ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၁၅ စာ. ၁၄-၁၅
  • မေရှိယ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေရှိယ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေရှိယကို လူတွေ ဘယ်လို ခွဲခြားသိမြင်နိုင်ကြမလဲ။
  • မေရှိယက တာဝန်တွေကို ဘယ်လို ပြီးစီးစေမလဲ။
  • ယေရှုဟာ မေရှိယ ဖြစ်ကြောင်း မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက သက်သေထူပါသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မေရှိယနှင့်ပတ်သက်၍ ကြိုဟောခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မေရှိယ! ဘုရားသခင့်ကယ်တင်ရာနည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၂/၁၅ စာ. ၁၄-၁၅
ယေရှုက ဖျားနာနေသူကို ကုသပေးနေ

သမ္မာကျမ်းစာရှုထောင့်

မေရှိယ

မေရှိယဟာ မြေကြီးပေါ် ကြွလာမယ်၊ လူသားတွေရဲ့ ဖျားနာမှု၊ ဆင်းရဲဒုက္ခနဲ့ သေခြင်းတရားကို ဖယ်ရှားပေးမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ အဲဒီမေရှိယဟာ ယေရှုခရစ်လား။

မေရှိယကို လူတွေ ဘယ်လို ခွဲခြားသိမြင်နိုင်ကြမလဲ။

သမ္မာကျမ်းစာကြိုဟောထားတဲ့အတိုင်း မေရှိယ ဒါမှမဟုတ် ခရစ်တော်ဟာ တာဝန်နှစ်ရပ်ကို ထမ်းဆောင်ပါလိမ့်မယ်။a ပထမတာဝန်ကို လူသားအနေနဲ့ ထမ်းဆောင်မယ်။ ဒါကြောင့် မေရှိယက ဘယ်သူဖြစ်သလဲဆိုတာကို ကောင်းကောင်း ခွဲခြားသိမြင်နိုင်ဖို့ သူ့ဘဝအကြောင်းနဲ့ အမှုဆောင်ခြင်းအကြောင်းကို ကျမ်းစာမှာ ကြိုတင် ရေးသားဖော်ပြထားတယ်။ ကျမ်းစာမှာ ကြိုဟောထားတာအားလုံးလိုလိုက “ယေရှုအကြောင်း သက်သေခံ” တယ်။—ဗျာဒိတ် ၁၉:၁၀။

ယေရှုဟာ လူသားအနေနဲ့ လုပ်ဆောင်ပေးခဲ့တာတွေကို တန်ခိုးကြီးကောင်းကင်တမန်တစ်ပါးအနေနဲ့ ကမ္ဘာချီအတိုင်းအတာအထိ ပြီးမြောက်အောင် လုပ်ဆောင်ပေးမယ်

သမ္မာကျမ်းစာပြောဆိုရာ

မေရှိယဟာ . . .

  • ဘုရင်ဒါဝိဒ်ရဲ့မျိုးရိုးကနေ ဆင်းသက်လာမယ်။—ဟေရှာယ ၉:၇; လုကာ ၃:၂၃-၃၁။b

  • ဘက်သလီဟင် (ဗက်လင်) မြို့မှာ မွေးဖွားမယ်။—မိက္ခာ ၅:၂; လုကာ ၂:၄-၇။

  • နှိမ့်ချစွာ ‘သတင်းကောင်းကြေညာ’ မယ်။—ဟေရှာယ ၆၁:၁၊ ကဘ; လုကာ ၄:၄၃။

  • မထီမဲ့မြင်ပြုခံရမယ်၊ ရှုတ်ချခံရမယ်။—ဟေရှာယ ၅၃:၃; မဿဲ ၂၆:၆၇၊ ၆၈။

  • ငွေ ၃၀ နဲ့ သစ္စာဖောက်ခံရမယ်။—ဇာခရိ ၁၁:၁၂၊ ၁၃; မဿဲ ၂၆:၁၄၊ ၁၅။

  • မတရားစွပ်စွဲ၊ သတ်ချင်သူတွေရှေ့မှာ နှုတ်မဖွင့်ဘဲ နေမယ်။—ဟေရှာယ ၅၃:၆၊ ၇; မဿဲ ၂၇:၁၂-၁၄။

  • ဘုရားသခင်ရှေ့ စင်ကြယ်တဲ့အနေအထားကို လူတွေရရှိနိုင်ဖို့ အပြစ်ဖြေရာ “သိုးသငယ်” ဖြစ်လာမယ်။—ဟေရှာယ ၅၃:၇; ယောဟန် ၁:၂၉၊ ၃၄၊ ၃၆။

  • အသတ်ခံရတဲ့အခါ အရိုးတစ်ချောင်းမှ မကျိုးမပဲ့ရ။—ဆာလံ ၃၄:၂၀; ယောဟန် ၁၉:၃၃၊ ၃၆။

  • သူဌေးတွေနဲ့အတူ သင်္ဂြိုဟ်ခံရမယ်။—ဟေရှာယ ၅၃:၉၊ ကဘ; မဿဲ ၂၇:၅၇-၆၀။

  • သုံးရက်မြောက်တဲ့နေ့မှာ အသက်ပြန်ရှင်လာမယ်။—မဿဲ ၁၆:၂၁; ၂၈:၅-၇။

ယေရှုက ဒီမှာဖော်ပြထားတဲ့ ကြိုဟောချက်တွေထက်မက ပြည့်စုံစေခဲ့ပါတယ်။ ကိုယ်တော်က လူနာတွေကို ကုသပေးပြီး လူသေတွေကိုလည်း အသက်ပြန်ရှင်စေခဲ့ပါတယ်။ ဒီနည်းနဲ့ ယေရှုက မိမိဟာ မေရှိယဖြစ်ကြောင်း သက်သေပြရုံမက သမ္မာကျမ်းစာမှာပါတဲ့ကတိတော်တွေကို ယုံကြည်စိတ်ချနိုင်အောင် လုပ်ဆောင်ပေးခဲ့တယ်၊ ဘုရားသခင့်ကတိတော်တွေကို အနာဂတ်မှာ ကမ္ဘာချီအတိုင်းအတာနဲ့ အကောင်အထည်ဖော်ပါလိမ့်မယ်။ (လုကာ ၇:၂၁-၂၃; ဗျာဒိတ် ၂၁:၃၊ ၄) ယေရှုဟာ ရှင်ပြန်ထမြောက်ပြီးနောက် ဘုရားသခင်ရဲ့ “လက်ယာဘက်” မှာ ထိုင်ပြီး မေရှိယသခင်ရဲ့တာဝန်ကို ပြီးအောင် လုပ်ဆောင်ပေးဖို့ စောင့်မျှော်နေပါတယ်။—ဆာလံ ၁၁၀:၁-၆။

“မေရှိယအရှင်ကြွတော်မူသောအခါ ဤအရှင်ပြသည်ထက် ပိုမိုများပြားသော အံ့သြဖွယ် နိမိတ်လက္ခဏာများကို ပြတော်မူမည်လော။”—ယောဟန် ၇:၃၁၊ ခမ။

မေရှိယက တာဝန်တွေကို ဘယ်လို ပြီးစီးစေမလဲ။

မေရှိယဟာ ရောမလက်အောက်ကနေ အစ္စရေးလူမျိုးကို လွတ်မြောက်စေမယ်၊ အစ္စရေးနိုင်ငံကို ပြန်လည်တည်ထောင်ပေးမယ်လို့ ယေရှုခေတ်က ဂျူးတွေ ထင်ခဲ့ကြတယ်။ (တမန်တော် ၁:၆) ဒါပေမဲ့ ယေရှုဟာ အခွင့်အာဏာရှိသမျှအပ်နှင်း ခံရတဲ့ တန်ခိုးကြီးကောင်းကင်တမန်တစ်ပါးအနေနဲ့ ကောင်းကင်ကနေ တာဝန်တွေကို ပြီးစီးအောင်လုပ်ဆောင်မယ်ဆိုတာ နောက်ပိုင်းကျမှ ဂျူးလူမျိုးတပည့်တွေ နားလည်ခဲ့ကြတယ်။—မဿဲ ၂၈:၁၈။

သမ္မာကျမ်းစာပြောဆိုရာ

မေရှိယဟာ . . .

  • ဘုရားသခင့်နိုင်ငံတော်ဘုရင်အနေနဲ့ ကမ္ဘာတစ်ဝန်းလုံးကို အုပ်စိုးမယ်။—ဒံယေလ ၇:၁၃၊ ၁၄; ဗျာဒိတ် ၁၁:၁၅။

  • မိမိကို ယုံကြည်ကြောင်းတင်ပြတဲ့ လူအားလုံးအတွက်တော့ ကောင်းချီးမင်္ဂလာဖြစ်မယ်။—ကမ္ဘာဦး ၂၂:၁၇၊ ၁၈; ဆာလံ ၇၂:၇၊ ၈။

  • ဆန့်ကျင်သူတွေကို ချေမှုန်းတဲ့အခါ ရှင်ဘုရင်တွေနဲ့ ‘လူမျိုးတွေကို ထိတ်လန့်စေ’ မယ်။—ဟေရှာယ ၅၂:၁၅၊ ကဘ; ဗျာဒိတ် ၁၉:၁၉၊ ၂၀။

  • လူအမျိုးမျိုးပါဝင်တဲ့၊ ဖြောင့်မတ်သူတွေနဲ့ဖွဲ့စည်းထားတဲ့ “လူအုပ်ကြီး” ကို ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာသစ်ထဲ ဆောင်သွင်းပေးမယ်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၃-၁၇။

  • ယေဟောဝါဘုရားနဲ့အတူ လူသေတွေကို ကမ္ဘာမြေ ပရဒိသုဥယျာဉ်ကြီးထဲမှာ အသက်ပြန်ရှင်စေမယ်။—လုကာ ၂၃:၄၃; ယောဟန် ၅:၂၁၊ ၂၈၊ ၂၉။

  • မိမိကို လက်အောက်ခံတဲ့ပြည်သူပြည်သားတွေကို စစ်မှန်တဲ့ ငြိမ်သက်မှုရစေတဲ့နည်းလမ်းတွေကို သင်ပေးမယ်။—ဟေရှာယ ၁၁: ၁၊ ၂၊ ၉၊ ၁၀။

  • အို၊ နာ၊ သေခြင်းကို ဖြစ်ပေါ်စေတဲ့ အပြစ်တရားကို ဖယ်ရှားပေးမယ်။—ယောဟန် ၁:၂၉; ရောမ ၅:၁၂။

  • နောက်ဆုံးမှာ စာတန့်အမှုအရာအားလုံးကို ဖျက်ဆီးပစ်မယ်၊ ပြီးတော့ လူ့မိသားစုကြီးကို ယေဟောဝါ ဘုရားသခင်ရဲ့အုပ်ချုပ်မှုအောက်မှာ စုစည်းပေးမယ်။—၁ ကောရိန္သု ၁၅:၂၅-၂၈; ၁ ယောဟန် ၃:၈။

ယေရှုဟာ မေရှိယအဖြစ် ကြိုဟောထားတဲ့အတိုင်း ပထမတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ဒုတိယတာဝန်ကိုလည်း အကောင်အထည်ဖော်ပါတော့မယ်။ ယေရှုက “ငါသည် လမ်းခရီးလည်းဖြစ်၏။ အမှန်တရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏” လို့ မိန့်ဆိုခဲ့တာကြောင့် ကိုယ်တော့်အကြောင်း အသေးစိတ် လေ့လာတာက ပညာရှိရာ ရောက်ပါတယ်။—ယောဟန် ၁၄:၆။

‘မင်းကြီးရဲ့လက်ထက်မှာ ဖြောင့်မတ်သူတွေကြီးပွားလိမ့်မယ်။ လမင်းတည်နေသရွေ့ ငြိမ်သက်ခြင်းတိုးပွားလိမ့်မယ်။ မင်းကြီးကို လက်အောက်ခံတဲ့ပြည်သူပြည်သားတွေက မြေကြီးစွန်းအထိ ရှိလိမ့်မယ်။’—ဆာလံ ၇၂:၇၊ ၈၊ ကဘ။

a “မေရှိယ” ဆိုတာက ဟီဘရူးစကားလုံးပါ။ “ခရစ်တော်” ကျတော့ ဂရိစကားကနေ ဆင်းသက်လာတယ်။—ယောဟန် ၁:၄၁။

b ပထမရည်ညွှန်းထားတဲ့ ကျမ်းချက်က ကြိုဟောချက် ဖြစ်တယ်၊ ဒုတိယရည်ညွှန်းထားတဲ့ ကျမ်းချက်ကတော့ ပြည့်စုံချက် ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ