ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၁၅ စာ. ၂၄-၂၅
  • ဘုရားသခင့်မိတ်ဆွေများသည် ကောင်းမှုကို လုပ်ဆောင်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်မိတ်ဆွေများသည် ကောင်းမှုကို လုပ်ဆောင်ကြ
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ပျော်စရာ မိသားစုဘဝဆိုတာ
    ပျော်စရာ မိသားစုဘဝဆိုတာ
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ဘုရားသခင့်အလိုတော်နှင့်တွေ့သော မိသားစုဘဝ
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၁၅ စာ. ၂၄-၂၅

အခန်း ၁၅

ဘုရားသခင့်မိတ်ဆွေများသည် ကောင်းမှုကိုလုပ်ဆောင်ကြ

သင်ချီးမွမ်းလေးစားသည့်မိတ်ဆွေတစ်ဦးရှိလျှင် သူ့ကဲ့သို့ဖြစ်ရန် သင်ကြိုးပမ်းသည်။ “ထာဝရဘုရား [ယေဟောဝါ] သည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့်ပြည့်စုံတော်မူ . . . ၏” ဟုကျမ်းစာကဆိုသည်။ (ဆာလံ ၂၅:၈) ဘုရားသခင့်မိတ်ဆွေဖြစ်ရန် ကျွန်ုပ်တို့သည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောရှိရမည်။ ကျမ်းစာကဤသို့ဆိုသည်– “သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ . . . မေတ္တာတရား၌ကျင်လည်ကြလော့။” (ဧဖက် ၅:၁၊ ၂) ထိုသို့ပြုလုပ်နိုင်သည့်နည်းအချို့မှာ–

ဆောက်လုပ်ရေးလုပ်ငန်းတွင် လူနှစ်ဦး အတူ လုပ်ဆောင်နေကြ

အခြားသူများကိုကူညီပါ။ “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။”—ဂလာတိ ၆:၁၀။

အလုပ်ကြိုးစားပါ။ “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကိုလုပ်ဆောင်အားထုတ်စေ။”—ဧဖက် ၄:၂၈။

ကာယရေးနှင့် ကိုယ်ကျင့်တရားစင်ကြယ်ပါ။ “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း . . . နှင့်ပြည့်စုံကြကုန်အံ့။”—၂ ကောရိန္သု ၇:၁။

မိသားစုတစ်စု စားစရာ ပြင်ဆင်နေကြ

မိသားစုဝင်များကို မေတ္တာနှင့်လေးစားမှုဖြင့်ဆက်ဆံပါ။ “သင်တို့သည် . . . ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကိုရိုသေခြင်းရှိစေလော့။ သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။”—ဧဖက် ၅:၃၃–၆:၁။

သူတစ်ပါးကိုမေတ္တာပြပါ။ “ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။”—၁ ယောဟန် ၄:၇။

တိုင်းပြည်၏ဥပဒေများကို နာခံပါ။ “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ . . . လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကိုလည်းကောင်း . . . ပေးကြလော့။”—ရောမ ၁၃:၁၊ ၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ