ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၄/၁၅ စာ. ၂၂-၂၃
  • ကရုဏာပြရန် ယုဒပြည်သို့ ခရီးတစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကရုဏာပြရန် ယုဒပြည်သို့ ခရီးတစ်ခေါက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကရုဏာပြရန် ယုဒပြည်သို့ ခရီးတစ်ခေါက်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယုဒနယ်ကိုအသွား ပေရိယနယ်မှာသွန်သင်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု ဘာကြောင့် ချက်ချင်းမသွားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ကိုယ်တော်၏အချိန် မစေ့မရောက်သေး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၄/၁၅ စာ. ၂၂-၂၃

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

ကရုဏာပြရန် ယုဒပြည်သို့ ခရီးတစ်ခေါက်

လွ န်ခဲ့သော သီတင်းပတ်အတန်ကြာက ယေရုရှလင်မြို့တွင် ဗိမာန်တော်အပ်နှံပွဲ ကျင်းပနေစဉ် ဂျူးတို့က ယေရှုကိုသတ်ရန် အားထုတ်ခဲ့ကြသည်။ သို့နှင့် ကိုယ်တော်သည် မြောက်အရပ်သို့ ခရီးထွက်ကြွတော်မူ၏။ ဂါလိလဲအိုင်နှင့် မလှမ်းမကမ်းဒေသသို့ ကြွသွားသည်မှာ ထင်ရှားသည်။

လတ်တလောတွင် ယေရုရှလင်မြို့သို့ ရှေးရှု၍ တောင်ပိုင်းသို့ ကြွမြန်းနေတော်မူ၏။ လမ်းခရီးတစ်လျှောက်တွင် ယော်ဒန်မြစ်အရှေ့ဘက်ရှိ ပေရိယခရိုင်အတွင်းရှိ ကျေးရွာများ၌ ဟောပြောတော်မူ၏။ သူဌေးနှင့်လာဇရုပုံဥပမာကို ဟောကြားပြီး၍ မကြာသေးပေ။ ယခုဂါလိလဲပြည်၌ရှိစဉ်က ဟောကြားခဲ့သောအကြောင်းများကို တပည့်တော်တို့အား ဆက်၍သင်ကြားနေတော်မူ၏။

ဥပမာအားဖြင့် လူတစ်ယောက်သည် ဘုရားသခင်၏ “သူငယ်” တစ်ယောက်ယောက်ကို မှားယွင်းစေသည်ထက် “လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ ချခြင်းကိုခံရလျှင်” သူ့အဖို့ ပိုကောင်းသည်ဟု မိန့်တော်မူ၏။ အပြစ်လွှတ်ခြင်းအရေးကြီးပုံကိုလည်း အလေးအနက်မိန့်ကြားတော်မူ၏။ “[ညီအစ်ကိုတစ်ယောက်သည်] တစ်နေ့ခြင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့်၍ ‘နောင်တရပါ၏’ ဟုဆိုလျှင် သူ၏အပြစ်ကို လွှတ်လော့” ဟုရှင်းပြတော်မူ၏။

တပည့်တော်တို့က “အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါ” ဟုလျှောက်ကြသော် ယေရှုက “သင်တို့သည် မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ‘အချင်းအပင် သင်သည်အမြစ်နှင့်တကွ နှုတ်၍ပင်လယ်၌စိုက်လျက်နေလော့’ ဟုဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်” ဟုဖြေကြားတော်မူ၏။ ထိုကြောင့် သေးငယ်သောယုံကြည်ခြင်းပင်လျှင် ကြီးကျယ်သောအရာများကို တတ်စွမ်းနိုင်၏။

ထိုနောက် ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်၏အစေခံတစ်ဦး ထားအပ်သောစိတ်သဘောကို ထင်ဟပ်စေသည့် ဘဝသရုပ်ဖေါ်အခြေအနေတစ်ရပ်အကြောင်း မိန့်ကြားတော်မူ၏။ “အစေအပါးသည် လယ်ထွန်သော်လည်းကောင်း၊ သိုး၊ နွားကျောင်းသော်လည်းကောင်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သောအခါ ထိုအစေအပါးကို အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။ ထိုအစေအပါးကို ‘ငါစားစရာဖို့ ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကိုလုပ်ကျွေးလော့။ ထိုနောက်မှ သင်သည်စားသောက်ရမည်’ ဟုပြောမည်မဟုတ်လော။ ထိုအစေအပါးသည် သခင်စီရင်သည်အတိုင်းပြုသောကြောင့် သခင်၌ကျေးဇူးတင်သလော။ ကျေးဇူးမတင်။ ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ ‘ငါတို့သည် သခင်၌ ကျေးဇူးပြုသောအစေအပါးဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်’ ဟုဝန်ခံကြလော့” ဟုမိန့်တော်မူ၏။ သို့ဖြစ်သောကြောင့် ဘုရားသခင့်အစေခံတို့အနေဖြင့် ကိုယ်တော်အား ဝတ်ပြုခြင်းအားဖြင့် ကိုယ်တော်အား ကျေးဇူးပြုနေသည်ဟု ဘယ်တော့မျှ မထင်မှတ်သင့်ချေ။ ယုံကြည်စိတ်ချရသော ကိုယ်တော်၏ အိမ်သားအဖြစ် ကိုယ်တော်အား ကိုးကွယ်ရသည့်အခွင့်အရေးကို အစဉ်သတိရနေသင့်ပေသည်။

ဤပုံဥပမာကို ဟောကြား၍ မကြာမီ၌ သတင်းပို့သူတစ်ဦးရောက်လာသည်။ ထိုသူကား ယုဒပြည် ဗေသနိရွာ၌နေထိုင်သူ လာဇရု၏အစ်မ မာရိနှင့်မာသ စေလွှတ်သူဖြစ်သည်။ “သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်” ဟုသတင်းပို့သူက လျှောက်ကြား၏။

ယေရှုက “ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသော အနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်” ဟုမိန့်တော်မူ၏။ နှစ်ရက်နေပြီးနောက် ယေရှုက တပည့်တော်တို့အား “ယုဒပြည်သို့ တစ်ဖန်သွားကြကုန်အံ့” ဟုမိန့်တော်မူ၏။ သို့သော် သူတို့က “အရှင်ဘုရား၊ ယုဒလူတို့သည် ကိုယ်တော်အား မကြာမီကပင် ခဲနှင့်ပေါက်ရန် ကြိုးစားကြပါ၏။ ထိုအရပ်သို့ တဖန်ကြွတော်မူဦးမည်လော” ဟု သတိပေးကြ၏။

ယေရှုက ဤသို့ပြန်၍ မေးတော်မူ၏။ “တစ်နေ့တွင် တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ လူသည် နေ့အချိန်၌ သွားလာလျှင် နေရောင်အလင်းကိုမြင်ရသောကြောင့် ထိမိ၍မလဲတတ်။ ညအချိန်၌သွားလာလျှင်မူကား အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏။”

ယေရှုက “နေ့အချိန်” သို့မဟုတ် ကိုယ်တော်ဓမ္မအမှုတော်ဆောင်ရန် ဘုရားသခင် ခန့်ခွဲပေးသည့်အချိန် မကုန်သေးကြောင်း ထိုအချိန်မကုန်မချင်း ကိုယ်တော်ကို မည်သူမျှ အန္တရာယ်မပေးနိုင်ကြောင်း ဆိုလိုသည်မှာ ရှင်းပါသည်။ ကိုယ်တော်သည် ကျန်ရှိသော “နေ့အချိန်” တိုလေးကို အပြည့်အဝအသုံးပြုလိုသည်။ အဘယ်ကြောင့် ဆိုသော် ထိုနောက် ကိုယ်တော်ကို ရန်သူများကွပ်မျက်မည့် “ညအချိန်” ရောက်လာမည်ဖြစ်သောကြောင့်တည်း။

ယေရှုက ဤသို့ထပ်၍ မိန့်တော်မူ၏။ “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနိုးခြင်းအလိုငှာ ငါသွားမည်။”

တပည့်တော်တို့က လာဇရုအိပ်ပျော်နေလျှင် ဤကားပြန်နေကောင်းလာမည့်လက္ခဏာဖြစ်သည်အထင်နှင့် “သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်” ဟုပြန်လျှောက်ကြ၏။

သို့နှင့် ယေရှုက သူတို့အား ဤသို့အတိအလင်းမိန့်တော်မူ၏။ “လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း၊ ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ယခုသွားကြကုန်အံ့။”

ယုဒပြည်တွင် ယေရှုကွပ်မျက်ခံရမည်ကို သိသော်လည်း ကိုယ်တော်ကိုထောက်ခံအားပေးလိုသဖြင့် သောမက “အကျွန်ုပ်တို့လည်း လိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့” ဟုတပည့်တော်ချင်းတို့အား အားပေးလေ၏။ သို့နှင့် တပည့်တော်တို့သည် အသက်အန္တရာယ်ကို မမှုဘဲ ကရုဏာပြရန် ယုဒပြည်သို့ အတူလိုက်ပါသွားကြသည်။ လုကာ ၁၃:၂၂။ ၁၇:၁-၁၀။ ယောဟန် ၁၀:၂၂၊ ၃၁၊ ၄၀-၄၂။ ၁၁:၁-၁၆။

◆ လတ်တလောအချိန်တွင် အဘယ်နေရာ၌ ယေရှုဟောပြောတော်မူခဲ့သနည်း။

◆ အဘယ်ဆုံးမသြဝါဒကို ယေရှုထပ်၍ မိန့်ကြားတော်မူသနည်း။ အဘယ်အချက်ကို ပေါ်လွင်စေရန် အဘယ်ဘဝသရုပ်ဖေါ်အခြေအနေအကြောင်း ကိုယ်တော်မိန့်ကြားတော်မူသနည်း။

◆ ယေရှုအဘယ်သတင်း လက်ခံရရှိသနည်း။ “နေ့အချိန်” နှင့် “ညအချိန်” အသုံးအနှုန်းအားဖြင့် ယေရှုဘာကိုဆိုလိုတော်မူသနည်း။

◆ ‘သခင်နှင့်အတူ အသေခံရန် သွားကြကုန်အံ့’ ဟု သောမဆိုရာတွင် ဘာကိုဆိုလိုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ