ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်း
ဘုရားသခင်သည် မိမိအားဂုဏ်တင်သူများကို ထာဝရအသက်ပေးရန် ကတိပြုထားသည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟုသမ္မာကျမ်းစာက အာမခံသည်။—ဆာလံ ၃၇:၂၉။
သို့သော် “ဖြောင့်မတ်သောသူတို့” အဝင်ဖြစ်နိုင်ရန် သုံးပါးပေါင်းတစ်ဆူသွန်သင်ချက်အကြောင်း သိရှိရုံထက်မက ပြုဖို့လိုသည်။ ဘုရားသခင်နှင့်ပတ်သက်သောအသိပညာကို ဆက်၍ဆည်းပူးရမည်။ ယေဟောဝါသက်သေများသည် သင့်ကို ဝမ်းမြောက်ဝမ်းသာ ကူညီပေးလိုကြသည်။ ထပ်ဆင့်သိလိုပါက သို့မဟုတ် ယေဟောဝါသက်သေများကို သင့်အိမ်သို့လာရောက်ပြီး အခမဲ့ကျမ်းစာသင်အံမှု မှန်မှန်ပြုလုပ်ပေးစေလိုပါက အောက်ပါသင့်လျော်ရာလိပ်စာဖြင့် ယေဟောဝါသက်သေများထံစာရေးပါ။