖို့မဟုတ်ဘဲ ချုပ်ချယ်ချင်လို့ စည်းကမ်းထုတ်တာလို့ ကလေးတွေခံစားရလိမ့်မယ်။ ဒါနဲ့ပဲ မိဘတွေတားမြစ်ထားတဲ့အရာကိုမှ ခိုးလုပ်တော့တယ်။

  • အသက်အရွယ်နဲ့မလိုက်တဲ့စည်းကမ်း။ ကလေးအရွယ်မှာ “ပြောတဲ့အတိုင်းလုပ်” ဆိုရင် လုံလောက်ပေမဲ့ ဆယ်ကျော်သက်အရွယ်ရောက်လာရင်တော့ အကြောင်းပြချက်လိုလာတယ်။ မကြာခင်မှာ သင့်ကလေးက သူ့ခြေထောက်ပေါ်သူရပ်တည်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရတော့မှာ။ ဒါကြောင့် သင့်လက်အောက်မှာရှိနေတဲ့ အခုအချိန်ကတည်းက ကောင်းကောင်းကျိုးကြောင်းဆင်ခြင်တတ်အောင်၊ ဆုံးဖြတ်ချက်ချတတ်အောင် သင်ပေးသင့်တယ်မဟုတ်လား။

သင် စည်းကမ်းထုတ်လိုက်တိုင်း သင့်ကလေးက အမြဲစိတ်အနှောင့်အယှက်ဖြစ်နေပုံရရင် ဘာလုပ်နိုင်မလဲ။

သင်လုပ်ဆောင်နိုင်ရာ

ပထမဆုံးအချက်က၊ ဆယ်ကျော်သက်တွေဟာ သင်ထုတ်တဲ့ စည်းကမ်းတွေကို လိုအပ်တယ်၊ သူတို့ဝန်မခံပေမဲ့ ဒီစည်းကမ်းတွေကို သူတို့ လိုချင်တယ်ဆိုတာ သိထားပါ။ ဒါကြောင့် စည်းကမ်းသတ်မှတ်ပါ၊ အဲဒီစည်းကမ်းကို သင့်ကလေး သေသေချာချာနားလည်အောင် ရှင်းပြပါ။ “စည်းကမ်းကို ရှင်းရှင်းလင်းလင်း ထုတ်ထားမယ်၊ မိဘက သင့်တော်သလို ထိန်းပေးသွားမယ်ဆိုရင် စိတ်ပူစရာအပြုအမူတွေကို သူတို့ သိပ်လုပ်မှာ မဟုတ်တော့ဘူး” လို့ စာအုပ်တစ်အုပ် (Letting Go With Love and Confidence) မှာ ဖော်ပြတယ်။ ဘာစည်းကမ်းမှမထုတ်ရင် ကလေးတွေက သူတို့ကို ပစ်ထားတယ်လို့ ခံစားရလေ့ရှိတယ်။ အဲဒါက ကလန်ကဆန်လုပ်တဲ့ကလေး ဖြစ်သွားစေတယ်။ —ကျမ်းစာမူ– သုတ္တံ ၂၉:၁၅။

မျှမျှတတရှိကြောင်း ဘယ်လို ဖော်ပြနိုင်မလဲ။ မိသားစုစည်းကမ်းနဲ့ပတ်သက်ပြီး ကလေးရဲ့ခံစားချက်ကို ပြောခွင့်ပြုပါ။ ဥပမာ၊ အိမ်ပြန်ရောက်ရမယ့် သတ်မှတ်ချိန်ကို လျှော့ပေးဖို့ ကလေးကပြောလာရင် သူ့ရဲ့အကြောင်းပြချက်ကို နားထောင်ပေးပါ။ သင် သေချာနားထောင်ပေးတယ်ဆိုတာသိရင် သင့်ရဲ့စည်းကမ်းကို သူသဘောမတူရင်တောင် လေးစားစွာနဲ့လိုက်လျှောက်ဖို့ အကြောင်းများတယ်။—ကျမ်းစာမူ– ယာကုပ် ၁:၁၉။

ဆုံးဖြတ်ချက်မချခင် ဒီအချက်ကိုသတိရပါ– ဆယ်ကျော်သက်ကလေးတွေက ရသင့်တဲ့ လွတ်လပ်ခွင့်ထက် ပိုတောင်းတဲ့အခါ မိဘတွေက ပေးသင့်တဲ့ လွတ်လပ်ခွင့်ထက် လျှော့ပြီးပေးတတ်ကြတယ်။ ဒါကြောင့် သင့်ဆယ်ကျော်သက်ကလေးရဲ့ တောင်းဆိုချက်ကို လေးလေးနက်နက် စဉ်းစားပါ။ သူက တာဝန်သိတတ်သူလား။ အခြေအနေအရ အလျှော့အတင်းလုပ်ဖို့ လိုအပ်သလား။ သင့်တော်တဲ့အခါ အလျှော့ပေးလိုက်လျောဖို့ လိုလိုလားလားရှိပါ။—ကျမ်းစာမူ– ကမ္ဘာဦး ၁၉:၁၇-၂၂။

သင့်ကလေးရဲ့ ခံစားချက်ကို နားထောင်ပေးတဲ့အပြင် သင် ဘာကိုစိုးရိမ်ပူပန်ကြောင်း သင့်ကလေး ကောင်းစွာသိပါစေ။ အဲဒီလိုလုပ်မယ်ဆိုရင် သင့်ကလေးကို ကိုယ့်အလိုချည်းပဲမဟုတ်ဘဲ တခြားသူတွေရဲ့ခံစားချက်ကိုပါ ထည့်စဉ်းစားဖို့ သင်ပေးနေခြင်းဖြစ်တယ်။—ကျမ်းစာမူ– ၁ ကောရိန္သု ၁၀:၂၄။

နောက်ဆုံး၊ ဆုံးဖြတ်ချက်ချပါ၊ အကြောင်းရင်းကို ရှင်းပြပါ။ ဆုံးဖြတ်ချက်ကို မကြိုက်ဘူးဆိုရင်တောင် မိဘတွေအနေနဲ့ သူ့ခံစားချက်ကို နားထောင်ပေးတဲ့အတွက် သူ ဝမ်းမြောက်ပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ်ဟာ လူကြီးဘဝအတွက် လေ့ကျင့်နေခြင်းဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ အကျိုးသင့်အကြောင်းသင့်ရှိတဲ့စည်းကမ်း သတ်မှတ်ပေးပြီး သူတို့နဲ့ ပြောဆိုဆွေးနွေးမယ်ဆိုရင် တာဝန်သိတတ်တဲ့ လူကြီးဖြစ်လာဖို့ သင့်ကလေးကို ကူညီပေးရာရောက်တယ်။ —ကျမ်းစာမူ– သုတ္တံ ၂၂:၆။

a ဒီဆောင်းပါးပါမူတွေက ဆယ်ကျော်သက် ယောက်ျားလေးတွေနဲ့ရော မိန်းကလေးတွေနဲ့ပါ သက်ဆိုင်ပါတယ်။

အဓိကကျမ်းချက်များ

  • “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို . . . ထင်ရှားစေကြလော့။”—ဖိလိပ္ပိ ၄:၅။

  • “သားသမီးများ ဒေါသထွက်ရန် မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် စိတ်ပျက်အားငယ်ကြလိမ့်မည်။”—ကောလောသဲ ၃:၂၁။

ဆယ်ကျော်သက်တို့

“ဘဏ်တစ်ခုကနေ ချေးငွေယူထားတဲ့လူတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။ တကယ် လို့ သူပေးစရာရှိတဲ့ငွေကို မှန်မှန်သွင်းမယ်ဆိုရင် ဘဏ်ရဲ့ ယုံကြည်စိတ်ချမှုကို သူရမှာဖြစ်ပြီး ချေးငွေ ဆက်လက်ထုတ်ပေးဖို့ အကြောင်းပိုများတယ်။ သင့်အိမ်မှာလည်း အလားတူပါပဲ။ သင်က မိဘတွေကို နာခံဖို့ဆိုတဲ့အကြွေး တင်နေတယ်။ သေးငယ်တဲ့ကိစ္စတွေမှာတောင် ယုံကြည်စိတ်ချရသူ ဖြစ်တယ်ဆိုတာ သင် သက်သေပြရင် နောက်ပိုင်း မိဘတွေဆီက ယုံကြည်စိတ်ချမှု ပိုရစရာအကြောင်းများတယ်။ ဒါပေမဲ့ မိဘတွေကို စိတ်ပျက်အောင် လုပ်မယ်ဆိုရင် မိဘတွေ သင့်အပေါ် ယုံကြည်စိတ်ချမှု နည်းသွားနိုင်တယ် ဒါမှမဟုတ် လုံးဝ ယုံတော့မှာမဟုတ်ဘူးဆိုတာ သတိရပါ။—ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂ (အင်္ဂလိပ်) မှ ထုတ်နုတ်ချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ