ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၂၁ စာ. ၂၄
  • ယေရှု အသက်ပြန်ရှင်ပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု အသက်ပြန်ရှင်ပြီ
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • တမန်တော်များ ရဲရင့်စွာဟောပြောကြ
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • သားတော်ကို ဘုရားသခင် သတိရတဲ့အကြောင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှု ရှင်ပြန်ထမြောက်လာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၂၁ စာ. ၂၄
ကောင်းကင်ပေါ် ယေရှု တက်ကြွ

အပိုင်း ၂၁

ယေရှု အသက်ပြန်ရှင်ပြီ

ယေရှုသည် မိမိ၏နောက်လိုက်များကို သွန်သင်ရန်နှင့် အားပေးရန် ကိုယ်ကိုထင်ရှားပြသည်

ယေရှုသေဆုံးပြီးနောက် တတိယမြောက်နေ့တွင် သင်္ချိုင်းဂူဝကိုပိတ်ထားသောကျောက်တုံး လှိမ့်ဖယ်ထားလျက်ရှိကြောင်း ကိုယ်တော်၏တပည့်များဖြစ်သော အမျိုးသမီးအချို့ တွေ့ရှိခဲ့ကြသည်။ သင်္ချိုင်းဂူမှာလည်း ဗလာကျင်းဖြစ်နေသည်။

ထိုစဉ် ကောင်းကင်တမန်နှစ်ပါး ပေါ်လာ၏။ တစ်ပါးက “နာဇရက်မြို့သားယေရှုကို သင်တို့ရှာနေကြောင်း ငါသိ၏။ ကိုယ်တော်သည် ထမြောက်တော်မူပြီ” ဟုဆိုသည်။ (မာကု ၁၆:၆) ထိုအခါ အမျိုးသမီးတို့သည် တမန်တော်များကိုပြောကြားရန် ချက်ချင်းပြေးသွားလေ၏။ လမ်းတွင် ယေရှုနှင့် သူတို့ဆုံတွေ့သည်။ ကိုယ်တော်က “မကြောက်ကြနှင့်။ ဂါလိလဲပြည်သို့သွားရန် ငါ့ညီအစ်ကိုတို့ကို သွား၍ပြောကြားလော့။ ထိုပြည်၌ သူတို့သည် ငါ့ကိုတွေ့မြင်ကြရလိမ့်မည်” ဟုမိန့်တော်မူ၏။—မဿဲ ၂၈:၁၀။

ထိုနေ့နှောင်းပိုင်းတွင် တပည့်နှစ်ဦးသည် ဂျေရုဆလင်မြို့မှ ဧမောက်ရွာသို့ လမ်းလျှောက်သွားသည်။ သူစိမ်းတစ်ဦးသည် သူတို့နှင့်အတူလျှောက်ပြီး အဘယ်အကြောင်းအရာများ ဆွေးနွေးနေသနည်းဟုမေးလေ၏။ အမှန်မှာ၊ ထိုသူသည် ရှင်ပြန်ထမြောက်လာသောယေရှုဖြစ်ပြီး သူတို့ ရုတ်တရက်မမှတ်မိနိုင်သောပုံစံဖြင့် ကိုယ်ကိုထင်ရှားပြခြင်းဖြစ်၏။ သူတို့က ယေရှုအကြောင်းပြောဆိုနေကြသည်ဟု မျက်နှာညှိုးငယ်လျက်ပြန်ဖြေသည်။ ထိုအခါ သူစိမ်းသည် မေရှိယနှင့်ပတ်သက်၍ ကျမ်းစာ၌ရေးထားသမျှကို ရှင်းပြလေ၏။ အမှန်အားဖြင့် ယေရှုသည် မေရှိယနှင့်ဆိုင်သော ပရောဖက်ပြုချက်များကို အသေးစိတ်ပြည့်စုံစေခဲ့ပြီ။a ထိုသူစိမ်းမှာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ်ရှင်ပြန်ထမြောက်ခဲ့သော ယေရှုဖြစ်ကြောင်း တပည့်များသိသွားချိန်တွင် ကိုယ်တော်သည် သူတို့ရှေ့မှ ကွယ်ပျောက်သွားလေ၏။

တပည့်နှစ်ဦးသည် ဂျေရုဆလင်မြို့သို့ ချက်ချင်းပြန်သွားခဲ့ကြသည်။ တံခါးပိတ်ထားသောအခန်းထဲတွင် တမန်တော်များစုဝေးနေကြောင်း သူတို့တွေ့ရှိကြသည်။ သူတို့နှစ်ဦးသည် ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြစဉ် ယေရှုပေါ်လာသည်။ ကိုယ်တော့်နောက်လိုက်များသည် မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြ၏။ ထိုအခါ ကိုယ်တော်က “အဘယ်ကြောင့် ယုံမှားသံသယဖြစ်နေကြသနည်း” ဟုမေးသည်။ “ကျမ်းစာ၌ ဤသို့ရေးထား၏။ ခရစ်တော်သည် ဆင်းရဲဝေဒနာခံ၍ သုံးရက်မြောက်သောနေ့တွင် သေခြင်းမှထမြောက်တော်မူမည်။”—လုကာ ၂၄:၃၈၊ ၄၆။

ယေရှုသည် ထမြောက်ပြီးနောက် ရက်ပေါင်း ၄၀ တိုင်အောင် တပည့်များရှေ့ အကြိမ်ကြိမ် ကိုယ်ကိုထင်ရှားပြခဲ့သည်။ တစ်ကြိမ်တွင် လူ ၅၀၀ ကျော်ရှေ့ ထင်ရှားပြခဲ့သည်။ ထိုအချိန်တွင် ကိုယ်တော်က သူတို့ကို ဤအရေးကြီးသောတာဝန်အပ်နှင်းခဲ့ပုံရသည်– “သွား၍ လူမျိုးတကာမှလူတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . သင်တို့အား ငါမိန့်မှာသမျှကိုစောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။ ငါသည်လည်း ဤလောကစနစ်နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။”—မဿဲ ၂၈:၁၉၊ ၂၀။

ယေရှုသည် သစ္စာရှိတမန်တော် ၁၁ ပါးနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံချိန်တွင် ဤသို့ကတိပြုသည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောစွမ်းအားတော် သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ . . . မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်။” (တမန်တော် ၁:၈) ထို့နောက် ယေရှုသည် ကောင်းကင်သို့ဆောင်ယူခြင်းကိုခံရ၍ ကိုယ်တော်ကိုမမြင်စေရန် မိုးတိမ်ကွယ်လေ၏။

—မဿဲအခန်းကြီး ၂၈; မာကုအခန်းကြီး ၁၆; လုကာအခန်းကြီး ၂၄; ယောဟန်အခန်းကြီး ၂၀ နှင့် ၂၁; ၁ ကောရိန္သု ၁၅:၅၊ ၆ ကိုအခြေခံသည်။

a ယေရှု၌ပြည့်စုံခဲ့သော မေရှိယဆိုင်ရာပရောဖက်ပြုချက်များ၏ နမူနာများကို ဤဘရိုရှာ၏အပိုင်း ၁၄၊ အပိုင်း ၁၅နဲ့ အပိုင်း ၁၆ အပြင် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် စာမျက်နှာ ၁၉၉-၂၀၁ တွင်ကြည့်ပါ။

  • ယေရှုကို ဘုရားသခင်ရှင်ပြန်ထမြောက်စေခဲ့ကြောင်း တပည့်များ မည်သို့သိရှိသွားကြသနည်း။

  • ယေရှုသည် ဧမောက်ရွာသို့သွားသောလမ်းတွင် တပည့်နှစ်ဦးကို အဘယ်အကြောင်းအရာများ ရှင်းပြတော်မူသနည်း။

  • ယေရှုသည် ကောင်းကင်သို့မတက်ကြွမီ တပည့်များကို အဘယ်ညွှန်ကြားချက်များပေးခဲ့သနည်း။

သန့်ရှင်းသောစွမ်းအားတော်

ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်သည် စကြဝဠာတွင် တန်ခိုးအကြီးဆုံးစွမ်းအားဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းရာတွင်၊ ကျမ်းစာရေးသားခြင်းကိုလမ်းညွှန်ရာတွင် ကိုယ်တော်၏စွမ်းအားတော် သို့မဟုတ် တက်ကြွလှုပ်ရှားသောစွမ်းအားကို အသုံးပြုခဲ့သည်။ ထိုစွမ်းအားတော်သည် တန်ခိုးကြီးနာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ယေရှုခရစ်ရှင်ပြန်ထမြောက်ခြင်းဟူသော အံ့ဖွယ်အကောင်းဆုံးအမှုအပါအဝင် ကျွန်ုပ်တို့ဖတ်ရှုခဲ့သမျှ အံ့ဖွယ်အမှုအားလုံး၏နောက်ကွယ်ရှိ စွမ်းအားဖြစ်သည်။—ကမ္ဘာဦး ၁:၂; ၂ ဓမ္မရာဇဝင် ၂၃:၂; တမန်တော် ၁၀:၃၈; ၁ ပေတရု ၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ