ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၄/၁၅ စာ. ၂၉
  • အလင်းနှင့်မေတ္တာ၌ အမြဲကျင်လည်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလင်းနှင့်မေတ္တာ၌ အမြဲကျင်လည်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘အလင်း၌ကျင်လည်နေ’
  • ဘုရားသခင်၏သားများ ချစ်ခြင်းမေတ္တာတင်ပြ
  • ယုံကြည်ခြင်းသည် ‘လောကကိုအောင်’
  • “အလင်းတော်သည် ဤလောကသို့ ရောက်ရှိလာ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယောဟန်နှင့် ယုဒစာတို့မှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၄/၁၅ စာ. ၂၉

အလင်းနှင့်မေတ္တာ၌ အမြဲကျင်လည်ခြင်း

ယောဟန်သြဝါဒစာပထမစောင်မှ ပေါ်လွင်ချက်များ

ဘုရားသခင်ယေဟောဝါသည် အလင်းနှင့်ချစ်ခြင်းမေတ္တာ၏ဇာစ်မြစ်ဖြစ်သည်။ ဝိညာဏအလင်းရရန် ဘုရားသခင်ကိုမြော်ကိုးရမည်။ (ဆာလံ ၄၃:၃) မေတ္တာသည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်အသီးတစ်လုံးဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃။

စီအီး ၉၈ ခန့်ကဧဖက်မြို့ သို့မဟုတ်အနီးအနားတွင် ရေးသားပုံရှိသည့် ယောဟန်၏ပထမမှုတ်သွင်းခံစာစောင်တွင် အလင်းတရား၊ ချစ်ခြင်းမေတ္တာနှင့်အခြားကိစ္စများကို ဆွေးနွေးထားသည်။ ရေးသားခဲ့ရသည့် အဓိကအကြောင်းမှာ ခရစ်ယာန်များအား ဖောက်ပြန်ခြင်းမှကာကွယ်ပေးပြီး အလင်း၌အမြဲကျင်လည်နေရန်အတွက်ဖြစ်သည်။ ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်း၊ သမ္မာတရားအပေါ်သစ္စာရှိခြင်းနှင့်ပတ်သက်၍ စိန်ခေါ်ချက်များရင်ဆိုင်နေရကြရာ ဤစာစောင်ကိုသုံးသပ်လေ့လာခြင်းသည် ကျွန်ုပ်တို့အားအမှန်အကျိုးပြုပေမည်။

‘အလင်း၌ကျင်လည်နေ’

ခရစ်ယာန်များသည် ဝိညာဏအလင်း၌ကျင်လည်ရမည်ဟု ယောဟန်ရှင်းလင်းစွာဖေါ်ပြသည်။ (၁ယော ၁:၁–၂:၂၉) သူက “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌မှောင်မိုက် [နှင့်ဆိုင်သောမကောင်းမှု၊ သီလယိုယွင်းမှု၊ မမှန်ကန်ရာ၊ သို့မဟုတ် မသန့်ရှင်းရာ] အလျှင်းမရှိ။” ဝိညာဉ်တော်ဖြင့်ဘိသိက်ခံရသောခရစ်ယာန်များသည် ‘အလင်း၌ကျင်လည်’ ကြသောကြောင့် သူတို့သည် ဘုရားသခင်၊ ခရစ်တော်နှင့် အချင်းချင်းတို့နှင့် “မိတ်သဟာယဖွဲ့” ကြသည်။ ယေရှု၏အသွေးအားဖြင့် အပြစ်မှလည်းသူတို့သန့်စင်ခံရကြပြီ။

ကောင်းကင်မျှော်လင့်ချက်ရှိ ဘိသိက်ခံခရစ်ယာန်များဖြစ်စေ၊ ကမ္ဘာပေါ်ထာဝရအသက်ရရန် မျှော်လင့်နေသူပဲဖြစ်စေ လောကကိုမဟုတ်ဘဲ ညီအစ်ကိုများကိုချစ်မှသာလျှင် ယေရှု၏ယဇ်သက္ကာမှ ကျွန်ုပ်တို့အကျိုးဆက်ခံစားရမည်။ ခမည်းတော်နှင့်သားတော်ကိုငြင်းပယ်သော “အန္တိခရစ်” ကဲ့သို့သောဖောက်ပြန်သူများ၏သြဇာကိုလည်း ရှောင်ကြဉ်ရမည်။ သမ္မာတရားကိုဆုပ်ကိုင်၍ ဖြောင့်မတ်ခြင်းတရားကိုကျင့်သူများသာ ထာဝရအသက်ရကြမည်အကြောင်း ဘယ်သောအခါမျှမမေ့လျော့ကြစို့။

ဘုရားသခင်၏သားများ ချစ်ခြင်းမေတ္တာတင်ပြ

ထိုနောက် ဘုရားသခင်၏သားများသည် မည်သူမည်ဝါဖြစ်ကြောင်း ယောဟန်တင်ပြသည်။ (၃:၁–၄:၂၁) သေချာသောအရာတစ်ခုကား သူတို့သည် ဖြောင့်မတ်ရာကိုပြုလုပ်ကြသည်။ “သားတော်ယေရှုခရစ်ကိုယုံကြည်ရမည်။ . . . အချင်းချင်းချစ်ရမည်” ဟူသောယေဟောဝါဘုရားသခင်၏ပညတ်တော်ကိုလည်း သူတို့နာခံကြသည်။

“ဘုရားသခင်ကိုသိသောသူ” သည် ယေဟောဝါ၏ရည်ရွယ်ချက်များနှင့် ကိုယ်တော်မည်သို့မေတ္တာပြကြောင်းကိုသိသည်။ ယင်းက ထိုသူအားမေတ္တာပြရန် အထောက်အကူဖြစ်သင့်သည်။ အမှန်မှာ “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” “ငါတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ သားတော်ကိုစေလွှတ်တော်မူ” ခြင်းဖြင့် ဘုရားသခင်သည် မြင့်မြတ်သောချစ်ခြင်းမေတ္တာကို တင်ပြတော်မူခဲ့သည်။ ယေဟောဝါသည် ထိုအထိပင် ကျွန်ုပ်တို့အားချစ်တော်မူလျှင် အချင်းချင်းချစ်ကြရန်တာဝန် ကျွန်ုပ်တို့၌ရှိသည်။ မှန်ပေသည်၊ ဘုရားသခင်ကိုချစ်သည်ဟုဆိုသူသည် မိမိ၏ဝိညာဏညီအစ်ကိုကိုလည်း ချစ်ရမည်။

ယုံကြည်ခြင်းသည် ‘လောကကိုအောင်’

ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ပညတ်တော်များကိုနာခံရန် ဘုရားသခင်၏သားများအား လှုံ့ဆော်ပေးသည်။ သို့သော် သူတို့ ‘လောကကိုအောင်’ နိုင်ကြသည်ကား ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ (၅:၁-၂၁) ဘုရားသခင်၊ ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့်ကိုယ်တော်၏သားတော်ကို ကျွန်ုပ်တို့ယုံကြည်ခြင်းကား လောက၏အတွေးအခေါ်နှင့်လမ်းစဉ်မှားများကိုငြင်းပယ်ကာ ယေဟောဝါ၏ပညတ်တော်များကို လိုက်လျှောက်ခြင်းအားဖြင့် ‘လောကကိုအောင်’ နိုင်ရန်ခွန်အားပေးသည်။ ‘လောကကိုအောင်နိုင်သူတို့’ အားဘုရားသခင်သည် ထာဝရအသက်ရရန် မျှော်လင့်ချက်ရှိစေပြီး ကိုယ်တော်၏အလိုတော်နှင့်ညီညွတ်သော သူတို့၏ဆုတောင်းချက်များကို နားညောင်းတော်မူသည်။ “ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူသည်” အပြစ်ကိုကျင့်နေမည်မဟုတ်သဖြင့် စာတန်သည် ဤသို့သောသူကိုမထိမခိုက်နိုင်ပါ။ သို့သော် ဘိသိက်ခံများနှင့် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသူ ယေဟောဝါ၏ကျေးကျွန်များသတိရသင့်သည်ကား “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြ” ခြင်းဖြစ်သည်။

[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အပြစ်ဖြေစရာယဇ်သက္ကာ။ ယေရှုသည် “ငါတို့ [ဘိသိက်ခံနောက်လိုက်များ] ၏အပြစ်မက လောကီသားအပေါင်းတို့၏အပြစ်ဖြေရာအကြောင်းဖြစ်တော်မူ၏။ (၁ ယောဟန် ၂:၂) ကိုယ်တော်၏သေခြင်းသည် “အပြစ်ဖြေစရာ” (ဂရိ၊ ဟီလာစမော့စ်၊ “ဖြေဖျောက်စေသည့်အရာ၊” “အပြစ်ဖြေရာ” ကိုတင်စား) ဖြစ်သော်လည်း ဘုရားသခင်၏စိတ်ထိခိုက်မှုကို ဖြေသိမ့်ပေးခြင်းငှာအတွက် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ယေရှု၏ယဇ်သက္ကာသည် စုံလင်သောမြင့်မြတ်သည့်တရားမျှတခြင်း၏ တောင်းခံချက်များကို ဖြေဖျောက်စေသည်၊ သို့မဟုတ် ကျေနပ်မှုရှိစေသည်။ မည်သို့အားဖြင့်နည်း။ အပြစ်လွှတ်ခြင်းငှာ ဖြောင့်မတ်၍တရားမျှတသောအခြေခံကို ပေးခြင်းအားဖြင့်ဖြစ်သည်။ ဤနည်းဖြင့် ‘ယေရှုကိုယုံကြည်သော [မွေးရာပါအပြစ်သားဖြစ်] သူတို့အားဖြောင့်မတ်သည်ဟုထင်ရှားစဉ် [ဘုရားသခင်၏] ဖြောင့်မတ်တော်မူခြင်း ထင်ရှားသတည်း။’ (ရောမ ၃:၂၃–၂၆၊ ၅:၁၂) လူသား၏အပြစ်များကို လုံးဝဖြေလွှတ်နိုင်သောနည်းကို ပေးခြင်းအားဖြင့် ယေရှု၏ယဇ်ပူဇော်သက္ကာသည် လူသားတို့ ယေဟောဝါရှင်နှင့်ပြန်သင့်တင့်ခွင့်ရရှိရန် အပြစ်ဖြေရာ သို့မဟုတ် အခွင့်သာစေပါသည်။ (ဧဖက် ၁:၇။ ဟေဗြဲ ၂:၁၇) ယင်းအတွက် ကျွန်ုပ်တို့အားလုံး ကျေးဇူးကြီးလှသည်တကား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ