ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၄၃၁-စာ. ၄၃၃
  • အိပ်မက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိပ်မက်များ
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိပ်မက်ထဲကသတင်းစကားများသည် ဘုရားသခင်ထံမှလော
    နိုးလော့!—၂၀၀၂
  • ဘုရားသခင်မြင်မက်စေတဲ့ အိပ်မက်များ
    နိုးလော့!—၂၀၁၄
  • ကျွန်ုပ်တို့ အိပ်မက်မြင်မက်ရမည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • အိပ်မက်သည် အနာဂတ်ကို ဖော်ပြနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၄၃၁-စာ. ၄၃၃

အိပ်မက်များ

အဓိပ္ပာယ်သတ်မှတ်ချက်– လူတစ်ယောက်အိပ်ပျော်ခိုက်စဉ်းစားမိသောအရာများ၊ စိတ်၌ထင်ဟပ်သောရုပ်ပုံများဖြစ်သည်။ သမ္မာကျမ်းစာ၌သာမန်အိပ်မက်၊ ဘုရားသခင့်ထံမှလာသောအိပ်မက်၊ အတိတ်နိမိတ်ဖတ်ခြင်းနှင့်ဆိုင်သောအိပ်မက်များအကြောင်းရေးသားထားသည်။​—ယောဘ ၂၀:၈; တော. ၁၂:၆; ဇာ. ၁၀:၂။

ကျွန်ုပ်တို့ခေတ်၌အိပ်မက်များ အဓိပ္ပာယ်ထူးရှိသလော

အိပ်မက်များနှင့်ပတ်သက်၍ သုတေသီများတွေ့ ရှိချက်မှာမည်သို့နည်း

ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း (၁၉၈၄၊ အတွဲ ၅၊ စ. ၂၇၉) က “လူတိုင်းအိပ်မက်မက်သည်” ဟုဆို၏။ “လူကြီးအများသည် အိပ်ချိန်ရှစ်နာရီအတွင်း မိနစ် ၁၀၀ ခန့်အိပ်မက်မက်သည်။” ထို့ကြောင့် အိပ်မက်သည်လူ့သာမန်တွေ့ကြုံမှုတစ်ရပ်ဖြစ်၏။

ဟားဗတ်ဆေးကျောင်းမှဒေါက်တာအယ်လင်ဟော့စင်က ဤသို့ဆို၏– “အိပ်မက်များကား အဓိပ္ပာယ်ဝိုးဝါးသောလှုံ့ဆော်မှုများသာဖြစ်ပြီး ကုထုံးပညာရှင်များအနက်ဖော်ချင်သလိုဖော်နိုင်သည်။ သို့သော် အိပ်မက်များကိုယ်နှိုက်အဓိပ္ပာယ်မရှိ။ မြင်သူကအိပ်မက်ဖတ်ခြင်းသာဖြစ်သည်။ နယူးယောက်တိုင်းစ်၏ “စိုင်းရင့်စ်တိုင်းမ်စ်” ကဏ္ဍက အထက်ပါအကြောင်းကိုရေးသားတင်ပြရာ၌ အောက်ပါအတိုင်းဖြည့်စွက်လိုက်သည်– “အိပ်မက်များကို အရေးတယူလုပ်သောပညာသည်များဘောင်၌အိပ်မက်တစ်ခု၏ စိတ်ပိုင်းဆိုင်ရာအဓိပ္ပာယ်ရှာဖွေမှုနှင့်ပတ်သက်၍ လုပ်နည်းလုပ်ဟန်ကွဲပြားခြားနားလှသည်။ တွေးခေါ်ပုံမှာ တစ်ကျောင်းတစ်ဂါထာတစ်ရွာတစ်ပုဒ်ဆန်းဖြစ်၏။ ဖရွိုက်၏တပည့်က တစ်မျိုး၊ ယုန်း၏တပည့်က တစ်ဖုံ၊ ဂဲ့စတော့ကုထုံးပညာရှင်က နောက်တစ်မည်၊ အသီးသီးကွဲပြားစွာအနက်ဖွင့်ကြလိမ့်မည်။ . . . သို့ရာတွင် အိပ်မက်များ၌စိတ်ပညာဆိုင်ရာအဓိပ္ပာယ်ပါသည်ဟူသောအယူကို နဗ်ကြောဆိုင်ရာသိပ္ပံပညာရှင်များက အပြင်းအထန်အတိုက်အခံပြုခဲ့လေပြီ။”​—၁၉၈၄၊ ဇူလိုင်လ ၁၀ ရက်၊ စ. စီ ၁၂။

အသိဉာဏ်ထူးကိုပေးပုံရသောအိပ်မက်များသည် ဘုရားသခင်မှတစ်ပါးအခြားနေရာမှသက်ရောက်လာနိုင်သလော

ယေ. ၂၉:၈၊ ၉၊ သမ္မာ– “ဣသရေလလူမျိုး၏ဘုရားသခင်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသောပရောဖက်ဆရာ၊ ဗေဒင်ဆရာတို့၏လှည့်စားခြင်းကိုမခံကြနှင့်။ သူတို့မြင်မက်သောအိပ်မက်များကိုလည်းမယုံမမှတ်ကြနှင့်။ ငါသည် သူတို့ကိုစေလွှတ်သည်မဟုတ်။ ငါ့နာမနှင့်မုသာစကားကိုဟောပြောတတ်ကြ၏ဟု မိန့်တော်မူ၏။”

ဟားပါး၏သမ္မာကျမ်းစာအဘိဓာန်က အောက်ပါအတိုင်းဆို၏– “ဗာဗုလုန်လူတို့သည် အိပ်မက်ကိုမည်မျှအထိယုံစားကြသနည်းဟူမူ၊ အရေးကြီးသောဆုံးဖြတ်ချက်မချမီအကြိုည၌ ဗျာဒိတ်ရလိုရငြား ဘုရားကျောင်းတွင်အိပ်ကြသည်။ ကျန်းမာရေးလမ်းညွှန်ရလိုသောဂရိလူတို့သည် ရောမလူတို့၏ အက်စကျူလေးပီးယပ်စ်၏ဗိမာန်များတွင် အိပ်လေ့ရှိကြသည်။ [၎င်းနတ်၏အထိမ်းအမှတ်မှာ မြွေဖြစ်၏။] ရောမလူတို့သည်စရေးပစ်စ်၏ကျောင်းများ၌အိပ်စက်ကြသည်။ [တစ်ခါတစ်ရံ ၎င်းနတ်ကိုခွေလျက်နေသောမြွေနှင့်ဆက်စပ်ကြသည်။] အီဂျစ်လူတို့အနေနှင့်အိပ်မက်ကျမ်းများကို အနုစိတ်ရေးသားပြုစုခဲ့ကြသည်။”​—(နယူးယောက်၊ ၁၉၆၁)၊ မက်ဒလင်းမီလာနှင့်ဂျေ. လိန်းမီလာ၊ စ. ၁၄၁။

ရှေးအခါကဘုရားသခင်သည် အိပ်မက်များဖြင့်မိမိလူမျိုးတော်အားသတိပေး၊ ဆုံးမ၊ ဗျာဒိတ်ပေးတော်မူခဲ့သည်၊ ယခုလည်းထိုနည်းအတိုင်းပြုသလော

ဘုရားသခင်ထံမှလာသော ထိုအိပ်မက်များအကြောင်း မဿဲ ၂:၁၃၊ ၁၉၊ ၂၀; ၃ ရာ. ၃:၅; ကမ္ဘာဦး ၄၀:၁-၈ တို့၌တွေ့ရသည်။

ဟေဗြဲ ၁:၁၊ ၂– “ရှေးလွန်လေပြီးသောအခါ၊ ပရောဖက်များအားဖြင့်ဘိုးဘေးတို့အား [အိပ်မက်အပါအဝင်] အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသောဘုရားသခင်သည် ဤနောက်ဆုံးကာလအခါ၊ မိမိသားတော်အားဖြင့်ငါတို့အားဗျာဒိတ်ပေးတော်မူပြီ။” သားတော်ယေရှုခရစ်၏တရားတော်ကို သမ္မာကျမ်းစာ၌မှတ်တမ်းတင်ထားပေသည်။

၁ ကော. ၁၃:၈– “ပရောဖက်ဉာဏ် . . . ကွယ်ပျောက်လိမ့်မည်။” ဘုရားသခင်သည် တစ်ခါတစ်ရံမိမိကျွန်တော်တို့အား အိပ်မက်ဖြင့်ဗျာဒိတ်ပေးတော်မူ၏။

၂ တိ. ၃:၁၆၊ ၁၇၊ သက– “ကျမ်းစာတော်မှန်သမျှကို သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့် ရေးသားပြုစုထားသဖြင့် . . . သွန်သင်ခြင်း . . . အတွက်အသုံးဝင်လေသည်။ သို့ဖြစ်၍ ထာဝရဘုရား၏အမှုတော်ဆောင်သည် ကောင်းမြတ်သည့်အမှုအမျိုးမျိုးတို့ကို ဆောင်ရွက်ရန်လိုအပ်သည့်ပြင်ဆင်မှုရှိပြီးလျှင် အရည်အချင်းများနှင့်ပြည့်ဝစုံလင်၍လာပေအံ့။”

၁ တိ. ၄:၁– “ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား နောင်ကာလ၌ . . . လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ [တစ်ခါတစ်ရံအိပ်မက်များမှတစ်ဆင့်လာသော] လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သောသြဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ