နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
အစ္စရေးတွင် အမှန်တရား ရှာပုံတော်ဖွင့်သူများ ဆုချခံရ
အဓွန့်ရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းရေးနှင့်တောက်ပသောအနာဂတ်မျှော်လင့်ချက်ဖန်တီးရေးအတွက် လူ့ကြိုးပမ်းအားထုတ်မှုမှာ အချည်းနှီးဖြစ်ကြောင်းတွေ့မြင်လာသူ အရေအတွက်သည်အခြားဒေသများကဲ့သို့ အစ္စရေးနိုင်ငံတွင်လည်းတိုးများလျက်ရှိသည်။ သာယာလှပ၍ သမိုင်းဝင်ဖြစ်သော ထိုနိုင်ငံရှိယေဟောဝါသက်သေ ၃၇၀ သည် ဘုရားသခင်ကိုရှာဖွေနေသူတို့အား အသက်ရှင်စေတတ်သော မျှော်လင့်ချက်ကိုဆောင်ကြဉ်းပေးနေကြသည်။ (ဟေရှာယ ၅၅:၂၊ ၃) တဲလ်အဗစ်မြို့ရှိ ကင်းမျှော်စင်အသင်းဌာနခွဲရုံးမှ ရောက်လာသောအောက်ပါသတင်းတို့က သမ္မာကျမ်းစာအမှန်တရားရှာဖွေသူတို့အား ဘုရားသခင်ဆုချတော်မူကြောင်းပြသသည်။
“ရုန်းရင်းကြမ်းတမ်းသော ဘာသာရေးအယူသည်းသူတို့ ဖန်တီးခဲ့သောဆူပူမှုသည် ချုပ်ငြိမ်းသွားလေပြီ။ ကျွန်ုပ်တို့၏ စည်းဝေးများကို အနှောင့်အယှက်ပြုရန်ယခင်ကအားထုတ်ခဲ့မှုတို့သည် တန်ပြန်အကျိုးသက်ရောက်လျက်ရှိသည်။ သာဓကတစ်ရပ်အနေနှင့် အသက်ကြီးသော ရုရှားဇနီးမောင်နှံသည်အက်ဗဲင်းတစ္စ(Adventist) အဖွဲ့တစ်ဖွဲ့နှင့် ပေါင်းသင်းကြသော်လည်း သင်ကြားသိရှိရာများနှင့် ကျေနပ်မှုမရှိကြချေ။ စစ်မှန်သောခရစ်ယာန်ဘာသာ အမှတ်သင်္ကေတမှာ နှိပ်စက်ညှဉ်းပန်းခြင်းခံရမည်ဟု ပရောဖက်ပြုချက်ရှိသော်လည်း ထိုအထောက်အထားကို သူတို့မတွေ့ရကြ။ ထိုနောက်တစ်နေ့သောအခါ စွန့်ပစ်ထားသည့် ရိုမေးနီးယားဘာသာဖြင့်ထုတ်ဝေထားသော သတင်းမဂ္ဂဇင်း အဟောင်းတစ်အုပ်ကိုတွေ့သည်။ ထိုမဂ္ဂဇင်းတွင် ၁၉၈၅ခုနှစ်က တဲလ်အဗစ်မြို့ရှိ အသင်းမပိုင်ဌာနခွဲရုံးအဆောက်အဦးနှင့်နိုင်ငံတော်ခန်းမတို့ကို လူအုပ်ဖြင့်အကြမ်းဖက်တိုက်ခိုက်သည့် သတင်းပါရှိသည်။ သူတို့၏စိတ်ဝင်စားမှု ပြင်းပြလာသဖြင့် တဲလ်အဗစ်မြို့သို့ ခရီးနှင်ကာ သတင်းဆောင်းပါး၌ ဖေါ်ပြထားသည့်အဆောက်အဦးကိုတွေ့သည့်အထိ လေးနာရီကြာ ခြေလျင်လျှောက်၍ရှာခဲ့ကြသည်။ သူတို့သိလိုသော မေးခွန်းအချို့အတွက် အဖြေများရရှိသွားကြပြီး ထိုညနေပိုင်းကျင်းပသည့် စည်းဝေးကိုလည်းတက်ရောက်ခဲ့ကြသဖြင့် အလွန်နှစ်ထောင်းအားရဖြစ်ခဲ့သည်။ ထိုစည်းဝေးတွင် ရုရှားစကားပြောသက်သေခံအချို့နှင့် တွေ့ဆုံရ၍လည်း သူတို့ပျော်ရွှင်ကြသည်။ ထိုအချိန်မှစ၍ သူတို့နှင့်ကျမ်းစာသင်အံမှုတစ်ခု မှန်မှန်ကျင်းပခဲ့သည်။ သင်အံဆည်းပူးလေလေ မိမိတို့ရှာပုံတော်ဖွင့်နေသောအရာ သမ္မာတရားကိုတွေ့ပြီဟု ပို၍ယုံကြည်သက်ဝင်လာလေလေဖြစ်သည်။”
“အခြားသာဓကတစ်ရပ်မှာ ညီအစ်ကိုတစ်ဦးသည် အိမ်ထောင်သည်အမျိုးသားလူရွယ်တစ်ယောက်အား သက်သေခံသည်။ ထိုသူသည် သက်သေခံရှင်းပြသော အချက်အချို့ကိုသဘောမကျသဖြင့် နိုင်ငံတော်သတင်းတရားကို ဆက်လက်၍ စမ်းစစ်လေ့လာခြင်းမပြုတော့ချေ။ နှစ်အတန်ကြာပြီးနောက် တစ်နေ့တွင် သူ၏သမီးဖျားသဖြင့် အယူသည်းသော မိတ်ဆွေများက သူ့သမီးဖျားရခြင်းမှာ အိမ်တံခါး၌ ကပ်ထားသောသိုးသားရေကျမ်းစာလိပ်ကလေးနှင့် ပတ်သက်ဖွယ်ရှိသည်ဟုဆိုကြ၏။ရဗ္ဗိဆရာအားစစ်ဆေးစေသင့်သည်ဟုအကြံပေး၏။ ထိုတစ်ချိန်တည်း၌ သူသည်ဘုရားသခင်ထံအမှန်တရားတွေ့ရှိရေးအတွက် လမ်းပြညွှန်ကြားတော်မူရန် စိတ်အားထက်သန်စွာဆုတောင်းသည်။
“ဆရာအိမ်သို့အသွားလမ်းခရီး၌ ကျန်းမာရေးဆေးခန်းတွင် ဆေးဝင်ယူရန် ကောက်ခါငင်ခါဆုံးဖြတ်လိုက်သည်။ ဆေးခန်းသို့ရောက်သောအခါ နှစ်အတန်ကြာက သူ့အားဟောပြောခဲ့သောသက်သေခံထိုင်နေသည်ကို မမျှော်လင့်ဘဲတွေ့ရသည်။ ညီအစ်ကိုဖြစ်သူက ထိုမွန်းလွဲပိုင်းတွင် ဆေးခန်းသို့သွားရန် လုံးဝအစီအစဉ်မရှိကြောင်း၊ လိုအပ်သောအရာတစ်ခုကို ဗြုန်းကနဲသတိရ၍ ဆေးခန်းသို့ရောက်နေခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ညီအစ်ကိုနှင့်ထိုသူသည် နှစ်နာရီကြာအောင် ထိုင်စကားပြောခဲ့ပြီး ထိုလူရွယ်နှင့် ကျမ်းစာသင်အံမှုအတွက် အစီအစဉ်ပြုလုပ်ခဲ့သည်။ ထိုသူသည် စတင်စည်းဝေးတက်ပြီး မှန်မှန်လေး တိုးတက်လာသည့်ပြင် သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းတွင် ပါဝင်လာသည်။ မကြာမီလယ်ကွင်းဓမ္မအမှုဆောင်ထွက်ပြီး ယခုအခါနှစ်ခြင်းခံပြီးသော ညီအစ်ကိုတစ်ဦးဖြစ်နေပြီ။ သူသွားမည့်ဆရာအိမ်ကို လုံးဝမရောက်ခဲ့ချေ။”
သမ္မာကျမ်းစာအမှန်တရားရှာပုံတော်ဖွင့်ကြသော ဤပုဂ္ဂိုလ်တို့သည် ရွှေစင်ထက်အဖိုးတန်သော ရတနာကို ရှာတွေ့သကဲ့သို့ ကြွယ်ဝသောဆုလာဘ်များရရှိခဲ့ကြသည်။—သု၊ ၃:၁၃-၁၈။