ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၁၀၂ စာ. ၂၃၆-စာ. ၂၃၇ ပိုဒ်. ၂
  • ယောဟန်ကိုပေးတဲ့ ဗျာဒိတ်တော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောဟန်ကိုပေးတဲ့ ဗျာဒိတ်တော်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏ ကောင်းကင်ပလ္လင်တော်ဆိုင်ရာ ခမ်းနားမှု
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်တွေအကြောင်း စိတ်အာရုံများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • အောင်ခြင်းတေးသစ် သီဆိုခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ဘုန်းပွင့်သောယေရှုကို ယောဟန်မြင်ရခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၁၀၂ စာ. ၂၃၆-စာ. ၂၃၇ ပိုဒ်. ၂
တမန်တော်ယောဟန်က ဗျာဒိတ်ကျမ်းကို ရေးသားနေ

သင်ခန်းစာ ၁၀၂

ယောဟန်ကိုပေးတဲ့ ဗျာဒိတ်တော်

တမန်တော် ယောဟန်ဟာ ပတ်မုကျွန်းပေါ်မှာ အကျဉ်းကျနေတုန်း ယေရှုက သူ့ကို အနာဂတ်နဲ့ပတ်သက်ပြီး စိတ်အာရုံ ဒါမှမဟုတ် ပုံရိပ် ၁၆ ခုကို တစ်ခုပြီး တစ်ခုပြခဲ့တယ်။ ဒီစိတ်အာရုံတွေက ယေဟောဝါရဲ့နာမည် ဘယ်လို သန့်ရှင်းမြင့်မြတ်လာမယ်၊ နိုင်ငံတော် ဘယ်လို လာမယ်၊ အလိုတော်ဟာ ကောင်းကင်မှာပြည့်စုံသလို မြေကြီးပေါ်မှာ ဘယ်လို ပြည့်စုံမယ်ဆိုတာ ဖော်ပြတယ်။

စိတ်အာရုံတစ်ခုမှာ ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ယေဟောဝါကို ယောဟန် မြင်ရတယ်။ အဲဒီရာဇပလ္လင်ပတ်လည်မှာ အဖြူရောင်ဝတ်ဆင်ပြီး ရွှေသရဖူဆောင်းထားတဲ့ အကြီးအကဲ ၂၄ ယောက်ကိုလည်း မြင်တယ်။ ရာဇပလ္လင်ကနေ လျှပ်စီးတွေ၊ မိုးခြိမ်းသံတွေကိုလည်း ကြားခဲ့တယ်။ အကြီးအကဲ ၂၄ ယောက်က ယေဟောဝါရှေ့ ပျပ်ဝပ်ပြီး ကိုးကွယ်နေကြတယ်။ တခြားစိတ်အာရုံတစ်ခုမှာတော့ ယေဟောဝါကို ကိုးကွယ်တဲ့ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေနဲ့ ဘာသာစကားအမျိုးမျိုး ပြောတဲ့ လူအုပ်ကြီးကို မြင်တယ်။ သိုးသငယ်ဖြစ်တဲ့ ယေရှုက သူတို့ကို ထိန်းကျောင်းပြီး အသက်စမ်းရေဆီ ပို့ဆောင်ပေးတယ်။ နောက်စိတ်အာရုံတစ်ခုမှာကျတော့ ယေရှုဟာ ကောင်းကင်မှာ ဘုရင်အဖြစ် အကြီးအကဲ ၂၄ ယောက်နဲ့အတူ အုပ်စိုးနေတယ်။ နောက်စိတ်အာရုံတစ်ခုထဲမှာ ယေရှုဟာ စာတန်ဖြစ်တဲ့ နဂါးနဲ့ နတ်ဆိုးတွေကို တိုက်ခိုက်ပြီး သူတို့ကို ကောင်းကင်ကနေ မြေကြီးပေါ် ပစ်ချလိုက်တယ်။

ဇိအုန်တောင်ပေါ်ရှိ ယေရှုနဲ့ ၁၄၄,၀၀၀

အဲဒီနောက် ယောဟန်ဟာ သိပ်လှတဲ့ ပုံရိပ်ကို မြင်တယ်။ အဲဒီထဲမှာ သိုးသငယ်နဲ့ ရွေးချယ်ခံထားရသူ ၁၄၄,၀၀၀ ဟာ ဇိအုန်တောင်ပေါ်မှာ ရပ်နေကြတယ်။ ပြီးတော့ မြေကြီးပတ်လည် ပျံဝဲနေတဲ့ ကောင်းကင်တမန်တစ်ပါးကိုလည်း ယောဟန်မြင်တယ်။ သူက ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ဘုန်းတော်ကို ချီးမွမ်းကြပါလို့ ကြွေးကြော်နေတယ်။

စိတ်အာရုံတစ်ခုမှာ အာမဂေဒုန်စစ်ပွဲဖြစ်နေတာ သူမြင်တယ်။ အဲဒီစစ်ပွဲမှာ ယေရှုနဲ့ သူ့တပ်က စာတန်ရဲ့ အစီအစဉ် စနစ်ဆိုးကို စစ်နိုင်တယ်။ နောက်ဆုံးစိတ်အာရုံမှာတော့ ကောင်းကင်နဲ့မြေကြီးဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ဖြစ်နေတာကို ယောဟန်မြင်လိုက်တယ်။ စာတန်နဲ့ သူ့နောက်လိုက်တွေကို လုံးလုံး ဖျက်ဆီးပစ်လိုက်ပြီ။ ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိသူအားလုံး ယေဟောဝါရဲ့ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေပြီး ကိုယ်တော်ကိုပဲ ဝတ်ပြုကိုးကွယ်နေကြတယ်။

“မင်းနဲ့ မိန်းမကိုရော မင်းရဲ့မျိုးနွယ်နဲ့ မိန်းမရဲ့မျိုးနွယ်ကိုပါ ငါရန်ငြိုးဖွဲ့စေမယ်။ သူက မင်းရဲ့ခေါင်းကို ကြိတ်လိမ့်မယ်။ မင်းလည်း သူ့ဖနောင့်ကို ပေါက်ရလိမ့်မယ်။” —ကမ္ဘာဦး ၃:၁၅

မေးခွန်း– စိတ်အာရုံ ဘယ်နှခုကို ယောဟန်မြင်သလဲ။ အာမဂေဒုန်စစ်ပွဲမှာ ယေရှု ဘာလုပ်မလဲ။

ဗျာဒိတ် ၁:၁-၃။ ၄:၁-၁၁။ ၇:၄၊ ၉-၁၇။ ၁၁:၁၅-၁၈။ ၁၂:၅-၁၂။ ၁၄:၁၊ ၆၊ ၇။ ၁၆:၁၄၊ ၁၆။ ၂၁:၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ