ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁/၁၅ စာ. ၃၀-၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ကိုယ်ရေနဲ့ အိမ်ထောင်သည်တွေအတွက် ပညာရှိလမ်းညွှန်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သင့်တစ်ကိုယ်ရေဘဝကို ပညာရှိစွာ အသုံးချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • စီးပွားရေးကျပ်တည်းသော အချိန်များတွင် တစ်ကိုယ်ရေနေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါ၏အမှုတော်တွင် တစ်ကိုယ်ရေဘဝနှင့် အားရကျေနပ်နေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁/၁၅ စာ. ၃၀-၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ခရစ်ယာန်တစ်ဦးသည် သင့်တော်သောအိမ်ထောင်ဖက်ကို ရှာမတွေ့ပါက သူသို့မဟုတ်သူမသည် ဘာလုပ်နိုင်သနည်း။

ကျွန်ုပ်တို့သည် အပ်နှံထားသည့်ခရစ်ယာန်များဖြစ်လင့်ကစား ကျွန်ုပ်တို့စိတ်အားထက်သန်စွာမျှော်လင့်သောအရာသည် အကောင်အထည်ပေါ်မလာသောအခါ စိတ်ဓာတ်ကျဆင်းရမြဲဖြစ်ပေမည်။ ကျွန်ုပ်တို့၏ခံစားချက်သည် “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကိုပူပန်စေတတ်၏” ဟု သု၊ ၁၃:၁၂ တွင် ဖော်ပြထားသည့်အတိုင်းပင်ဖြစ်ပေမည်။ အိမ်ထောင်ပြုရန်ဆန္ဒရှိသော်လည်း သင့်တော်သောအိမ်ထောင်ဖက်ရှာမတွေ့သည့်ခရစ်ယာန်များအတွက် ထိုအတိုင်းပင်ခံစားကြရပေမည်။ တမန်တော်ပေါလုဖော်ပြသော “စိတ်ပူလောင်ခြင်း” ရှိသူများတွင် အထူးသဖြင့် ထိုသို့ပင်ဖြစ်ကြသည်။—၁ ကောရိန္သု ၇:၉၊ သက။

လိင်ခြားသူများထဲမှ စစ်မှန်သောအဖော်အဖက်တစ်ဦးရှာတွေ့လိုသည့်ဆန္ဒကို လူသားများအားလုံးထဲတွင် ယေဟောဝါထည့်ထားပေးခဲ့သည်။ ထို့ကြောင့် တစ်ကိုယ်ရေခရစ်ယာန်များ ထိုစိတ်ဆန္ဒပြင်းပြထက်သန်ခြင်းသည် အံ့သြဖွယ်ရာမဟုတ်ပါ။ (ကမ္ဘာဦး ၂:၁၈) အိမ်ထောင်ပြုခြင်း (သို့မဟုတ် အသက်အရွယ်တစ်ခုခုရောက်လျှင် အိမ်ထောင်ပြုခြင်း) ကိုအသားပေးသော ထုံးတမ်းဓလေ့ရှိအသိုင်းအဝိုင်းတွင် သို့မဟုတ် ပျော်ရွှင်သောအိမ်ထောင်သည်စုံတွဲများရှိရာအသင်းတော်တွင် တစ်ကိုယ်ရေခရစ်ယာန်များသည် ဤပုံမှန်ခံစားချက်၏ဖိအားပေးလှုံ့ဆော်မှုကို ခံရတတ်သည်။ မည်သို့ဆိုစေ အချိန်ကြာရှည်စွာစိတ်ပူပန်မှုကို ခွင့်မပြုထားသင့်ပါ။ ထို့ကြောင့် သဘောရိုးခရစ်ယာန်များသည် အလွန်အမင်းစိတ်ပူပန်ခြင်းဖြစ်မလာဘဲနှင့် အခြေအနေကိုမည်သို့ရင်ဆိုင်ဖြေရှင်းမည်နည်း။

ယင်းသည် မလွယ်ကူပါ။ အခြားသူများကလည်း ဤကိစ္စကို ပုံကြီးချဲ့ခြင်းသက်သက်ကဲ့သို့ သို့မဟုတ် ဖြစ်ရိုးဖြစ်စဉ်အဆင်မပြေမှုသဘောမျိုးဖြင့် မကိုင်တွယ်သင့်ပေ။ သို့သော် အများအားဖြင့် ပြဿနာကိုဖြေရှင်းနိုင်သည့် သို့မဟုတ် အခြေအနေကိုပြေလည်စေနိုင်သည့်အရည်အချင်းမှာ တစ်ကိုယ်ရေသမား၏လုပ်ဆောင်နိုင်မှုများပေါ်တွင် မူတည်သည်။

သမ္မာကျမ်းစာ၏ ဤလက်တွေ့ကျစည်းမျဉ်းမူမှ သော့ချက်တစ်ခုကို ကျွန်ုပ်တို့ရကြသည်။ “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။” (တမန်တော် ၂၀:၃၅၊ ကဘ) ယင်းကို တစ်ကိုယ်ရေသမားယေရှုခရစ်ပြောခဲ့ပြီး ယင်းသို့ပြောဆိုနိုင်သည့်အနေအထားတွင်လည်းရှိခဲ့သည်။ သူတစ်ပါးအတွက် ကိုယ်ကျိုးမဖက်သည့်သဘောဖြင့်အကျိုးဆောင်ပေးခြင်းသည် ကျွန်ုပ်တို့မှမည်သူကိုမဆို မျှော်လင့်ချက်ဖင့်နွှဲရသောအခါကြုံရသည့်ခံစားချက်များကို ကျော်လွှားနိုင်ရန်အကူအညီပေးမည့် ဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်။ ယင်းသည် တစ်ကိုယ်ရေခရစ်ယာန်တစ်ဦးအတွက် မည်သည့်အဓိပ္ပာယ်သက်ရောက်သနည်း။

သင့်မိသားစုနှင့်အသင်းတော်ရှိအခြားသူများအား ကြင်နာမှုပါသည့်လုပ်ရပ်ကို လုပ်ဆောင်ရန်ကြိုးစားပြီး ဓမ္မအမှုဆောင်ခြင်းတွင် တိုးတက်ပါဝင်ပါ။ “အလုပ်သာများနေ၊ အိမ်ထောင်ပြုချင်တာမေ့သွားမယ်” ဟူသောအကြံပြုချက်သည် ဆိုရိုးစကားသက်သက်မျှမဟုတ်ပါ။ အကျိုးဖြစ်ထွန်းသော ဤခရစ်ယာန်လုပ်ငန်းများတွင် အလုပ်များနေခြင်းအားဖြင့် ‘သင့်စိတ်နှလုံးတည်ကြည်ခြင်းရှိ၍ ကိုယ်စိတ်အလိုကိုချုပ်တည်းနိုင်’ သဖြင့် သင့်လက်ရှိအခြေအနေကို အကျိုးရှိသည့်နည်းလမ်းဖြင့် အသုံးပြုနိုင်ပေမည်။—၁ ကောရိန္သု ၇:၃၇။

အလွန်အမင်းအိမ်ထောင်ပြုလိုသူအချို့တို့သည် ယင်းဆန္ဒ၌ပင်အရူးအမူးအချိန်ကုန်ခံကြသည်။ အိမ်ထောင်ဖက်အလိုရှိကြောင်း သတင်းစာတွင်ထည့်ကြော်ငြာလာသည့်အထိ လွန်လာကြသည်။ သို့သော်လည်း တစ်ကိုယ်ရေဘဝမှရရှိနိုင်သည့်အရာများအား လေးမြတ်တန်ဖိုးထားခြင်းကို ပိုမိုအာရုံစိုက်ခြင်းက မည်မျှသာ၍ကောင်းလေစွတကား။—၁၉၈၈ ခု၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် ပါ “တစ်ကိုယ်ရေတစ်ကာယဖြစ်သော်လည်း ဘုရားလုပ်ငန်းအတွက်လိုလေသေးမရှိ” နှင့် “လူလွတ်ဖြစ်ခြင်း—အကျိုးပေးဘဝပုံစံဖြစ်” ဆောင်းပါးများနှင့် ၁၉၉၂ ခု၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် ပါ “အိမ်ထောင်မင်္ဂလာသည် ပျော်ရွှင်မှု၏တစ်ခုတည်းသောသော့ချက်လော” ဆောင်းပါးများကိုကြည့်ပါ။

တစ်ကိုယ်ရေဘဝတွင် စွဲမြဲနေနိုင်ရန်အကူအညီကို ယေဟောဝါထံဆုတောင်းပါ။ (ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) မိမိတို့၏အချိန်များကိုဘုရားသခင့်နှုတ်ကပါဌ်တော်လေ့လာခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်းတွင်အသုံးပြုခြင်း၊ ခရစ်ယာန်အစည်းအဝေးများကိုတက်ရောက်၍ ပါဝင်ခြင်းအားဖြင့် မိမိနောက်တော်လိုက်များအားယေရှုပေးခဲ့သည့်ကတိတော်အတိုင်း ထပ်ဆင့်၍ ‘သူတို့၏စိတ်နှလုံးသက်သာခြင်းရ’ ကြောင်း တစ်ကိုယ်ရေခရစ်ယာန်များစွာတို့ ကြုံတွေ့ခဲ့ကြရပြီ။ (မဿဲ ၁၁:၂၈-၃၀) ယင်းက အချိန်တန်၍ သင့်တော်သောအိမ်ထောင်ဖက်ကို ရှာတွေ့သောအခါ သာ၍ကောင်းသောလင်ယောက်ျားများ၊ ဇနီးသည်များဖြစ်စေခြင်းငှာ ဝိညာဏအရည်အသွေးများတိုးပွားရန် အကူအညီပေးသည်။

မိမိကိုဝတ်ပြုနေသည့် တစ်ကိုယ်ရေသမားများ၏အခြေအနေကို ယေဟောဝါနားလည်ကြောင်း ဘယ်တော့မျှမမေ့ပါနှင့်။ သင့်လက်ရှိအခြေအနေသည် သာ၍ကောင်းမွန်သည်ဟုသင်မယူမှတ်ကြောင်း ကိုယ်တော်သိတော်မူသည်။ သင့်အတွက် ဝိညာဉ်ရေးကောစိတ်ပိုင်းအရပါ ထာဝရကောင်းကျိုးဖြစ်ထွန်းစေမည့်အရာကိုလည်း ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သတိထားမိပေသည်။ သို့နှင့် နေ့စဉ်အသက်တာတွင် ယေဟောဝါအား စိတ်ရှည်စွာစောင့်မျှော်ခြင်းနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်စည်းမျဉ်းများကိုကျင့်သုံးခြင်းအားဖြင့် သင့်ထာဝရကောင်းကျိုးအတွက် အရေးအကြီးဆုံးလိုအပ်သောအရာကို ကိုယ်တော်ဖြည့်စွက်ပေးမည်ဖြစ်ကြောင်း သင်စိတ်ချနိုင်ပေသည်။—ဆာလံ ၁၄၅:၁၆ နှိုင်းယှဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ