ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၇၄
  • မကြောက်တတ်တဲ့ လူတစ်ယောက်အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကြောက်တတ်တဲ့ လူတစ်ယောက်အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဘုရားအကြောင်း ယေရမိ မပြောဘဲမနေခဲ့
    ကလေးတွေကို သင်ပေးပါ
  • “အဆုံးပိုင်းကာလ” မှာ အမှုဆောင်ခြင်း
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၇၄
ပရောဖက်ယေရမိဟာ ဣသရေလလူမျိုးကို မကြောက်မရွံ့ သတိပေးပေမဲ့ သူတို့က လှောင်ပြောင်

ပုံပြင် ၇၄

မကြောက်တတ်တဲ့ လူတစ်ယောက်အကြောင်း

ဒီလူငယ်ကို လူတွေဟားတိုက်သရော်နေကြတာ ကြည့်လိုက်စမ်း။ သူဟာ ဘယ်သူလဲသိလား။ သူဟာ ယေရမိဖြစ်တယ်။ ယေဟောဝါရဲ့ အင်မတန်အရေးပါတဲ့ ပရောဖက်တစ်ပါးပဲကွဲ့။

ယောရှိမင်း နေပြည်တော်ကရုပ်တုကို သုတ်သင်စပြုတဲ့အချိန်နဲ့ မရှေးမနှောင်းမှာ ယေဟောဝါကယေရမိကို ပရောဖက်လုပ်ခိုင်းလိုက်တယ်။ ဒါပေမဲ့ ယေရမိက သူ့ကိုယ်သူသိပ်ငယ်သေးတယ်လို့ယူဆတယ်။ ဒါပေမဲ့ ယေဟောဝါက သူ့ကိုထောက်မမယ်ဆိုပြီးပြောတယ်။

ယေရမိက ဣသရေလလူတွေကို မကောင်းတာမလုပ်ကြနဲ့တော့ဆိုပြီးပြောတယ်။ ‘လူမျိုးခြားတို့ကိုးကွယ်ကြတဲ့ဘုရားတွေဟာ မှောက်မှားတဲ့ဘုရားတွေဖြစ်ကြတယ်’ ဆိုပြီးသူပြောတယ်။ ဒါပေမဲ့ ဣသရေလလူတော်တော်များများက စစ်မှန်တဲ့ဘုရားယေဟောဝါကို ကိုးကွယ်တာထက် ရုပ်တုကိုပိုပြီးကိုးကွယ်ချင်ကြတယ်။ ယေရမိက သူတို့ရဲ့မကောင်းမှုကြောင့် သူတို့ကိုဘုရားသခင်ဖျက်ဆီးမယ်ဆိုပြီးပြောတော့ သူတို့ကရယ်ကြတယ်။

နှစ်တွေလတွေ ကုန်လွန်ခဲ့ပြီ။ ယောရှိမင်းလည်းသေပြီ။ သုံးလကြာတော့ သူ့သားယောယကိမ်နန်းတက်လာတယ်။ ယေရမိက ‘မင်းတို့ရဲ့မကောင်းမှုတွေကို မင်းတို့ဆက်လုပ်နေရင် ယေရုရှလင်မြို့ပျက်စီးရလိမ့်မယ်’ ဆိုပြီးလူတွေကိုဆက်ပြီးသတိပေးနေတယ်။ ယဇ်ပုရောဟိတ်တွေက ယေရမိကိုကိုင်ဖမ်းပြီး ‘ဒီလိုစကား မင်းပြောတဲ့အတွက် မင်းကိုသတ်ပစ်ရမယ်’ ဆိုပြီးအော်ကြတယ်။ ပြီးတော့ ‘ယေရမိဟာ တို့မြို့တော်ကိုဆန့်ကျင်ပြီးပြောတဲ့အတွက် သူ့ကိုသတ်ပစ်ရမယ်’ ဆိုပြီး ဣသရေလမင်းသားတွေကို ပြောတယ်။

ယေရမိ ခုဘာလုပ်တော့မလဲ။ သူမကြောက်ဘူး။ သူတို့အားလုံးကိုပြောတယ်။ ‘ဒါတွေပြောဖို့ ယေဟောဝါငါ့ကိုလွှတ်လိုက်တာ။ မင်းတို့ရဲ့မကောင်းမှုကိုမစွန့်ဘူးဆိုရင် ယေရုရှလင်မြို့ကို ယေဟောဝါဖျက်ဆီးပစ်မှာပဲ။ မင်းတို့တစ်ခုသိထားဖို့က မင်းတို့ ငါ့ကိုသတ်ရင်အပြစ်မရှိတဲ့ လူတစ်ယောက်ကိုသတ်တာနဲ့တူလိမ့်မယ်။’

ယေရမိကိုမင်းသားတွေက အသက်ချမ်းသာပေးလိုက်တယ်။ ဒါပေမဲ့ ဣသရေလလူတွေကတော့ မပြောင်းလဲကြဘူး၊ မကောင်းတာတွေလုပ်တုန်းပဲ။ နောက်တော့ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာက ယေရုရှလင်မြို့ ကိုလာတိုက်တယ်။ နောက်ဆုံးမှာ ဣသရေလလူတွေကို နေဗုခဒ်နေဇာက သူ့ကျွန်လုပ်လိုက်တယ်။ လူအထောင်အသောင်းကို ဗာဗုလုန်မြို့ကိုဖမ်းသွားတယ်။ စဉ်းစားသာကြည့်၊ သူစိမ်းတွေက ကိုယ့်ကိုမရောက်ဖူးတဲ့ တိုင်းပြည်ကိုခေါ်သွားတာ ဘယ်လိုနေမလဲ။

ယေရမိ ၁:၁-၈; ၁၀:၁-၅; ၂၆:၁-၁၆; ၄ ဓမ္မရာဇဝင် ၂၄:၁-၁၇။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ