ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၃ စာ. ၃
  • ခွဲခြားဆက်ဆံတဲ့သဘော သင့်မှာ ရှိနေသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခွဲခြားဆက်ဆံတဲ့သဘော သင့်မှာ ရှိနေသလား
  • နိုးလော့!—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ဖက်သတ်အစွဲ—ကမ္ဘာချီပြဿနာတစ်ရပ်ဖြစ်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • တစ်ဖက်သတ်အစွဲတွေ ဘယ်တော့ ပပျောက်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စိတ်စွန်းကွက်မှု၏သားကောင်တစ်ဦး အသင်ဖြစ်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါနဲ့ ယေရှုလို တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၃ စာ. ၃
လူနှစ်ယောက် မျက်နှာချင်းဆိုင် လမ်းလျှောက်လာနေစဉ်။ တစ်ယောက်က နောက်တစ်ယောက်ရဲ့ အရိပ်ကို မကောင်းဆိုးဝါးပုံရိပ်အဖြစ် မြင်ယောင်နေစဉ်။

ခွဲခြားဆက်ဆံတဲ့သဘော သင့်မှာ ရှိနေသလား

ခွဲခြားဆက်ဆံတဲ့သဘောက ရောဂါပိုးတစ်မျိုးနဲ့ တူတယ်။ ကူးစက်ခံရပြီဆိုရင် အန္တရာယ်ရှိတယ်။ ဒါပေမဲ့ ကူးစက်ခံနေရမှန်း မသိဘဲ ဖြစ်နေနိုင်တယ်။

လူတွေက နိုင်ငံမတူတာ၊ လူမျိုးမတူတာ၊ စကားမတူတာကြောင့်ပဲ ခွဲခြားဆက်ဆံကြတာ မဟုတ်ဘူး။ ဘာသာမတူလို့၊ ယောက်ျား/မိန်းမ ဖြစ်နေလို့၊ လူမှုရေး အဆင့်အတန်း မတူလို့လည်း ခွဲခြားဆက်ဆံတတ်ကြတယ်။ တချို့က တခြားသူတွေရဲ့ အသက်အရွယ်၊ ပညာရေး၊ မစွမ်းဆောင်နိုင်မှု၊ ရုပ်ရည်အသွင်အပြင်ကို ကြည့်ပြီး မကောင်းမြင်တတ်ကြတယ်။ အဲဒီလိုလူတွေဟာ သူတို့မှာ မလိုမုန်းထား ခွဲခြားဆက်ဆံတဲ့သဘော ရှိနေတယ်ဆိုတာ မသိကြဘူး။

သင့်မှာကော ခွဲခြားဆက်ဆံတဲ့သဘော ရှိနေနိုင်သလား။ အများစုက တခြားသူတွေမှာ ခွဲခြားဆက်ဆံတဲ့သဘော ရှိနေတာကို မြင်တတ်ကြတယ်။ ကိုယ့်မှာ ခွဲခြားဆက်ဆံတဲ့သဘော ရှိနေတာကိုတော့ မမြင်တတ်ကြဘူး။ ကျွန်တော်တို့ အားလုံးဟာ အတိုင်းအတာတစ်ခုအထိတော့ ခွဲခြားဆက်ဆံတတ်ကြတယ်။ လူတွေဟာ အုပ်စုတစ်စုကို မကောင်းမြင်တယ်ဆိုရင် အဲဒီအုပ်စုထဲက လူတစ်ယောက်ကို တွေ့တဲ့အခါ “အဲဒီလူကို ခွဲခြားဆက်ဆံတတ်ကြတယ်။ ဒါပေမဲ့ ခွဲခြားဆက်ဆံနေတယ်ဆိုတာကိုတော့ ကိုယ့်ကိုယ်ကိုယ် မသိကြဘူး” လို့ လူမှုရေးပညာရှင် ဒေးဗစ် ဝီလျံ ပြောတယ်။

ဥပမာ၊ ဂျိုဗီကာ နေထိုင်တဲ့ ဥရောပ အရှေ့တောင်ပိုင်းက နိုင်ငံတစ်ခုမှာ လူအများစု မကြိုက်တဲ့ လူမျိုးစုတစ်စု ရှိတယ်။ “အဲဒီလူမျိုးစုထဲမှာ လူကောင်း တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော် လက်ခံထားတယ်။ ‘ငါ့မှာ မလိုမုန်းထားစိတ် မရှိဘူး။ ဒါအမှန်တရားပဲ’ လို့ ပြောလိုက်သေးတယ်” ဆိုပြီး သူဝန်ခံတယ်။

အစိုးရများစွာက လူမျိုးရေး မခွဲခြားဖို့၊ မလိုမုန်းထားတဲ့ သဘောထား မရှိဖို့ ဥပဒေတွေ ထုတ်ထားတယ်။ ဒါပေမဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေတုန်းပဲ။ အကြောင်းကတော့ အဲဒီဥပဒေတွေက လူတစ်ယောက်ရဲ့ လုပ်ရပ်ကိုပဲ တားမြစ်နိုင်တယ်။ အတွေးတွေ၊ ခံစားချက်တွေကို မထိန်းချုပ်ပေးနိုင်ဘူး။ မလိုမုန်းထား ခွဲခြားဆက်ဆံတဲ့ သဘောထားဆိုတာ လူတစ်ယောက်ရဲ့ စိတ်နှလုံးကနေ စတင်ပေါ်ပေါက်လာတာ။ ဒါဆိုရင် အဲဒီသဘောထားကို မတိုက်ထုတ်နိုင်တော့ဘူးလား။

နောက်ဆောင်းပါးတွေမှာ ခွဲခြားဆက်ဆံတဲ့ သဘောထားနဲ့ ခံစားချက်တွေကို တိုက်ထုတ်နိုင်အောင် လူများစွာကို ကူညီပေးခဲ့တဲ့ အခြေခံမူငါးခုကို ဆွေးနွေးထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ