ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၁၄ စာ. ၁၄-၁၅
  • ဘုရားသခင်မြင်မက်စေတဲ့ အိပ်မက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်မြင်မက်စေတဲ့ အိပ်မက်များ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်က လူတွေနဲ့ ဆက်သွယ်ဖို့ အိပ်မက်တွေကို သုံးခဲ့သလား။
  • အခုချိန်မှာရော ဘုရားသခင်က လူတွေနဲ့ ဆက်သွယ်ဖို့ အိပ်မက်တွေကို သုံးနေသေးသလား။
  • သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ အိပ်မက်ရူပါရုံတွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
  • အိပ်မက်ထဲကသတင်းစကားများသည် ဘုရားသခင်ထံမှလော
    နိုးလော့!—၂၀၀၂
  • အိပ်မက်များ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • အိပ်မက်သည် အနာဂတ်ကို ဖော်ပြနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကျွန်ုပ်တို့ အိပ်မက်မြင်မက်ရမည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၈/၁၄ စာ. ၁၄-၁၅
လူတစ်ယောက် အိပ်မက် မက်နေ

သမ္မာကျမ်းစာရှုထောင့်

ဘုရားသခင်မြင်မက်စေတဲ့ အိပ်မက်များ

ဘုရားသခင်က လူတွေနဲ့ ဆက်သွယ်ဖို့ အိပ်မက်တွေကို သုံးခဲ့သလား။

‘ဒံယေလသည် အိပ်မက်ကိုမြင်၍ မြင်မက်သောအရာတို့ကို ရေးထား၏။’—ဒံယေလ ၇:၁။

သမ္မာကျမ်းစာပြောဆိုရာ

ရှေးအချိန်က အိပ်မက်တွေကို ဘုရားသခင်သုံးပြီး လူတွေကို အရေးကြီးတဲ့သတင်းတွေ ပေးခဲ့တယ်။ အဲဒီအိပ်မက်တွေက ဇဝေဇဝါ၊ အဓိပ္ပာယ်မရှိတာတွေ မဟုတ်ဘူး။ ဘုရားသခင်မြင်မက်စေတဲ့ အိပ်မက်တွေက ယုတ္တိရှိ၊ ရှင်းလင်းပြတ်သားပြီး တိကျတဲ့သတင်းအချက်အလက်တွေ ပါတယ်။ ဥပမာ၊ ဗာဗုလုန်အချိန်ကနေ အခုအချိန်အထိ နိုင်ငံရေးအင်ပါယာကြီးတွေကို ခိုင်းနှိုင်းသရုပ်ဖော်ထားတဲ့ သားရဲတွေကို အိပ်မက်ထဲမှာ ဒံယေလ မြင်တွေ့ခဲ့တယ်။ (ဒံယေလ ၇:၁-၃၊ ၁၇) ယေရှုရဲ့ မွေးစားအဖေ နာဇရက်မြို့သား ယောသပ်ကို သူ့မိန်းမနဲ့ကလေးကိုခေါ်ပြီး အီဂျစ်ပြည်ကိုထွက်ပြေးဖို့ အိပ်မက်ကနေတစ်ဆင့် ဘုရားသခင် ပြောခဲ့တယ်။ အဲဒါကြောင့် ယေရှုဟာ ဘုရင်ဆိုး ဟေရုဒ်ရဲ့ရန်ကနေ လွတ်မြောက်သွားတယ်။ ဟေရုဒ်သေပြီးမှ မိသားစုနဲ့အတူ ဇာတိမြို့ကိုပြန်သွားဖို့ ယောသပ်ကို ဘုရားသခင် အိပ်မက်ပေးလမ်းညွှန်ခဲ့တယ်။—မဿဲ ၂:၁၃-၁၅၊ ၁၉-၂၃။

အခုချိန်မှာရော ဘုရားသခင်က လူတွေနဲ့ ဆက်သွယ်ဖို့ အိပ်မက်တွေကို သုံးနေသေးသလား။

“ကျမ်းစာ၌ရေးထားသည်ထက် မလွန်ရ။”—၁ ကောရိန္သု ၄:၆။

သမ္မာကျမ်းစာပြောဆိုရာ

ဟိုးအရင်တုန်းက အိပ်မက်ကို ဘုရားသခင်သုံးပြီး လူတွေနဲ့ ဆက်သွယ်ခဲ့တာကို ကျမ်းစာမှာရေးထားတယ်။ အဲဒါနဲ့ပတ်သက်ပြီး ၂ တိမောသေ ၃:၁၆၊ ၁၇ မှာ “ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ၏။ ဤသို့ဖြင့် ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေမည်” လို့ ဖော်ပြထားတယ်။

ဘုရားသခင်အကြောင်း၊ ကိုယ်တော်ရဲ့ အရည်အသွေးတွေ၊ ကိုယ်ကျင့်တရားစံနှုန်းတွေနဲ့ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို သိရှိနားလည်နိုင်ဖို့ ကျမ်းစာထဲမှာ ဖော်ပြထားရာတွေက ကျွန်တော်တို့ကို “လုံးလုံးလျားလျား အသင့်ဖြစ်နေ” စေတယ်။ ဒါကြောင့် ဘုရားသခင်က လူတွေနဲ့ ဆက်သွယ်ဖို့ အိပ်မက်တွေကို သုံးစရာမလိုတော့ဘူး။ အနာဂတ်ကာလအကြောင်း၊ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ ဘုရားသခင့်အလိုတော်အကြောင်း သိချင်တယ်ဆိုရင် ကျမ်းစာထဲမှာရေးထားတာတွေကို သင်ယူဖို့လိုတယ်။ လူတိုင်း အလွယ်တကူရနိုင်တဲ့ သမ္မာကျမ်းစာထဲမှာ အိပ်မက်တွေနဲ့ ဘုရားသခင့် ဗျာဒိတ်တော်တွေကို လေ့လာကြည့်နိုင်ပါတယ်။

သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ အိပ်မက်ရူပါရုံတွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

“သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ ပရောဖက်ပြုခြင်းဖြစ်၏။”—၂ ပေတရု ၁:၂၁။

သမ္မာကျမ်းစာပြောဆိုရာ

ကျမ်းစာထဲမှာပါတဲ့ အိပ်မက်ရူပါရုံတွေက အနာဂတ်မှာ ဖြစ်ပျက်လာမယ့် အဖြစ်အပျက်တွေရဲ့ ရှေ့ပြေးနိမိတ်တွေ ဖြစ်တယ်။ ဒီကြိုဟောချက်တွေကို မှတ်တမ်းတင်ထားတဲ့အတွက် ကျမ်းစာလေ့လာသူတွေက ကျမ်းရေးသူတွေနဲ့ သူတို့ရဲ့ကျမ်းစကားတွေကို မှန်၊ မမှန် စစ်ဆေးကြည့်နိုင်တယ်။ သူတို့ရေးသားထားတာတွေက အမှန်အတိုင်း ဖြစ်လာသလား။ ဥပမာ၊ ဗာဗုလုန်အင်ပါယာ ကျဆုံးခါနီးမှာရေးသားခဲ့တဲ့ ဒံယေလ ၈:၁-၇ ပါ အိပ်မက်ရူပါရုံအကြောင်း လေ့လာကြည့်ကြစို့။

ခိုင်းနှိုင်းသရုပ်ဖော်တဲ့ စကားလုံးတွေသုံးထားတဲ့ အဲဒီအိပ်မက်မှာ သိုးထီးတစ်ကောင်နဲ့ ဆိတ်ထီးတစ်ကောင်အကြောင်း ဖော်ပြထားတယ်။ ဆိတ်ထီးက သိုးထီးကို တွန်းလှဲပစ်လိုက်တယ်။ အဲဒီရူပါရုံရဲ့ အဓိပ္ပာယ်ကို ဒံယေလ ခန့်မှန်းနေစရာမလိုဘူး။ ဘုရားသခင်ရဲ့ ကောင်းကင်တမန်က “ချိုနှစ်ချောင်းနှင့်ပေါ်လာသော သိုးထီးသည် မေဒိဘုရင်၊ ပေရသိဘုရင်ဖြစ်၏။ ဆိတ်ထီးသည် ဂရိဘုရင်ဖြစ်၏” လို့ အသိပေးခဲ့တယ်။ (ဒံယေလ ၈:၂၀၊ ၂၁၊ သမ္မာ) ဗာဗုလုန်အင်ပါယာရဲ့နေရာမှာ မီဒို-ပါရှားက ကမ္ဘာ့အာဏာစက်အဖြစ် ဆက်ခံခဲ့တယ်ဆိုတာကို သမိုင်းက သက်သေထူတယ်။ အဲဒီလိုနဲ့ နှစ်ပေါင်း နှစ်ရာကြာတော့ မီဒို-ပါရှားအင်ပါယာကို ဂရိဘုရင် မဟာအလက်ဇန္ဒားက သိမ်းပိုက်လိုက်တယ်။ ဒီအချက်တွေက ကျမ်းစာပါ အိပ်မက်ရူပါရုံတွေနဲ့ ကြိုဟောချက်တွေက အံ့ဩစရာကောင်းအောင် တိကျမှန်ကန်တယ်ဆိုတာ ထင်ရှားတယ်။ ဒီလိုတိကျမှန်ကန်တာက သမ္မာကျမ်းစာဟာ ဘယ်စာပေကျမ်းဂန်ထက်မဆို ပိုထူးခြားပြီး ယုံကြည်စိတ်ချထိုက်တယ်ဆိုတာ ပေါ်လွင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ