ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၂၂ စာ. ၅၈-စာ. ၅၉ ပိုဒ်. ၆
  • တပည့်လေးဦး လူကိုဖမ်းတဲ့တံငါသည်ဖြစ်လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တပည့်လေးဦး လူကိုဖမ်းတဲ့တံငါသည်ဖြစ်လာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • တပည့်တော်လေးဦး ခေါ်တော်မူခြင်းခံရ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လူကိုဖမ်းသောတံငါများအဖြစ် ထမ်းဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • စိုးရွံ့စိတ်နှင့် သံသယစိတ်ကို သူတွန်းလှန်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကြောက်ရွံ့စိတ်နဲ့ သံသယစိတ်ကို သူတွန်းလှန်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၂၂ စာ. ၅၈-စာ. ၅၉ ပိုဒ်. ၆
ဂါလိလဲအိုင်ကမ်းနားမှာ ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့နဲ့ ယေရှု စကားပြောနေ

အခန်း ၂၂

တပည့်လေးဦး လူကိုဖမ်းတဲ့တံငါသည် ဖြစ်လာ

မဿဲ ၄:၁၃-၂၂ မာကု ၁:၁၆-၂၀ လုကာ ၅:၁-၁၁

  • တပည့်တွေကို သူ့နောက် အမြဲလိုက်ဖို့ ဖိတ်ခေါ်

  • ငါးဖမ်းတဲ့ တံငါသည်တွေ လူကိုဖမ်းတဲ့တံငါသည် ဖြစ်လာ

နာဇရက်မြို့သားတွေ ယေရှုကိုသတ်ဖို့ ကြိုးစားပြီးနောက် “ဂင်နေသရက်အိုင်” လို့လည်းခေါ်တဲ့ ဂါလိလဲအိုင်နားက ကပေရနောင်မြို့ကို ယေရှု ဆင်းသွားတယ်။ (လုကာ ၅:၁) ဒါက ပင်လယ်နားမှာနေတဲ့ ဂါလိလဲနယ်သားတွေ တောက်ပတဲ့အလင်းကို မြင်ရမယ်ဆိုတဲ့ ဟေရှာယပရောဖက်ပြုချက် ပြည့်စုံတာပဲ။—ဟေရှာယ ၉:၁၊ ၂။

ယေရှုက “ကောင်းကင်နိုင်ငံ နီးနေပြီ” လို့ ဂါလိလဲနယ်မှာ ဆက်ဟောပြောတယ်။ (မဿဲ ၄:၁၇) အဲဒီမှာ တပည့်လေးဦးကို တွေ့တယ်။ သူတို့ဟာ အစောပိုင်းတုန်းက ယေရှုနဲ့အတူ ခရီးသွားခဲ့သူတွေပဲ။ ဒါပေမဲ့ ယုဒပြည်ကနေ ယေရှုနဲ့အတူ ပြန်လာပြီးနောက် သူတို့ရဲ့ ငါးဖမ်းလုပ်ငန်းကို ပြန်လုပ်နေကြတယ်။ (ယောဟန် ၁:၃၅-၄၂) အခုတော့ ယေရှုနောက်ကို အမြဲလိုက်ဖို့ အချိန်ရောက်ပြီ။ ဒါမှ ယေရှုမရှိတော့တဲ့နောက်ပိုင်း အမှုဆောင်လုပ်ငန်း ဆက်လုပ်ဆောင်နိုင်ဖို့ သူတို့ကို လေ့ကျင့်ပေးနိုင်မယ်။

ကမ်းခြေတစ်လျှောက် ယေရှု သွားနေတုန်း ရှိမုန်ပေတရု၊ သူ့ညီအန္ဒြေနဲ့ တခြားအဖော်တွေ ပိုက်ကွန်တွေကို ဖာနေတာ တွေ့တယ်။ ယေရှုက ပေတရုရဲ့ လှေပေါ်တက်ပြီး ကမ်းကနေ ခွာခိုင်းတယ်။ ကမ်းနဲ့ နည်းနည်းလှမ်းသွားတဲ့အခါ ယေရှုက လှေပေါ်မှာထိုင်ပြီး ကမ်းပေါ်မှာရှိတဲ့လူအုပ်ကြီးကို နိုင်ငံတော်နဲ့ပတ်သက်တဲ့ အမှန်တရားတွေ စသွန်သင်ပေးတယ်။

သွန်သင်ပြီးသွားတဲ့အခါ ယေရှုက ပေတရုကို “ရေနက်တဲ့ဘက်ကို လှော်သွားပြီး ပိုက်ကွန်ချပါ” လို့ပြောတော့ ပေတရုက “ဆရာ၊ ကျွန်တော်တို့ တစ်ညလုံး ကြိုးစားတာ ငါးတစ်ကောင်မှ မရဘူး။ ဒါပေမဲ့ ဆရာခိုင်းတဲ့အတိုင်း ပိုက်ကွန်ချပါ့မယ်” လို့ပြန်ပြောတယ်။—လုကာ ၅:၄၊ ၅။

အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့ ပိုက်ကွန်ကို လှေပေါ် ခက်ခက်ခဲခဲ ဆွဲတင်နေကြ၊ ယေရှုရှေ့မှာ ပေတရု ဒူးထောက်

ဒီနောက် ပိုက်ကွန်ချလိုက်တဲ့အခါ ငါးတွေ အများကြီး ဖမ်းမိပြီး ပိုက်ကွန်တွေ စုတ်ပြဲလုမတတ်ပဲ။ ဒါနဲ့ တခြားလှေပေါ်က တံငါသည်တွေကို အချက်ပြပြီး ခေါ်လိုက်တယ်။ သူတို့ လာဝိုင်းကူတဲ့အခါ လှေနှစ်စင်းလုံး နစ်လုမတတ် ငါးတွေအပြည့်ရတယ်။ ဒါကိုမြင်တဲ့အခါ ပေတရုက ယေရှုရှေ့မှာ ဒူးထောက်ပြီး “သခင်၊ ကျွန်တော်ဟာ အပြစ်များတဲ့သူပါ။ ကျွန်တော့်ဆီက ထွက်သွားပေးပါ” လို့ပြောတယ်။ ယေရှုက “မစိုးရိမ်နဲ့တော့။ အခုချိန်ကစပြီး ခင်ဗျားဟာ လူကိုဖမ်းတဲ့ တံငါသည် ဖြစ်လိမ့်မယ်” ဆိုပြီး ပေတရုကို ပြောတယ်။—လုကာ ၅:၈၊ ၁၀။

ယေရှုက ပေတရုနဲ့ အန္ဒြေကို “ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျားတို့ကို လူဖမ်းတဲ့ တံငါသည်တွေ ဖြစ်စေမယ်” လို့ပြောတယ်။ (မဿဲ ၄:၁၉) ဇေဗေဒဲရဲ့သားတွေဖြစ်တဲ့ ယာကုပ်နဲ့ ယောဟန်တို့ကိုလည်း ဖိတ်ခေါ်တယ်။ သူတို့လည်း ချက်ချင်းပဲ ယေရှုနောက်ကို လိုက်ကြတယ်။ သူတို့လေးယောက်ဟာ ငါးဖမ်းလုပ်ငန်းကို စွန့်ပြီး ယေရှုနောက်ကို အမြဲလိုက်တဲ့ ဦးဆုံးတပည့်တွေ ဖြစ်လာတယ်။

  • ယေရှုက သူ့နောက် အမြဲလိုက်ဖို့ ဘယ်လိုလူတွေကို ဖိတ်ခေါ်သလဲ။ သူတို့က ဘယ်သူတွေလဲ။

  • ဘယ်အံ့ဖွယ်အမှုကြောင့် ပေတရု ကြောက်သွားသလဲ။

  • အခု တပည့်လေးယောက်က ဘယ်တံငါအလုပ်ကို လုပ်ကြတော့မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ