ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၂၉ စာ. ၇၂-စာ. ၇၃ ပိုဒ်. ၈
  • ဥပုသ်နေ့မှာ ကောင်းမှုပြုလို့ရသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဥပုသ်နေ့မှာ ကောင်းမှုပြုလို့ရသလား
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဥပုသ်နေ့တွင် ကောင်းသော အမှုများပြုခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လူသားတွေကို ယေရှု ချစ်မြတ်နိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ‘သင်သွား၍ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • လူနာတွေကို ယေရှုကုသပေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၂၉ စာ. ၇၂-စာ. ၇၃ ပိုဒ်. ၈
ဗေသေသဒရေကန်မှာ နာမကျန်းဖြစ်နေသူနဲ့ ယေရှုစကားပြောနေ

အခန်း ၂၉

ဥပုသ်နေ့မှာ ကောင်းမှုပြုလို့ ရသလား

ယောဟန် ၅:၁-၁၆

  • ယုဒပြည်မှာ ယေရှုဟောပြော

  • နာမကျန်းဖြစ်နေသူကို ရေကန်နားမှာ ကုသပေး

ဂါလိလဲပြည်မှာ ကြီးမားတဲ့အမှုဆောင်လုပ်ငန်း လုပ်ချိန်အတွင်း ယေရှု အများကြီး ပြီးမြောက်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ကျွန်တော်ဟောရဦးမယ်” ဆိုတဲ့စကားအရ ဂါလိလဲပြည်ကိုပဲ အာရုံစိုက်တာ မဟုတ်ဘူး။ “ယုဒပြည် တရားဇရပ်တွေမှာလည်း သွားဟောပြောတယ်။” (လုကာ ၄:၄၃၊ ၄၄) အခုအချိန်ဟာ နွေဦးရာသီဖြစ်ပြီး ဂျေရုဆလင်မြို့မှာ ပွဲတော်ကျင်းပခါနီးပြီဆိုတော့ အချိန်ကိုက်ပါပဲ။

ဂါလိလဲပြည်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်းအကြောင်း ကျွန်တော်တို့ ဖတ်ခဲ့တာနဲ့ နှိုင်းယှဉ်လိုက်ရင် ယုဒပြည်မှာ ယေရှုရဲ့ လုပ်ဆောင်မှုအကြောင်းကို ခရစ်ဝင်ကျမ်းတွေမှာ နည်းနည်းပဲ တွေ့ရတယ်။ ယုဒပြည်သားတွေ ကောင်းကောင်း မတုံ့ပြန်တာတောင် ယေရှုက ဘယ်နေရာပဲရောက်ရောက် ဆက်ဟောပြောတယ်၊ ကောင်းမှုတွေ ဆက်လုပ်တယ်။

အခု ယေရှုက အေဒီ ၃၁၊ ပသခါပွဲတက်ဖို့ ယုဒပြည်ရဲ့မြို့တော် ဂျေရုဆလင်ကို သွားနေတယ်။ လူတွေ ပျားပန်းခပ် သွားလာနေတဲ့ သိုးတံခါးနားမှာ စင်္ကြံတွေပါတဲ့ ဗေသေသဒရေကန်ကြီး ရှိတယ်။ ဖျားနာသူ၊ မျက်မမြင်သူ၊ ခြေ,မသန်သူတွေ အများကြီး ရေကန်ကို လာကြတယ်။ ဘာအတွက်လဲ။ ရေပြင်လှုပ်ရှားတဲ့အခါ ရေထဲဆင်းမယ်ဆိုရင် ရောဂါပျောက်တယ်လို့ လူတွေ ယုံကြည်ထားလို့ပဲ။

၃၈ နှစ်လုံး နာမကျန်းဖြစ်နေတဲ့ လူတစ်ယောက် ရေကန်နားမှာ လဲလျောင်းနေတာကို ဥပုသ်နေ့မှာ ယေရှုတွေ့တယ်။ ဒါနဲ့ “ခင်ဗျား ကျန်းမာချင်သလား” လို့မေးလိုက်တယ်။ သူက “ဆရာ၊ ရေပြင်လှုပ်ရှားတဲ့အခါ ကျွန်တော့်ကို ရေကန်ထဲ ချပေးမယ့်သူ မရှိပါဘူး။ ကျွန်တော်ဆင်းမယ်လုပ်တိုင်း တခြားတစ်ယောက် အရင်ဆင်းသွားတတ်ပါတယ်” လို့ဖြေတယ်။—ယောဟန် ၅:၆၊ ၇။

ယေရှုက “ထပါ။ ကိုယ့်အိပ်ရာကိုယူပြီး လမ်းလျှောက်တော့” လို့ပြောတဲ့အခါ အဲဒီလူနဲ့ အနားမှာရှိတဲ့လူတွေ အံ့သြသွားကြတယ်။ (ယောဟန် ၅:၈) အဲဒီလူလည်း ချက်ချင်း ကျန်းမာလာပြီး ပြောတဲ့အတိုင်း အိပ်ရာကိုယူပြီး လမ်းလျှောက်သွားတော့တယ်။

ယေရှုကုသပေးလိုက်တဲ့သူနဲ့ ဂျူးတွေစကားပြောနေ

ဒီအံ့ဖွယ်အမှုကြောင့် ဝမ်းသာမယ့်အစား ဂျူးတွေက အဲဒီလူကိုမြင်တော့ “ဒါဥပုသ်နေ့ပဲ။ အိပ်ရာကို မသယ်ရဘူး” လို့ အပြစ်တင်ကြတယ်။ သူက “ကျွန်တော့်ကို ကျန်းမာစေသူက ‘ကိုယ့်အိပ်ရာကိုယူပြီး လမ်းလျှောက်တော့’ လို့ပြောပါတယ်’ ဆိုပြီး ပြန်ပြောလိုက်တယ်။ (ယောဟန် ၅:၁၀၊ ၁၁) ဥပုသ်နေ့မှာ ရောဂါကုပေးတဲ့သူကို ဂျူးတွေ အပြစ်ရှာနေကြတာ။

သူတို့က “မင်းကို အဲဒီလိုပြောတာ ဘယ်သူလဲ” ဆိုပြီး မေးကြတယ်။ ဘာလို့ မေးကြတာလဲ။ ယေရှုက “လူအုပ်ကြားထဲမှာ ခြေရာဖျောက်သွားလို့” ရောဂါပျောက်သွားတဲ့လူက ယေရှုရဲ့နာမည်ကို မသိရလိုက်ဘူး။ (ယောဟန် ၅:၁၂၊ ၁၃) ဒါပေမဲ့ ဗိမာန်တော်မှာ ယေရှုနဲ့ နောက်တစ်ကြိမ် သူ ထပ်ဆုံတယ်။ ဒီအခါ ရေကန်မှာ သူ့ကို ကုသပေးခဲ့သူဟာ ယေရှုမှန်း သိသွားတယ်။

ဒါနဲ့ သူ့ကိုကုသပေးခဲ့တာ ယေရှုဆိုပြီး ဂျူးတွေနဲ့ ပြန်တွေ့တဲ့အခါ ပြောပြလိုက်တယ်။ ဒါကိုသိတော့ ဂျူးတွေက ယေရှုဆီ သွားကြတော့တယ်။ အံ့ဖွယ်အမှုတွေကို ယေရှု ဘာကြောင့် လုပ်နိုင်တာလဲဆိုတာ သိချင်လို့သွားတာလား။ မဟုတ်ပါဘူး။ ဥပုသ်နေ့မှာ ကောင်းမှုတွေလုပ်တဲ့အတွက် ယေရှုကိုအပြစ်ရှာဖို့ သွားကြတာ။ အဲဒီကစပြီး ယေရှုကို ပြဿနာရှာကြတော့တယ်။

  • ယုဒပြည်ကို ယေရှု ဘာဖြစ်လို့ သွားတာလဲ။ သူဘာဆက်လုပ်နေသလဲ။

  • ဗေသေသဒရေကန်ကို လူအများကြီး ဘာကြောင့် လာကြသလဲ။

  • ရေကန်မှာ ဘယ်အံ့ဖွယ်အမှုကို ယေရှုလုပ်ခဲ့သလဲ။ ဂျူးတချို့ ဘယ်လို တုံ့ပြန်ကြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ