သင်ထာဝစဉ်အသက်ရှင်နိုင်မည် ဆိုလျှင် ယင်းကိုသင်ရွေးချယ်မည်လော
ဤစာစောင်က ရှင်းလင်းစွာဖော်ပြထားသည့်အတိုင်း ကမ္ဘာ့ပရဒိသုတွင် အမှန်ပင် သင်ထာဝစဉ်အသက်ရှင်နိုင်သည်။ ထိုကဲ့သို့သောအခြေအနေဆိုင်ရာ ဘုရားသခင့်ကတိတော်သည် ပြည့်စုံရန်သေချာလှသည်တကား! သို့သော် နေထိုင်ရန် သင် ရွေးချယ် ရပေမည်။
ခရစ်တော်ယေရှုသွန်သင်ခဲ့သည်ကား ထိုရွေးချယ်မှုသည် ဘုရားသခင်၏ တိကျမှန်ကန်သောအသိပညာပေါ်တွင် အခြေပြုရမည်။ ထိုအသိပညာကိုရယူနိုင်ရန် သင့်အားအကူအညီပေးဖို့ ဤစာစောင်ကိုထုတ်ဝေရခြင်းဖြစ်သည်။ ထပ်ဆင့်အကူအညီကို ယေဟောဝါသက်သေများထံတွင် ရယူနိုင်သည်။ သင့်အတွက် အဆင်ပြေသည့်အချိန်နှင့်နေရာတွင် သင့်ထံသို့လည်ပတ်ရန် သူတို့လိုလိုလားလားရှိကြသည်။ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို သင်လိုလားပါက ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့ သို့မဟုတ် အောက်ပါသင့်လျော်ရာလိပ်စာတစ်ခုခုသို့ စာရေးအကြောင်းကြားပါ။