ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၀/၁၅ စာ. ၁၆-၁၇
  • ဗေသနိရွာရှိ ရှိမုန်နေအိမ်ဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗေသနိရွာရှိ ရှိမုန်နေအိမ်ဝယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗေသနိရွာရှိ ရှိမုန်နေအိမ်ဝယ်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဗေသနိရွာက ရှိမုန်ရဲ့အိမ်မှာ ညစာစား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုက လာဇရုကို အသက်ပြန်ရှင်လာစေ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေရှု ဘာကြောင့် ချက်ချင်းမသွားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၀/၁၅ စာ. ၁၆-၁၇

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

ဗေသနိရွာရှိ ရှိမုန်နေအိမ်ဝယ်

ယေရှုသည် ယေရိခေါမြို့မှထွက်ခွာ၍ ဗေသနိရွာသို့ဦးတည်တော်မူ၏။ တစ်နေ့တာနှင်ရသောခရီးဖြစ်ပါသည်။ ခက်ခဲသောနယ်မြေများကို တက်ဆင်းဖြတ်ကျော်ရသော ၁၂ မိုင်ခရီးဖြစ်ပါသည်။ ယေရိခေါသည် ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၈၂၀ ရှိပြီး ဗေသနိရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၅၀၀ တွင်ရှိသည်။ ဗေသနိရွာသည် လာဇရုနှင့်နှမများ၏ဇာတိမြေဖြစ်ကြောင်း သင်သတိရပေမည်။ ဤရွာငယ်လေးသည် ယေရုရှလင်မြို့မှ ၂ မိုင်ခန့်အကွာ သံလွင်တောင်၏အရှေ့ အနိမ့်ပိုင်းတွင်တည်ရှိသည်။

လူအတော်များများသည် ပသခါပွဲကျင်းပရန် ယေရုရှလင်မြို့သို့ရောက်နှင့်နေကြပြီ။ သူတို့သည် စောစီးစွာရောက်လာကြပြီး မိမိတို့ကိုယ်ကို ဝိနည်းထုံးစံအရ သန့်စင်အောင်ပြုလုပ်ကြသည်။ သူတို့သည် လူသေအလောင်းကို ထိတို့မိခြင်း သို့မဟုတ် မစင်ကြယ်မှုကိုဖြစ်စေသောအရာတစ်ခုခုကို ပြုလုပ်မိခဲ့ဖွယ်ရှိသည်။ ကြိုတင်ရောက်နှင့်နေသောသူတို့သည် ဗိမာန်တော်တွင်စုဝေးပြီး ပသခါပွဲသို့ ယေရှုလာမည်၊ မလာမည်နှင့်ပတ်သက်ပြီး သုံးသပ်ဆင်ခြင်ခန့်မှန်းနေကြသည်။

ယေရုရှလင်သည် ယေရှုနှင့်ပတ်သက်ပြီး အငြင်းပွားကန့်ကွက်ရာနေရာဖြစ်ပါသည်။ ဘာသာရေးခေါင်းဆောင်များသည် ယေရှုကိုဖမ်းဆီးပြီး အသေသတ်ပစ်ရန်အလိုရှိကြကြောင်း လူအများသိထားကြသည်။ ကိုယ်တော်ရှိတော်မူသည့်နေရာကိုသိပါက သူတို့ထံအကြောင်းကြားအသိပေးရန် လူတို့မှာကြားထားခြင်းခံရသည်။ မကြာသေးမီလများက ယင်းဘာသာရေးခေါင်းဆောင်တို့သည် တဲတော်ပွဲ၊ ဆက်ကပ်အပ်နှံပွဲနှင့် လာဇရုရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းအချိန်များ၌ ယေရှုကိုသုတ်သင်ရန် သုံးကြိမ်တိုင်ကြိုးပမ်းခဲ့ကြသည်။ ထိုကြောင့် လူအများက ယေရှုနောက်တစ်ဖန် ကိုယ်ကိုလာပြဦးမည်လောဟု တွေးတောကြသည်။ “အဘယ်သို့ထင်ကြသနည်း။” “သူသည် ပွဲသို့မလာသလော” ဟုအချင်းချင်းမေးမြန်းပြောဆိုကြသည်။

ထိုအခိုက်အတန့်၌ပင် ယေရှုသည် ဂျူးပြက္ခဒိန်အရ နိသန်လ ၁၄ ရက်တွင်ကျရောက်သည့် ပသခါပွဲမတိုင်မီ ခြောက်ရက်အလို၌ ဗေသနိရွာသို့ရောက်တော်မူသည်။ နိသန်လ ၈ ရက်နေ့၏တစ်နေ့တာစတင်သော သောကြာညနေပိုင်းတွင် ဗေသနိရွာသို့ ယေရှုရောက်ရှိတော်မူသည်။ ဗေသနိရွာမှဆက်၍ ခရီးမနှင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဥပုသ်နေ့တည်းဟူသော သောကြာညနေပိုင်းမှ စနေညနေပိုင်းထိ ခရီးမသွားရန် ဂျူးပညတ်က ကန့်သတ်တားမြစ်ထားသောကြောင့်ဖြစ်ပါသည်။ ယေရှုသည် ယခင်ပြုလုပ်နေကျအတိုင်း လာဇရုအိမ်သို့သွားရောက်ပြီး သောကြာညကိုအသုံးပြုခဲ့ဖွယ်ရှိသည်။

သို့သော် ဗေသနိရွာတွင်နေထိုင်သော အခြားသူတစ်ယောက်က ယေရှုနှင့်အပေါင်းအပါတို့အား သူ့အိမ်တွင်စနေနေ့ညနေစာသုံးဆောင်ရန် ဖိတ်ခေါ်သည်။ ယေရှု၏ကုသပေးမှုခံခဲ့ရသူတစ်ဦးဖြစ်ဖွယ်ရှိပြီး ယခင်ကလူနူတစ်ဦးဖြစ်ခဲ့ဖူးသူ ရှိမုန်ဖြစ်ပါသည်။ ယေရှုနှင့်အတူစားပွဲ၌လျောင်းသောသူတို့တွင် လာဇရုလည်းပါဝင်ပါသည်။ လုံ့လဝီရိယရှိသူတစ်ဦးဖြစ်သည့်အလျောက် မာသသည်ဧည့်သည်များကိုဧည့်ခံလုပ်ကျွေးနေသည်။ မာရိမူ တစ်မျိုးတစ်ဘာသာဖြစ်ပြီး ယေရှုကိုအာရုံစိုက်နေသည်။ အငြင်းပွားဖွယ်ကိစ္စတစ်ခုကိုလည်း ဖြစ်ပေါ်စေသည်။

မာရိသည် “နာဒုဆီမွှေးစစ်” တစ်ပေါင်ခန့်ထည့်ထားသော ကျောက်ဖြူဗူး သို့မဟုတ်ခရားငယ်တစ်လုံးကိုဖွင့်သည်။ အလွန်တန်ဖိုးကြီးသောဆီဖြစ်သည်။ မည်မျှတန်ဖိုးကြီးသနည်းဟူမူ တစ်နှစ်စာလုပ်အားခနှင့် ညီမျှသည်အထိဖြစ်သည်။ မာရိသည်ဆီမွှေးကို ယေရှု၏ခေါင်းတော်၊ ခြေတော်ပေါ်သို့သွန်းလောင်းပြီး ခြေတော်ကို မိမိဆံပင်ဖြင့် သုတ်လိမ်းနေစဉ် ဆီ၏အမွှေးရနံ့သည် တစ်အိမ်လုံးကို သင်းပျံ့သွားစေသည်။

တပည့်တော်တို့က “အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း” ဟုဒေါသဖြင့်မေးမြန်းကြသည်။ ထိုနောက်ယုဒရှကာရုတ်က “ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဖိုးနှင့် ရောင်း၍ ဆင်းရဲသောသူတို့အား အဘယ်ကြောင့်မပေးသနည်း” ဟုဆို၏။ သို့သော် ယုဒသည်ဆင်းရဲသောသူတို့အကျိုးကိုထောက်၍ ဆိုသည်မဟုတ်။ သူသည်တပည့်များထည့်ဝင်သောငွေအိတ်မှ ငွေများကို ခိုးယူတတ်၍ဖြစ်သည်။

ယေရှုသည် မာရိကိုကာကွယ်၍ပြောကြားသည်။ “ထိုမိန်းမကိုရှိစေတော့” ဟုမိန့်တော်မူသည်။ “ထိုမိန်းမကိုအဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည်ငါ၌ ကောင်းသောအမှုကိုပြုပြီ။ ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်။ ဤဆီမွှေးကို ငါကိုယ်ပေါ်၌သွန်းလောင်းသည်မှာ ငါ့အလောင်းကိုသင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာပြုသတည်း။ ငါအမှန်ဆိုသည်ကား ဧဝံဂေလိတရားကိုမြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောကြလတံ့ဟုမိန့်တော်မူ၏။”

ယေရှုသည် ဗေသနိရွာတွင်ရှိနေသည်မှာ ၂၄ နာရီထက်မက ကြာပြီဖြစ်ရာ သူရောက်ရှိနေပြီဟူသောသတင်း ပျံ့နှံ့သွားသည်။ ထိုကြောင့် လူအများတို့သည် ယေရှုအပြင်၊ လာဇရုကိုပါကြည့်ခြင်းငှာရောက်လာကြ၏။ ယဇ်ပုရောဟိတ်အကြီးတို့သည် ယေရှုအပြင်လာဇရုကိုပါ သတ်ခြင်းငှာ တိုင်ပင်စီရင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ပြန်လည်ထမြောက်အောင်ပြုလုပ်ခြင်းခံရသော လာဇရုကို အကြောင်းပြုပြီး လူအများယေရှုကို ယုံကြည်လာကြသောကြောင့်ဖြစ်ပါသည်။ မည်မျှဆိုးယုတ်သောဘာသာရေးခေါင်းဆောင်များပါတကား။ ယောဟန် ၁၁:၅၅–၁၂:၁၁။ မဿဲ ၂၆:၆-၁၃။ မာကု ၁၄:၃-၉။ တမန်တော် ၁:⁠၁၂။

◆ ယေရှုသည် ဗေသနိရွာသို့ အဘယ်အချိန်တွင်ရောက်ရှိပြီး အဘယ်နေရာတွင် ဥပုသ်နေ့ကို အသုံးပြုခဲ့ဖွယ်ရှိသနည်း။

◆ ဗိမာန်တော်တွင် အဘယ်အကြောင်းဆွေးနွေးနေကြသနည်း။ အဘယ်ကြောင့်နည်း။

◆ မာရိ၏အဘယ်အပြုအမူက အငြင်းပွားဖွယ်ကိစ္စပေါ်စေပြီး သူမဘက်မှ ယေရှုမည်သို့ကာကွယ်ပြောကြားသနည်း။

◆ ယဇ်ပုရောဟိတ်အကြီးတို့၏ ဆိုးယုတ်မှုကြီးကို အဘယ်အရာကဖေါ်ပြသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ