ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁
  • ကောင်းကင်မှ သတင်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်မှ သတင်းများ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ဆီက သတင်းစကားနှစ်ခု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဧလိရှဗက် သားတစ်ယောက် မွေးဖွား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အပြစ်တင်ခွင့်ကင်းစွာ ကျင့်ကြံပြုမူသောကြောင့် သူတို့ ဆုကျေးဇူးခံစားရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ယေရှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁

အခန်း ၁

ကောင်းကင်မှ သတင်းများ

ကျမ်းတစ်အုပ်လုံးသည် ကျွန်ုပ်တို့လိုက်နာရန် ကောင်းကင်ခမည်းတော်ပေးသည့် ကောင်းကင်မှသတင်းလွှာဖြစ်သည်။ သို့သော်လည်း၊ လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးက “ဘုရားသခင်အထံတော်၌ခစား” သည့်ကောင်းကင်တမန်ဂါဗြေလသည် အထူးသတင်းနှစ်ရပ်ကို ကြားပြောသည်။ မြေကြီးပေါ်သို့ အရေးတကြီးလည်ပတ်မှုနှစ်ခု၏အခြေအနေကို သုံးသပ်ကြည့်ကြစို့။

ဘီစီအီး ၃ ခုနှစ်ကဖြစ်သည်။ ယေရုရှလင်နှင့်မဝေးလှသည့် ယုဒတောင်ကုန်းဒေသတွင် ယေဟောဝါ၏ယဇ်ပုရောဟိတ်ဇာခရိ နေထိုင်သည်။ သူနှင့်သူ၏ဇနီး ဧလိရှဗက်တို့မှာ အသက်အရွယ်ကြီးပြီးသားသမီးတစ်ယောက်မျှမရှိ။ ဇာခရိသည် မိမိအလှည့်ကျသည့်အတွက် ယေရုရှလင်ရှိဗိမာန်တော်တွင် ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်လျက်ရှိသည်။ ယဇ်ပလ္လင်ယာဖက်၌ ဂါဗြေလရုတ်တရက်ပေါ်လာသည်။

ဇာခရိသည် အလွန်ထိတ်လန့်သွားသည်။ သို့သော်ဂါဗြေလသည်သူ့အား အကြောက်ပြေစေပြီး ဤသို့ပြောဆို၏။ “ဇာခရိကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသော ပတ္ထနာကို နားခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့်မှည့်ရမည်။” ယောဟန်သည် “ယေဟောဝါရှေ့ ၌ ကြီးမြတ်သူဖြစ်မည်။” ‘‘ယေဟောဝါအဖို့ ပြင်ဆင်သောလူမျိုးကို အသင့်ဖြစ်စေရန်ပြုမည်’’ ဟုဂါဗြေလဆက်ပြော၏။

သို့သော်ဇာခရိသည် မယုံနိုင်အောင်ဖြစ်နေသည်။ သူနှင့်ဧလိရှဗက် ဤအသက်အရွယ်၌ကလေးရရန် လုံးဝမဖြစ်နိုင်ဟု ထင်စရာရှိသည်။ ထိုကြောင့် ဂါဗြေလဤသို့ဆိုသည်။ ‘‘သင်သည်ငါ့စကားကို မယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မီနေ့တိုင်အောင် စကားမပြောနိုင်ဘဲအ,လျက်နေမည်။’’

ထိုစဉ် အပြင်၌ရှိသူတို့သည် ဗိမာန်တော်အတွင်း ဇာခရိအဘယ်ကြောင့်ဤမျှကြာနေသည်ကို အံ့သြနေကြသည်။ သူထွက်လာသည့်အခါ၌ စကားမပြောနိုင်တော့ဘဲ လက်ဟန်ခြေဟန်ဖြင့်သာ အရိပ်အခြေပေးသည့်အတွက် ထူးခြားသောအရာတစ်ခုခုသူတွေ့မြင်ပြီဟုရိပ်မိကြသည်။

ယဇ်ပုရောဟိတ်အမှုဆောင်ရွက်ချိန်ပြီးသောအခါ ဇာခရိသည်အိမ်သို့ပြန်သွားသည်။ မကြာမီ ဧလိရှဗက်သည် အမှန်ပင်ပဋိသန္ဓေတည်ရှိလာသည်။။ မီးဖွားမည့်အချိန်ကိုစောင့်ရင်း သူမသည်အိမ်တွင်း၌ငါးလအောင်းနေသည်။

တစ်ဖန် ဂါဗြေလပေါ်လာပြန်သည်။ မည်သူ့ကိုစကားပြောသနည်း။ နာဇရက်မြို့မှမိန်းမပျိုလေးမာရိကို စကားပြောပါသည်။ ဤအကြိမ်တွင် အဘယ်သတင်းကို ကြားပြောသနည်း။ နားထောင်ကြည့်ပါ။ ‘‘သင်သည်ဘုရားရှေ့တော်၌မျက်နှာရပြီ။ သင်သည်ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့်မှည့်ရမည်။” ‘‘ထိုသားသည်ကြီးမြတ်၍ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ခံရမည်။ . . . သူသည် ယာကုပ်အမျိုးအနွယ်ကို အစဉ်အုပ်စိုးမည်။ သူ၏နိုင်ငံသည် ဆုံးခြင်းမရှိရ’’ ဟုဂါဗြေလကဆက်ပြောသည်။

ဤသတင်းကြားပြောရခြင်းကို အခွင့်ထူးဟုဂါဗြေလယူမှတ်ခဲ့မည်မှာ သေချာပါသည်။ ယောဟန်နှင့်ယေရှုအကြောင်း ကျွန်ုပ်တို့ထပ်၍ဖတ်ရသည့်အခါ၊ ဤကောင်းကင်မှသတင်းစကားများ အဘယ်ကြောင့်ထိုမျှအရေးကြီးကြောင်း ပို၍သိလာမည်။ ၂ တိမောသေ ၃:၁၆။ လုကာ ၁:၅-၃၃။

▪ ကောင်းကင်မှ အဘယ်အရေးကြီးသည့် သတင်းစကားနှစ်ရပ် ပါးလိုက်သနည်း။

▪ ထိုသတင်းစကားကို မည်သူတို့ထံမည်သူ ကြားပြောသနည်း။

▪ ထိုသတင်းစကားကို ယုံကြည်ရန် အဘယ်ကြောင့်ထိုမျှခက်ခဲရသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ