ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၂ စာ. ၄-၅
  • ဘုရားသခင်ကား မည်သူနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကား မည်သူနည်း
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်​—ကိုယ်တော်ကား မည်သူနည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင်နဲ့ ခရစ်တော်အကြောင်း အမှန်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ဘုရားသခင်က ဘယ်သူလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဘုရားသခင်ကား မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၂ စာ. ၄-၅

သင်ခန်းစာ ၂

ဘုရားသခင်ကား မည်သူနည်း

စစ်မှန်သောဘုရားသခင်ကား မည်သူနည်း။ ကိုယ်တော်၏နာမတော်ကား အဘယ်နည်း။ (၁၊ ၂)

ကိုယ်တော်၌ မည်ကဲ့သို့သောခန္ဓာမျိုးရှိသနည်း။ (၃)

ကိုယ်တော်၏ထင်ရှားသောအရည်အသွေးတော်များကား အဘယ်နည်း။ (၄)

ကိုယ်တော့်ကိုကျွန်ုပ်တို့ဝတ်ပြုရာတွင် အရုပ်များနှင့်အထိမ်းအမှတ်သင်္ကေတများကို အသုံးပြုသင့်ပါသလော။ (၅)

ဘုရားသခင်အကြောင်း ကျွန်ုပ်တို့သင်ယူနိုင်သည့် နည်းနှစ်နည်းကား အဘယ်နည်း။ (၆)

၁။ အရာများစွာကို လူတို့ကိုးကွယ်ဝတ်ပြုကြ၏။ သို့သော် သမ္မာကျမ်းစာက စစ်မှန်သောဘုရားသခင်တစ်ဆူတည်းသာ ရှိတော်မူကြောင်း ကျွန်ုပ်တို့အားဖော်ပြသည်။ ကောင်းကင်နှင့်မြေကြီးပေါ်ရှိအရာအားလုံးကို ကိုယ်တော်ဖန်ဆင်းတော်မူခဲ့၏။ ကျွန်ုပ်တို့ကို အသက်ပေးတော်မူခဲ့သောကြောင့် ကိုယ်တော်တစ်ပါးတည်းကိုသာ ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်သင့်၏။​—⁠၁ ကောရိန္သု ၈:၅၊ ၆; ဗျာဒိတ် ၄:၁၁။

၂။ ဘုရားသခင်၌ ဘွဲ့နာမများစွာရှိသော်လည်း အမည်နာမတစ်ပါးတည်းသာရှိ၏။ ထိုနာမတော်ကား ယေဟောဝါဖြစ်တော်မူ၏။ သမ္မာကျမ်းစာအများ၌ ဘုရားသခင်၏နာမတော်ကို ဖယ်ထုတ်ထားပြီး သခင် သို့မဟုတ် ဘုရားသခင် ဟူသည့်ဘွဲ့နာမများနှင့် အစားထိုးထားကြသည်။ သို့သော် သမ္မာကျမ်းစာကိုရေးသားခဲ့စဉ်က ယင်း၌ ယေဟောဝါဟူသည့် အမည်နာမကို အကြိမ်ပေါင်း ၇,၀၀၀ ခန့်တွေ့ရပါသည်တကား!​—⁠ထွက်မြောက်ရာ ၃:၁၅; ဆာလံ ၈၃:၁၈။

၃။ ယေဟောဝါ၌ ကိုယ်ခန္ဓာတစ်ခုရှိတော်မူသော်လည်း ယင်းသည်ကျွန်ုပ်တို့နှင့်မတူချေ။ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏” ဟု ကျမ်းစာဆိုထား၏။ (ယောဟန် ၄:၂၄) နာမ်ဝိညာဉ်ဟူသည် ကျွန်ုပ်တို့ထက်သာ၍အဆင့်မြင့်သော အသက်တာပုံစံတစ်မျိုးဖြစ်သည်။ ဘုရားသခင်ကို မည်သူမျှမမြင်ဖူးချေ။ ယေဟောဝါသည် ကောင်းကင်၌နေသော်လည်း အရာခပ်သိမ်းကို ကိုယ်တော်မြင်စွမ်းနိုင်၏။ (ဆာလံ ၁၁:၄၊ ၅; ယောဟန် ၁:၁၈) သို့ ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်ကား အဘယ်နည်း။ ယင်းသည် ဘုရားသခင်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးမဟုတ်ချေ။ သို့ ဖြစ်မည့်အစား ယင်းသည် ဘုရားသခင်၏တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်၏။—⁠ဆာလံ ၁၀၄:၃၀။

၄။ သမ္မာကျမ်းစာက ယေဟောဝါ၏ပင်ကိုအရည်အသွေးတော်ကို ကျွန်ုပ်တို့အားဖော်ပြသည်။ ကိုယ်တော်၏ထင်ရှားသော အရည်အသွေးတော်များမှာ ချစ်ခြင်းမေတ္တာ၊ တရားမျှတခြင်း၊ ဉာဏ်ပညာတော်နှင့် တန်ခိုးတော်တို့ ဖြစ်ကြောင်း ယင်းကဖော်ပြ၏။ (တရားဟောရာ ၃၂:၄; ယောဘ ၁၂:၁၃; ဟေရှာယ ၄၀:၂၆; ၁ ယောဟန် ၄:၈) ကိုယ်တော်၌ ကရုဏာ၊ အကြင်နာ၊ ခွင့်လွှတ်မှု၊ ရက်ရောမှုနှင့် သည်းခံမှုအရည်အချင်းတို့ရှိကြောင်းလည်း ကျမ်းစာက ဖော်ပြ၏။ ကျွန်ုပ်တို့သည် နာခံမှုရှိသောကလေးသူငယ်များနည်းတူ ကိုယ်တော့်ကိုကြိုးစားတုပသင့်သည်။—⁠ဧဖက် ၅:၁၊ ၂။

၅။ [ခရစ်ယာန်] တို့၏ဝတ်ပြုကိုးကွယ်မှု၌ အရုပ်များ၊ ရုပ်ပုံများ သို့မဟုတ် အထိမ်းအမှတ်သင်္ကေတများကို ဦးချခြင်း သို့မဟုတ် ယင်းတို့ထံဆုတောင်းခြင်း ပြုသင့်သလော။ မပြုသင့်ပါ! (ထွက်မြောက်ရာ ၂၀:၄၊ ၅) ယေဟောဝါက ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်ရမည်ဟု မိန့်ဆိုထားတော်မူ၏။ ကိုယ်တော်သည် မိမိ၏ဘုန်းတန်ခိုးတော်ကို အခြားသူ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုအား မျှဝေပေးတော်မူမည်မဟုတ်ချေ။ အရုပ်များ၌ ကျွန်ုပ်တို့ကိုကူညီပေးနိုင်စွမ်းမရှိပါ။—⁠ဆာလံ ၁၁၅:၄-၈; ဟေရှာယ ၄၂:၈။

၆။ ဘုရားသခင်ကို ကျွန်ုပ်တို့မည်သို့ကောင်းစွာသိကျွမ်းနိုင်မည်နည်း။ တစ်နည်းမှာ ကိုယ်တော်ဖန်ဆင်းထားရာများကိုကြည့်ရှု၍ ယင်းတို့က အဘယ်အရာကိုဖော်ပြနေကြောင်း နက်နက်ရှိုင်းရှိုင်းတွေးတောခြင်းအားဖြင့်ဖြစ်သည်။ ဘုရားသခင့်ဖန်ဆင်းရာများက ကိုယ်တော်၌ ကြီးမားလှသောတန်ခိုးတော်နှင့် ဉာဏ်ပညာတော်ရှိကြောင်း ကျွန်ုပ်တို့အားဖော်ပြ၏။ ကိုယ်တော်ပြုလုပ်ထားသမျှသောအရာ၌ ကိုယ်တော်၏မေတ္တာတော်ကို ကျွန်ုပ်တို့တွေ့ မြင်ရ၏။ (ဆာလံ ၁၉:၁-၆; ရောမ ၁:၂၀) ​ဘုရား​သခင့်အကြောင်း သင်ယူနိုင်သည့် နောက်နည်းတစ်နည်းမှာ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့်ဖြစ်သည်။ ယင်း၌ ဘုရားသခင်က မိမိသည် မည်သို့သောဘုရားမျိုးဖြစ်ကြောင်း ကျွန်ုပ်တို့အားပို၍ဖော်ပြထား၏။ မိမိ၏ရည်ရွယ်တော်မူချက်အကြောင်းနှင့် ကျွန်ုပ်တို့အား ဘာလုပ်စေလိုတော်မူကြောင်းတို့ကိုလည်း မိန့်မှာထားတော်မူ၏။—⁠အာမုတ် ၃:၇; ၂ တိမောသေ ၃:၁၆၊ ၁၇။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဖန်ဆင်းထားရာများနှင့် သမ္မာကျမ်းစာမှ ဘုရားသခင့်အကြောင်း ကျွန်ုပ်တို့သိရှိရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ