ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၉၇ စာ. ၂၂၆-စာ. ၂၂၇ ပိုဒ်. ၁
  • စပျစ်ခြံလုပ်သားများပုံဥပမာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စပျစ်ခြံလုပ်သားများပုံဥပမာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သစ္စာမဲ့သော စပျစ်ဥယျာဉ်သည် အမင်္ဂလာရှိ၏!
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • စပျစ်ခြံပုံဥပမာနှစ်ခု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၉၇ စာ. ၂၂၆-စာ. ၂၂၇ ပိုဒ်. ၁
စပျစ်ခြံထဲမှာ လုပ်သားတွေ အလုပ်လုပ်နေကြ

အခန်း ၉၇

စပျစ်ခြံလုပ်သားများ ပုံဥပမာ

မဿဲ ၂၀:၁-၁၆

  • “နောက်ဆုံး ဝင်လာ” တဲ့စပျစ်ခြံ လုပ်သားတွေ “ရှေ့ဆုံးကို ရောက်လိမ့်မယ်”

ပေရိယနယ်မှာ ယေရှုက “ရှေ့ဆုံးက လူအတော်များများ နောက်ဆုံးကို ရောက်လိမ့်မယ်။ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်လိမ့်မယ်” လို့ နားထောင်နေသူတွေကို ပြောခဲ့တယ်။ (မဿဲ ၁၉:၃၀) အဲဒီအချက်ကို ပေါ်လွင်စေဖို့ စပျစ်ခြံလုပ်သားတွေအကြောင်း ပုံဥပမာကို ပြောပြတယ်–

“ကောင်းကင်နိုင်ငံဟာ လုပ်သားတွေကို ငှားဖို့ မနက်စောစော ထွက်သွားတဲ့ စပျစ်ခြံပိုင်ရှင်နဲ့ တူတယ်။ သူက လုပ်သားတွေကို တစ်နေ့ ဒေနာရိ တစ်ပြား ပေးမယ်လို့ သဘောတူပြီးနောက် စပျစ်ခြံဆီ လွှတ်လိုက်တယ်။ အဲဒီနောက် မနက် ၉ နာရီ လောက်မှာ ပြန်ထွက်သွားပြီး အလုပ်မရှိဘဲ စျေးမှာ ရပ်နေသူတွေကို တွေ့တဲ့အခါ၊ ‘ခင်ဗျားတို့လည်း ကျွန်တော့်စပျစ်ခြံကို သွားကြ။ ထိုက်သင့်တဲ့ အခကို ပေးမယ်’ လို့ပြောတယ်။ သူတို့လည်း သွားကြတယ်။ စပျစ်ခြံပိုင်ရှင်က နေ့လယ် ၁၂ နာရီနဲ့ ညနေ ၃ နာရီ လောက်မှာ ပြန်ထွက်သွားပြီး အရင်လိုပဲ လူတွေကို ဖိတ်ခေါ်တယ်။ ညနေ ၅ နာရီ လောက်မှာ ပြန်ထွက်သွားပြီး ရပ်နေတဲ့လူတွေကို တွေ့တဲ့အခါ ‘တစ်နေကုန် အလုပ်မလုပ်ဘဲ ဒီမှာ ဘာလို့ရပ်နေကြတာလဲ’ လို့မေးတယ်။ ‘ကျွန်တော်တို့ကို ငှားမယ့်သူ မရှိလို့ပါ’ ဆိုပြီး ဖြေကြတဲ့အခါ ‘ကျွန်တော့်စပျစ်ခြံမှာ သွားအလုပ်လုပ်ပါ’ လို့ ပြောလိုက်တယ်။”—မဿဲ ၂၀:၁-၇။

နားထောင်နေသူတွေက “ကောင်းကင်နိုင်ငံ၊” “စပျစ်ခြံပိုင်ရှင်” ဆိုတဲ့အသုံးအနှုန်းတွေကို ကြားတဲ့အခါ ယေဟောဝါဘုရားအကြောင်း စဉ်းစားမိမှာပဲ။ ကျမ်းစာမှာ ယေဟောဝါဘုရားကို စပျစ်ခြံပိုင်ရှင်နဲ့ တင်စားပြီး အစ္စရေးလူမျိုးကို စပျစ်ခြံနဲ့ တင်စားထားတယ်။ (ဆာလံ ၈၀:၈၊ ၉။ ဟေရှာယ ၅:၃၊ ၄) စပျစ်ခြံလုပ်သားတွေကို ပညတ်ပဋိညာဉ်အောက်မှာ ရှိသူတွေနဲ့ ခိုင်းနှိုင်းတယ်။ ဒါပေမဲ့ ယေရှုက အရင်အခြေအနေကို ပုံဖော်နေတာ မဟုတ်ဘူး။ လောလောဆယ် သူ့လက်ထက်မှာရှိတဲ့ အခြေအနေကို ပုံဖော်ပြနေတာ။

ကွာရှင်းခြင်းအကြောင်းမေးပြီး ယေရှုကို အကဲစမ်းတဲ့ ဖာရိရှဲတွေလို ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရားသခင့်အမှုတော်ကို အမြဲမပြတ် ထမ်းဆောင်နေပုံပဲ။ သူတို့က အချိန်ပြည့်လုပ်သားတွေနဲ့ တူတယ်။ တစ်နေ့လုပ်အားခဖြစ်တဲ့ ဒေနာရိတစ်ပြား အပြည့်ရဖို့ မျှော်လင့်ကြတယ်။

အဲဒီအုပ်စုမှာပါတဲ့ ပုရောဟိတ်တွေနဲ့ တခြားသူတွေဟာ သာမန်လူတန်းစား ဂျူးတွေကို ဘုရားအမှုတော် နည်းနည်းပဲထမ်းဆောင်သူတွေအဖြစ် သတ်မှတ်ကြတယ်။ သူတို့ဟာ ဘုရားရဲ့စပျစ်ခြံမှာ အချိန်ပိုင်းလုပ်တဲ့ လုပ်သားတွေနဲ့တူတယ်။ ယေရှုရဲ့ပုံဥပမာမှာ သူတို့ဟာ မနက် ၉ နာရီ၊ နေ့လယ် ၁၂ နာရီ၊ ညနေ ၃ နာရီ၊ ညနေ ၅ နာရီမှာ အလုပ်ဝင်တဲ့ လုပ်သားတွေဖြစ်တယ်။

ဘာသာရေးခေါင်းဆောင်တွေက ယေရှုတပည့်တွေကို “ကျိန်ခြင်းခံရသူတွေ” လို့ယူဆကြတယ်။ (ယောဟန် ၇:၄၉) သူတို့အများစုဟာ တံငါသည်တွေ၊ အလုပ်ကြမ်းသမားတွေ ဖြစ်ကြတယ်။ အေဒီ ၂၉၊ ဆောင်းဦးမှာတော့ “စပျစ်ခြံပိုင်ရှင်” က ယေရှုကို စေလွှတ်ပြီး အဲဒီနိမ့်ကျသူတွေကို ခရစ်တော်ရဲ့ တပည့်တွေအဖြစ် ဘုရားအမှုတော်ဆောင်ဖို့ ဖိတ်ခေါ်တယ်။ သူတို့က “နောက်ဆုံး ဝင်လာသူတွေ၊” ညနေ ၅ နာရီမှာ အလုပ်ဝင်တဲ့ အလုပ်သမားတွေဖြစ်တယ်။

အလုပ်ချိန် ပြီးသွားတဲ့အခါ ဘာဖြစ်တယ်ဆိုတာ ယေရှု အခုလို ဆက်ပြောတယ်– “ညနေစောင်းတော့ စပျစ်ခြံပိုင်ရှင်က ‘လုပ်သားတွေကို ခေါ်လာခဲ့။ နောက်ဆုံး ဝင်လာသူတွေကနေ စပြီး အရင်ဆုံး ဝင်လာသူတွေအထိ လုပ်ခကို ပေးလိုက်’ လို့ ခြံတာဝန်ခံကို မှာတယ်။ ညနေ ၅ နာရီ ကျမှ အလုပ်ဝင်သူတွေက လာပြီး ဒေနာရိတစ်ပြားစီ ရကြတယ်။ အရင်ဆုံး အလုပ်ဝင်သူတွေ လာတဲ့အခါ လုပ်ခပိုရမှာပဲလို့ ထင်ပေမဲ့ ဒေနာရိတစ်ပြားစီပဲ ရကြတယ်။ သူတို့က လုပ်ခလည်းရရော ခြံပိုင်ရှင်ကို၊ ‘ဒီလူတွေဟာ နောက်ဆုံးမှ ရောက်လာပြီး တစ်နာရီလေးပဲ အလုပ်လုပ်ပေမဲ့ နေပူကျဲကျဲမှာ တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်ရတဲ့ ကျွန်တော်တို့နဲ့ တန်းတူ လုပ်ခပေးရကောင်းလား’ လို့ မကျေမနပ် ပြောကြတယ်။ ဒါပေမဲ့ ခြံပိုင်ရှင်က သူတို့ထဲက တစ်ယောက်ကို ‘ဒီမှာ၊ ကျွန်တော် မတရား မလုပ်ဘူး။ လုပ်ခက ဒေနာရိတစ်ပြားဆိုပြီး ကျွန်တော်တို့ သဘောတူထားတယ် မဟုတ်လား။ ခင်ဗျားရဲ့လုပ်ခကို ယူပြီး ပြန်ပါတော့။ နောက်ဆုံး ဝင်လာသူတွေကိုလည်း ခင်ဗျားကို ပေးသလောက် ပေးချင်တယ်။ ကိုယ့်ငွေကို ကိုယ်ကြိုက်သလို လုပ်ခွင့်မရှိဘူးလား။ ကျွန်တော် သဘောကောင်းတာကို ခင်ဗျား မနာလိုဖြစ်စရာလား’ လို့ ပြောလိုက်တယ်။ အဲဒီလိုပဲ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်လိမ့်မယ်။ ရှေ့ဆုံးက လူတွေလည်း နောက်ဆုံးကို ရောက်လိမ့်မယ်။”—မဿဲ ၂၀:၈-၁၆။

ပုံဥပမာရဲ့ နိဂုံးပိုင်းက ဘာအဓိပ္ပာယ်လဲဆိုပြီး တပည့်တွေ စဉ်းစားနေမှာပဲ။ ကိုယ့်ကိုယ်ကိုယ် “ရှေ့ဆုံးကလူတွေ” လို့ထင်နေတဲ့ ဂျူးဘာသာရေး ခေါင်းဆောင်တွေဟာ ဘယ်လိုနည်းနဲ့ “နောက်ဆုံးကို ရောက်” သွားမလဲ။ ယေရှုရဲ့ တပည့်တွေက ဘယ်လိုနည်းနဲ့ “ရှေ့ဆုံးကို ရောက်” လာမလဲ။

ဖာရိရှဲနဲ့ တခြားသူတွေက ယေရှုတပည့်တွေကို “နောက်ဆုံးမှ ရောက်” တယ်လို့ ယူမှတ်ကြတယ်။ ဒါပေမဲ့ တပည့်တွေက “ရှေ့ဆုံးကိုရောက်” ပြီး လုပ်ခအပြည့် ရမှာဖြစ်တယ်။ ယေရှုသေဆုံးချိန်မှာ မြေကြီးဆိုင်ရာ ဂျေရုဆလင် ဖယ်ရှားခံရမှာဖြစ်ပြီး ဘုရားသခင်က လူမျိုးသစ်ဖြစ်တဲ့ “ဘုရားသခင်ရဲ့ အစ္စရေးလူမျိုး” ကို ရွေးချယ်ပါလိမ့်မယ်။ (ဂလာတိ ၆:၁၆။ မဿဲ ၂၃:၃၈) သန့်ရှင်းသောစွမ်းအားတော်နဲ့ နှစ်ခြင်းခံရမယ့်အကြောင်း နှစ်ခြင်းပေးသူ ယောဟန် ပြောတဲ့အခါ အဲဒီအစ္စရေးလူမျိုးသစ်မှာ ပါဝင်မယ့်သူတွေကို ရည်ညွှန်းနေတာ။ “နောက်ဆုံးကလူတွေ” ဟာ ရှေ့ဆုံးကိုရောက်ပြီး သန့်ရှင်းသောစွမ်းအားတော်နဲ့ နှစ်ခြင်းခံရမယ်၊ “ကမ္ဘာမြေအစွန်အဖျားအထိ” ယေရှုအကြောင်း သက်သေခံတဲ့ အခွင့်အရေး ရကြမယ်။ (တမန်တော် ၁:၅၊ ၈။ မဿဲ ၃:၁၁) ယေရှုပြောတဲ့ အပြောင်းအလဲကြီးကို တပည့်တွေ နားလည်လာတာနဲ့အမျှ “နောက်ဆုံးကိုရောက်” သွားတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ မုန်းတီးမှု ခံရမယ်ဆိုတာ ခန့်မှန်းမိမှာပဲ။

  • “စပျစ်ခြံပိုင်ရှင်” က ယေဟောဝါဆိုတာ ဘာကြောင့် ပြောနိုင်သလဲ၊ “လုပ်သားတွေ” က ဘယ်သူတွေလဲ။

  • ဒီပုံဥပမာအရ ဘယ်လို အပြောင်းအလဲကြီး ဖြစ်မယ်လို့ ယေရှု ပြောသလဲ။

  • အဲဒီအပြောင်းအလဲက ဘယ်အချိန်မှာ သိသာထင်ရှားလာသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ