ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၉၈
  • သံလွင်တော်ပေါ်မှာ ရောက်နေတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သံလွင်တော်ပေါ်မှာ ရောက်နေတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ကောင်းကင်ကို တက်သွား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ကမ္ဘာပေါ် ယေရှု၏နောက်ဆုံး နေ့ရက်များကို ပြန်လည်ခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • “အချိန်ရောက်လာပြီ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေရှုကောင်းကင်ကို ပြန်သွားတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၉၈
သံလွင်တောင်ပေါ်မှာ တမန်တော်တချို့ကို ယေရှု စကားပြောနေ

ပုံပြင် ၉၈

သံလွင်တောင်ပေါ်မှာ ရောက်နေတဲ့အကြောင်း

အဲဒါက ယေရှု။ သံလွင်တောင်ပေါ်မှာဖြစ်တယ်။ သူ့အနားကလူလေးယောက်ကတော့ သူ့တမန်တော်တွေ။ အန္ဒြေနဲ့ပေတရုတို့ ညီနောင်ရယ်၊ ယာကုပ်နဲ့ယောဟန်တို့ ညီအစ်ကိုရယ်ပေါ့။ ခပ်လှမ်းလှမ်းမှာ တွေ့ရတဲ့ဟာက ယေရုရှလင်မြို့မှာရှိတဲ့ ဘုရားသခင်ရဲ့ ဗိမာန်တော်ပဲပေါ့။

ယေရုရှလင်မြို့မှာရှိတဲ့ ဗိမာန်တော်

မြည်းကလေးစီးပြီး ယေရုရှလင်မြို့ကိုယေရှုဝင်တဲ့အချိန်နဲ့ဆိုရင် နှစ်ရက်ရှိပြီ။ အင်္ဂါနေ့ဖြစ်တယ်။ မနက်ပိုင်းမှာ ယေရှုဟာဗိမာန်တော်မှာရှိခဲ့တယ်။ အဲဒီမှာ ယဇ်ပုရောဟိတ်တွေက ယေရှုကိုဖမ်းပြီးသတ်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့လူတွေက ယေရှုကိုသဘောကျတဲ့အတွက် သူတို့မလုပ်ရဲကြဘူး။

အဲဒီဘာသာရေးခေါင်းဆောင်တွေကို ယေရှုက ‘မြွေဆိုးတွေ၊ မြွေဆိုးအမျိုးတွေ’ ဆိုပြီးခေါ်တယ်။ သူတို့လုပ်တဲ့ဆိုးရွားတဲ့ ဒုစရိုက်တွေအတွက် သူတို့ကိုဘုရားသခင်ဒဏ်ခတ်မယ် ဆိုပြီးတော့လည်းပြောတယ်။ အဲဒီနောက် ယေရှုဟာသံလွင်တောင်ပေါ်တက်သွားတယ်။ အဲဒီအခါ ဒီတမန်တော်လေးယောက်က ယေရှုကို မေးခွန်းအမျိုးမျိုးမေးကြတယ်။ သူတို့ဘာတွေ မေးသလဲသိလား။

တမန်တော်တွေက နောင်ရေးနဲ့ပတ်သက်ပြီးမေးနေကြတယ်။ ကမ္ဘာပေါ်ကဆိုးယုတ်တဲ့အရာအားလုံးကို ယေရှုသုတ်သင်ပစ်မယ်ဆိုတာကို သူတို့သိကြတယ်။ ဒါပေမဲ့ ဘယ်တော့လဲဆိုတာကိုသိချင်ကြတယ်။ ယေရှုဘုရင်အနေနဲ့ နောက်တစ်ကြိမ်ဘယ်တော့လာမလဲ။

နောက်တစ်ကြိမ်လာတဲ့အခါ သူ့တပည့်တော်တွေ သူ့ကိုတွေ့နိုင်မှာမဟုတ်ဘူးဆိုတာ ယေရှုသိတယ်။ ဘာကြောင့်လဲဆိုတော့ ယေရှုဟာ ကောင်းကင်မှာရှိနေမှာကိုး။ အဲဒီတော့ သူ့ကိုတပည့်တော်တွေက တွေ့နိုင်မှာမဟုတ်ဘူးပေါ့။ ဒါကြောင့်သူကောင်းကင်မှာဘုရင်အနေနဲ့ အုပ်ချုပ်တဲ့အခါ ကမ္ဘာပေါ်မှာ ဖြစ်ပျက်လာမယ့်အဖြစ်အပျက်တချို့ကို တမန်တော်တွေကိုယေရှုပြောပြတယ်။ အဲဒီအဖြစ်အပျက်တွေဟာ ဘာတွေလဲ။

ယေရှုက စစ်ကြီးတွေဖြစ်မယ်၊ လူတွေဖျားနာကြမယ်၊ အစားအသောက် ငတ်ပြတ်ကြမယ်၊ ရာဇဝတ်မှုတွေလည်း သိပ်သောင်းကျန်းမယ်၊ မြေငလျင်ကြီးတွေလည်းလှုပ်မယ်ဆိုပြီး ပြောပြတယ်။ ပြီးတော့ ကမ္ဘာတစ်ခွင်လုံးမှာ ဘုရားသခင်ရဲ့နိုင်ငံတော်သတင်းကောင်းကို ဟောကြပြောကြမယ်လို့လည်းပြောတယ်။ တို့ခေတ်မှာ ဒါတွေဖြစ်နေတာတွေ့ရပြီလား။ တွေ့တာပေါ့။ ဒါကြောင့်အခု ယေရှုဟာ ကောင်းကင်မှာအုပ်ချုပ်နေပြီဆိုတာ သေချာသိနိုင်တယ်။ မကြာခင် ကမ္ဘာပေါ်ကဆိုးယုတ်မိုက်မဲမှုအားလုံးကို စခန်းသိမ်းပစ်တော့မယ်။

မဿဲ ၂၁:၄၆; ၂၃:၁-၃၉; ၂၄:၁-၁၄; မာကု ၁၃:၃-၁၀။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ